Skip to content

An Abiding Branch

ဩဝါဒ အလွဲများ

“အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။”(၂ တိ ၄ : ၃ – ၄) ဩဝါဒ အလွဲများ   သြဝါဒ မကောင်းဘူး ဆိုတဲ့ သြဝါဒတွေနဲ့ ငါတို့တွေ ကောင်းကောင်း… Read More »ဩဝါဒ အလွဲများ

လူ

      လူ   ယာယီကို ထာဝရမှတ်လို့ရှင်သန်ရာ ခေတ္တစခန်းထဲယစ်မူးနေခဲ့ အနတ္တတွေ…။ အဖြူကို ဖြူမှန်းသိလည်းမလွန်ဆန်နိုင် ဇာတိတရားအောက်ငါတို့တွေ ဆက်ပြီးတော့ မည်း…။ ထူးမလာ ဒီဘဝထဲရှင်လျှက်နဲ့ အသက်မဲ့နေခဲ့ကုသိုလ်တစ်ပဲ ငရဲကတစ်ပိဿာ…။ ဟန်ဆောင်ကာ ဘာသာတရားထဲအရောင်ခြယ် ခုတုံးလုပ်လည်းသေချာတယ်မိတ်ဆွေလူဆိုတာမျိုးက ငရဲ…။ ရော​မဩဝါဒစာ 3:10‭-‬16‭, ‬18 BJB ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊… Read More »လူ

ဆူးဟုထင်ရသော ကျေးဇူးတော်တရား

သခင်မပါပဲ လူ့ဘဝကြီးဟာအသက်ရှင်ဖို့ မဖြစ်နိုင်ဘူး၊ အဓိပ္ပာယ် မရှိဘူး ဆိုတာကို သိပြီးသခင့်ကိုပဲ အစဉ်အားကိုးကာ အသက်ရှင်တတ်ဖို့ဘဝမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့သခင်ပြင်ဆင်ရာ ဆူးလေးတွေကနှလုံးသားမှာ ဒဏ်ရာတွေဖြစ်စေပါသော်လည်းဝိညာဉ်အသက်တာကိုတော့သခင်နဲ့ နီးသည်ထက်နီးအောင် သွန်သင်ပေးနေတော့… ရှင်ပေါလုကို သခင် မိန့်တော်မူတဲ့“ငါ့ကျေးဇူးသည် သင့်အတွက် လုံလောက်ပေ၏” ဆိုတဲ့ စကားတော်ကို ကျွန်တော် နားလည်ပါပြီ။ #λόγος #thyLogos #in_grace_i_found_my_strength #ဆူးဟုထင်ရသော_ကျေးဇူးတော်တရား ၂ ကော ၁၂… Read More »ဆူးဟုထင်ရသော ကျေးဇူးတော်တရား

အခင့်အလိုတော်က ဇာတိလူကိုသတ်တယ်

သခင် စိတ်ကျေနပ်ပါ့မလား ဆိုတာ မတွေးပဲ ကိုယ်စိတ်ကျေနပ်နေတာနဲ့တင် ဘုရားသခင်ရဲ့ အလိုတော်လို့ တကျော်ကျော် ပြောနေတဲ့ သူက ခင်ဗျား နဲ့ ကျွန်တော်များ ဖြစ်နေမလား။ သခင့်အလိုတော်က ဇာတိယစ်မူးပျော်မွှေ့ခြင်း နဲ့ အတ္တဆန်တဲ့ ဆန္ဒတွေကနေ လွတ်မြောက်ဖို့ ဆိုတော့ အလိုတော်လမ်းဟာ အမြဲတမ်း ဇာတိသဘောအတွက် ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ခါးသီးစရာတွေ ဖြစ်နေတတ်တယ်ဆိုတာကို မသိတဲ့သူက ခင်ဗျား… Read More »အခင့်အလိုတော်က ဇာတိလူကိုသတ်တယ်

ယေရှုသခင်

ယေရှုသခင်   အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ဘုန်းစည်းစိမ်တွေ ချန်ကာရစ်လို့လူဇာတိကို ခံယူခဲ့တဲ့ သခင်…။ အရာခပ်သိမ်း အစိုးရလျှက်တိတ်တိတ်တဆိတ် ကားတိုင်ထက်သို့နိမ့်ချစွာနဲ့ လျှောက်လှမ်းသွားတဲ့သခင်…။ လူတကာရဲ့သခင်ဖြစ်လည်လူအပေါင်းရဲ့ပြစ်တင်မှုခံဖခမည်းတော့်အလိုတော်ကိုနှိမ့်ချစွာနဲ့ပြည့်စုံစေခဲ့တဲ့ သခင်…။ ဘုရားနဲ့လူကြား ကြွေးကျန်အပြစ်အသက်ကိုနှင်း ပေးဆပ်ခဲ့ကာသခင်သည်သာ လူတိုင်းအတွက်တခုတည်းသော အာမခံ…။ တစ်လောကလုံး စီရင်ပိုင်ခွင့်ရှိနေနှင့်လည်း နောင်တတရားနဲ့သင့်အပြန်လမ်းကို စောင့်နေတာလည်းမေတ္တာပိုင်ရှင် ထိုသခင်ပင်…။ အစိုးရခြင်းအလုံးစုံနဲ့ကောင်းကင်တမန် ဝိုင်းကာရံလို့ဒုတိယမ္ပိ ကြွမည်ဧကန်သခင်ယေရှုကြွတော်မူပါ…။

ဗေရိမြို့သားများကဲ့သို့

တမန်တော် ၁၇း၁၁ ဘုရားရှေ့ ထူးမြတ်တယ်ဆိုတာက ဒီကျမ်းပိုဒ်မှာ ဗေရိမြို့သားတွေဟာ သက်သာလောနိတ် မြို့သားတွေထက် ထူးမြတ်တယ်လို့ ပြောထားတယ်။ ဘာတွေထူးမြတ်နေလို့လဲ။ “အလွန်ကြည်ညိုသော” ဆိုတာက နှုတ်ကပတ်တော်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ “လေးစားတန်ဖိုးထားမှု” ကို တွေ့နိုင်တယ်။ “စေတနာစိတ်” ဆိုတာက နှုတ်ကပတ်တော်အပေါ် ထားရှိတဲ့ သူတို့ရဲ့ “လိုချင်သော … ဆန္ဒကြီးသော … စာငတ်‌သော သဘော”… Read More »ဗေရိမြို့သားများကဲ့သို့

ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။ သုတ္တံကျမ်း။ 6:9‭-‬11 BJB ငပျင်း ဆိုတာ နာမည်ကသာ ကြားမကောင်းတာ ဇိမ်တော့ ရှိသားဆိုပြီး အပြောတွေ… Read More »ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

“ငါတို့” ဆိုတဲ့ ဘုရားများ

“ငါတို့” ဆိုတဲ့ ဘုရားများ သခင့်အလိုတော်ထက် သခင့်တန်ခိုးတော်ကို လိုချင်နေတဲ့ ငါတို့ သခင်အတူပါရှိခြင်းထက် သခင့် ကောင်းကြီးတွေကို လောဘ‌ဇောကပ်နေတဲ့ ငါတို့ သခင့်ထံသစ္စာရှိခြင်းထက် သခင့်ကို ကြွယ်၀ခြင်းဆိုတဲ့ အသပြာနဲ့ လှည့်စားလိုတဲ့ ငါတို့ သခင့်စကားနားထောင်ခြင်းထက် ကိုယ့်စကားကို သခင်နားထောင်ပါစေ ဆိုတဲ့ ငါတို့ သခင်စေရာ နာခံခြင်းထက် ကိုယ်စေရာ သခင် နာခံဖို့ အတ္တကြီးနေကြတဲ့ ငါတို့… Read More »“ငါတို့” ဆိုတဲ့ ဘုရားများ

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ

ကျမ်းစာနဲ့ပတ်သက်လို့ လူအများစုက ဘုရားတရားနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတယ်။ ကျမ်းစာက ဘာသာရေးကျမ်းသက်သက်ဆိုပြီး ခေါက်ထားတဲ့သူတွေက မနည်းဘူး။ ကျမ်းစာက ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီး ပိုင်သတော်မူတဲ့ ဘုရားသခင်ရဲ့ ကျမ်းစာ (သမ္မာတရား) ဆိုတာကို ဘာမှမထင်ကြဘူး.. ကျမ်းစာက အရာခပ်သိမ်းတို့ရဲ့ အဖြေဖြစ်တယ်ဆိုတာ အရာခပ်သိမ်းကိုယ်၌ သက်သေဖြစ်နေပေမယ့် ယနေ့ ကျွန်တော်တို့ လူသားတွေက သတိမမူတော့ ဂူမမြင်ဆိုလိုပဲ ပညာမဲ့နေကြတယ် …အခုဒီကျမ်းပိုဒ်လေးထဲမှာလည်း… Read More »ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ