Skip to content

An Abiding Branch

သမ္မာတရားအထက် မည်သူမျှ မရှိရ

အရင်ဆုံး ကျွန်တော်အနေနဲ့ နိုင်ငံရေးလည်း မပြောချင်သလို၊ ပုဂ္ဂိုလ်ရေးလည်း မပြောချင်ပါဘူး … ကျွန်တော် ဦးတည်ပြီး ပြောသွားမှာက သမ္မာတရားအကြောင်း အရာပဲ (အထူးသဖြင့် ခရစ်ယာန်တွေအတွက်) ဖြစ်တယ် ဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်က သမ္မာတရား ပြောပြီဆိုရင်လည်း နိုင်ငံရေးပဲဖြစ်ဖြစ် – ပုဂ္ဂိုလ်ရေးပဲ ဖြစ်ဖြစ် မသမ္မာမှု ပါလာရင်တော့ ဆက်စပ်ပြီး ထည့်ပြောရတာလည်း ရှိတယ်ဆိုတာကို… Read More »သမ္မာတရားအထက် မည်သူမျှ မရှိရ

ကိုယ့်ကားတိုင် ကိုယ်ထမ်းပါ

ယာယီကိုသာကြည့်ရင် ငွေတစ်ခုတည်း ပတ်ရှာပြီပေါ့။ ယာယီကိုသာကြည့်ရင် ဂုဏ်တစ်ခုတည်း ပတ်ရှာပြီပေါ့။ ယာယီကိုသာကြည့်ရင် အပျော်တစ်ခုတည်း ပတ်ရှာပြီပေါ့။ ယာယီကိုသာကြည့်ရင် စိတ်အလို တစ်ခုတည်း ပတ်ရှာပြီပေါ့။ ယာယီကိုသာကြည့်ရင် ရာထူးတစ်ခုတည်း ပတ်ရှာပြီပေါ့။ သို့သော် ယာယီက ယာယီမို့လို့ ယာယီကို ယာယီမှတ်ကာ အရာရာကို ထာဝရအရာအတွက် ကားတိုင်ကိုထမ်း သခင့်နောက် ဆက်လိုက်နေပါတယ်။

သမ္မာတရားဘက်တော်သား

ဘုရားသခင်ရဲ့ သမ္မာတရားအတိုင်း မသွား/မသွန်သင်တဲ့အခါ သွားပြီးတော့ မပြောနဲ့/မထောက်ပြနဲ့ ဆိုတာက သမ္မာတရားဘက်တော်သားမဟုတ်။ဒီလူတွေဟာ …အထူးသဖြင့် ဘုရားသခင်ထက် လူကို ပိုအားနာနေလို့ ဖြစ်နိုင်သလို၊သမ္မာတရားထက် အသီးအပွင့်လို့ထင်ရတဲ့ ယာယီ အောင်မြင်မှုတွေကို မထိပါးလိုလို့ဖြစ်မယ်။တစ်ချို့ကျတော့လည်း ဘုရားသခင်ရဲ့ သမ္မာတရားကို စွဲလမ်းတာထက် စိတ်ကိုဖမ်းစား ဇာတိသဘောကို ကျေနပ်နိုင်စေတဲ့ လူပုဂ္ဂိုလ်ကို တွယ်တာနေလို့ဖြစ်မယ်။တစ်ချို့ကလည်း စီရင်တာ ဘုရားမကြိုက်ဘူးဆိုပြီး လွဲမှားနေတာကို မျက်နှာလွဲ မသိသလို မေတ္တာထားရမယ်ဆိုတဲ့… Read More »သမ္မာတရားဘက်တော်သား

ဆင်ခြင်ကာ ပြင်ဆင်နိုင်ပါစေ

ကျွန်တော်တို့ နိုင်ငံမှာရယ်လို့ မဟုတ်ပါဘူး နိုင်ငံတကာမှာ ခရစ်ယာန်ဂိုဏ်းဂဏတွေ၊ အဖွဲ့အစည်းတွေမှာ မတူညီ ကွဲပြားတဲ့ သွန်သင်ချက်၊ ကျင့်သုံးချက်တွေ များစွာ ရှိနေပါတယ်။ ဒီလို ကွဲပြားချက်တွေဟာ အခုခေတ်အချိန်အခါမှ သြဝါဒကွဲတွေ ရှိလာတာမဟုတ်ပါဘူး … ကမ္ဘာဦးကတည်းကနေ ခေတ်အဆက်ဆက် သွန်သင်မှုတွေ ကွဲပြားခဲ့ကြတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရန်သူတော် စာတန်ကိုလည်း မထည့်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံး… Read More »ဆင်ခြင်ကာ ပြင်ဆင်နိုင်ပါစေ

Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

ကျွန်တော်တို့အများစုက ဘုရားသခင် အကြောင်းပြောကြတဲ့အခါမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်အကြောင်းအရာပဲ ပြောဖြစ်လေ့ ရှိကြတယ်။ ဘုရားလို့ ပြောလိုက်ရင်လည်း သူက တန်ခိုးတော်ရှင် အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ဘာမဆို လုပ်ပေးနိုင်တယ်၊ အကုန်လုံးပေါ်မှာ အစိုးရတယ် ဆိုတာပဲ ကြားချင်ကြတယ်။ နောက်တစ်ခုရှိသေးတာက – “ဘုရား” တကြတဲ့အခါမှာပဲ ကြည့်လိုက် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းမရှိတော့တဲ့အခါမှာ လုပ်ဆောင်ပေးမယ့်သူ (လုပ်ဆောင်ပေးနိုင်သူ) ဘုရားသခင်ကိုပဲ တကြတာများတယ်ဆိုတာ… Read More »Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

Stay home and Wash your mind

အခု လက်ရှိဖြစ်နေတဲ့ Covid-19 ကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း ကူးစက်မှုတွေရှိလာတာနဲ့အမျှ အစိုးရက အတတ်နိုင်ဆုံး (ကိုယ့်နိုင်ငံ Level နဲ့အညီ) ကြိုးစား ဖြေရှင်းနေကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ နဲ့ အခြားအဖွဲ့အစည်းများအားလုံးလည်း ပြည်သူတွေနဲ့အတူ Covid-19 ကို ဝိုင်းဝန်းတိုက်ခိုက်နေကြပါတယ် (ဝိုင်းဝန်းတိုက်ခိုက်ရမယ့် အချိန်လည်းဟုတ်တယ်)။ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နိုင်ငံသားတိုင်း (ဘယ်ဘာသာမဆို)… Read More »Stay home and Wash your mind

သန့်ရှင်းသော ချစ်သူများနေ့

ချစ်ကြိုက်ကာ မေတ္တာမျှကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ မေတ္တာဟူသည်မှာ အလွန်လှပသောအရာပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်ခါတွင် ထိုမေတ္တာဟူသည်ကို တလွဲအနက်ဖွင့်လာကြသည်။ ယုံကြည်သူများသည်လည်း လွဲမှားစွာ နားလည်ကာ အမှားကို အမှန်မှတ်လို့ မေတ္တာပြသည့်အနေဖြင့် မိမိတန်ဖိုးရှိလှသော အပျို/လူပျိုဖြစ်ခြင်းကို အပြစ်၏ တန်ဆာ ဖြစ်စေတတ်ကြသည်။ “အချင်းလူပျို သင်ချစ်သော ညီမကို တန်ဖိုးထားပါ”“အချင်းပျိုမယ် သင်ချစ်သော အကိုကို လေးစားပါ” မေတ္တာထားပါ၊ တန်ဖိုးထားပါအပြစ်ကို အပြစ်ဟု… Read More »သန့်ရှင်းသော ချစ်သူများနေ့

ခရစ်တော်အတွက် သမိုင်းရေးထိုးခဲ့သူများ (ခရစ်ယာန် အတ္ထုပ္ပတ္တိများ)

မင်္ဂလာပါ။ 🤗🤗မကြာသေးခင်က ထွက်ရှိထားတဲ့ စာအုပ်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုပါတယ်။ 🤩🤩 – စာအုပ်အမည်ကတော့ “ခရစ်တော်အတွက် သမိုင်းရေးထိုးခဲ့သူများ(ခရစ်ယာန် အတ္ထုပ္ပတ္တိများ)” ဖြစ်ပါတယ်။ – λόγος ရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သူ ဆရာ ဆလိုင်းဇုံလျန်ဌေး @ လုကာ မှ ရေးသားပြုစုပါတယ်။ – ဖြန့်ချိတာကတော့ Abiding Branches of the Vine (ABV) Ministry မှ… Read More »ခရစ်တော်အတွက် သမိုင်းရေးထိုးခဲ့သူများ (ခရစ်ယာန် အတ္ထုပ္ပတ္တိများ)

ခရစ္စမတ်စ်ကို လေ့လာကြည့်ခြင်း

‘ ခရစ္စမတ်စ်‘ နေ့ရက်ကို သမ္မာကျမ်းစာ၌ မတွေ့ရဟု ဆိုကာ ယုံကြည်သူအချို့က မကျင်းပသင့်ကြောင်း၊ သမ္မာကျမ်းစာနှင့် မညီညွတ်ကြောင်း၊ အချို့ကလည်း ခရစ္စမတ်စ်ရာသီသည် သတင်းကောင်း ဝေငှရန် အကောင်းဆုံး ဖြစ်ကြောင်း၊ ထိုကြောင့် ခရစ္စမတ်စ်ပွဲကို ကျင်းပသင့်ကြောင်း စသည်ဖြင့် အငြင်းအခုံများစွာ ရှိနေကြသကဲ့သို့ ယနေ့ ထိတိုင်အောင်လည်း မေးခွန်းများမေးနေကြဆဲ ပင်ဖြစ်သည်။ သို့သော်လည်း ကျွနု်ပ်အနေနှင့် ထိုကဲ့သို့ ‘ခရစ္စမတ်စ်‘ နေ့နှင့်… Read More »ခရစ္စမတ်စ်ကို လေ့လာကြည့်ခြင်း