Skip to content

An Abiding Branch

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း

“သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မျှော်​လင့်​ခြင်း​အား​ဖြင့်​ဖြစ်​ပေါ်​သော​သည်း​ခံ​မှု​တို့​ကို ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မြဲ​မ​ပြတ်​အောက်​မေ့​ကြ​၏။”သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:3 ၁) ယုံကြည်ခြင်းက အလုပ်ကို သီးပွင့်စေတယ် – ယေရှုခရစ်တော်အပေါ် ထားရှိတဲ့ စစ်မှန်သော ယုံကြည်ခြင်းက ကျွန်တော်တို့ အသက်တာကို ပြောင်းလဲစေပြီး ကောင်းသောအကျင့်ကို ကျင့်စေတယ်။၂) မေတ္တာက ကြိုးစားအားထုတ်စေတယ် – ခရစ်တော်ရဲ့ မေတ္တာတော်ကို ခံစားသိနားလည်ခြင်းက ကြိုးစားအားထုတ်မှုကို ဖြစ်စေတယ် …… Read More »ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း

Happy New Year (2021)

နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို မေ့ရမလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို အပြစ်တင်သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ကောင်းချီးမင်္ဂလာ မရှိခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ မကောင်းတာတွေနဲ့ပဲ ဖြတ်သန်းခဲ့ရသလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အဟောင်းတွေပဲ ဝေနေခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ လူဆိုးတွေနဲ့ပဲ တွေ့ခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အသက်မွေးလောက်သောအစာကို မရခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ပူဆွေးစရာတွေနဲ့ပဲ နှပါးသွားရသလို… Read More »Happy New Year (2021)

နား

နား တစ်ချို့ကနှုတ်ကပတ်တရားတော် နားထောင်တဲ့အခါ နားကို“စွန့်” ကြတယ် … နား “စွင့်” ဖို့ကို နားမလည်ကြဘူး … နားထူသူကထူလို့နားယားသူက ယားနေကြတာများလား … နားလည်ချင်တာပဲ နားလည်လို့လူပါလည်နေတဲ့ ငလည်တွေနဲ့ …တရားနာခြင်းအမှုမှာ နားကမ်းသူတွေ အတော်များလာတဲ့ခေတ်ထဲမှာယောင်လည်လည် သွန်သင်ချက်တွေပေါ် နားခိုနေသူတွေကို နားမလည်နိုင်တော့ပြီ …” သေချာတာက “နားရှိသောသူမည်သည်ကား ကြားပါစေ” ဆိုတာ အလကားပြောခဲ့တာ မဟုတ်မှန်း… Read More »နား

ယနေ့တိုင်အောင် စာတန် အလုပ်လုပ်နေသေးပါသလား။

အထက်ပါမေးခွန်းနဲ့ပတ်သက်လို့ အကျဉ်းသဘောဖြေပေးသွားပါမယ်။ ဒီမေးခွန်းကို ကြည့်ခြင်းအားဖြင့် မေးလာတဲ့သူဟာ “စာတန်” ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်ဆိုတာကို ယုံကြည်ခံယူပြီး ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ စာတန်ဟာ ဘယ်သူဘယ်ဝါ/ဘယ်ကစတယ်ဆိုတာတွေကိုတော့ အသေးစိတ် မပြောသွားတော့ပါဘူး။ (ဟေရှာ ၁၄း၁၂-၁၅ နှင့် ယေဇကျေ ၂၈း၁၁-၁၉ မှာ စာတန်ရဲ့ ကျရှုံးခြင်းအဖြစ် ပုံဖော်ရေးသားထားတယ်လို့ ကျမ်းပညာရှင်များက ပြောပါတယ် – ဖတ်ရှုလေ့လာနိုင်ပါတယ်) စာတန်… Read More »ယနေ့တိုင်အောင် စာတန် အလုပ်လုပ်နေသေးပါသလား။

သာသနာလုပ်ငန်းတွင် ပြန်ဆန်းစစ်ရမည့်အချက်များ

သာသနာလုပ်ငန်းတွင် ပြန်ဆန်းစစ်ရမည့်အချက်များ သခင့်ဆီ မင်းမရောက်သရွေ့ မင်းကိုသခင်က စေလွှတ်နိုင်မှာမဟုတ်ဘူး။ ဘုရားသခင် စေလွှတ်တဲ့သူတိုင်း သူ့ဆီကို အရင်ခေါ်တယ် သာသနာဆိုတာ ကစားကွင်း မဟုတ်ဘူး သန့်ရှင်းမြင့်မြတ်ရာ အရပ်…… အပြစ်တွေ ချွတ်ထားခဲ့ဖို့လိုတယ် ဘုရားသခင်ရဲ့ မိန့်တော်စကားကို နာခံဖို့ဆိုတာ သူ့ရဲ့တန်ခိုးတော် တစ်ခုတည်းကို တောင်းခံလို့ မရဘူး။ သခင့်ရဲ့လမ်းစဉ်အတိုင်းလည်း လိုက်လျှောက် နာခံရမယ်။

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ခေါင်းစဉ်ကိုယ်၌က ရှင်းပါတယ် … အထူးအထွေ ရှင်းပြပြောဆိုနေစရာ လိုမယ်လို့ မထင်။သမ္မာကျမ်းစာထဲမှာ အမှုတော်ဆောင်ခြင်းကို ပြိုင်ပွဲတစ်ခု သို့မဟုတ် အပြေးပြိုင်ပွဲတစ်ခုပမာ နှိုင်းယှဉ်တင်ပြထားတာမျိုးကို အကြိမ်ကြိမ် တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားရ မယ့်အရာကတော့ ကိုယ်ပြေးရမယ့်လမ်းကြောင်းကို သိဖို့လိုတယ် (ဖိလိ ၂း၁၆၊ ၃း၁၄) Philippians 2:16 – သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး… Read More »ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ဆာလောင်မှုက ဘုရားစကားမှာမဟုတ်ဘဲ လောကမှာရှိနေလေတော့ ပဲဟင်းနဲ့ လဲစားတာ မဆန်းပါဘူး

နှုတ်ကပတ်တော်တရားကို အပေးအယူလုပ် (ရောင်းစား) ကြတဲ့ အဖြစ်ဟာ အခုချိန်မှာမှ မဟုတ်ပါဘူး ကမ္ဘာဦးကစလို့ ပထမဆုံး လူသားတို့ကျူးလွန်ခဲ့ကြတာပါ … ယာယီ အစားတစ်လုပ်အတွက်နဲ့ ထာဝရနဲ့ဆိုင်သော မုန့်ကို ပစ်ပယ် ရွေးချယ်ကြတာဟာ ဝမ်းနည်းစရာပါ။ ကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့ အသီး (ကမ္ဘာဦးကျမ်း ၃) အမြင်နဲ့ကြည့်ရင် စားချင်စဖွယ်၊ ပညာကို ပေးနိုင်သော ဆိုတဲ့ အဆင်းသဏ္ဍာန်ရှိခဲ့သည့်ပြင် ရန်သူတော်ကလည်း… Read More »ဆာလောင်မှုက ဘုရားစကားမှာမဟုတ်ဘဲ လောကမှာရှိနေလေတော့ ပဲဟင်းနဲ့ လဲစားတာ မဆန်းပါဘူး

မြန်မာတို့ ချစ်သော ဆရာကြီး ယုဒသန်

ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုယ်ကျိုးစွန့်ရောက်လာပြီး၊ မြန်မာ ပြည်သားတွေအတွက် သမ္မာကျမ်းစာကို ဘာသာပြန်ပေးခဲ့တဲ့အပြင်၊ မြန်မာ စာပေကို မြှင့်တင်ပေးခဲ့တဲ့သူဟာ ယုဒသန်လို့ လူသိများတဲ့ အဒေါနီယန် ဂျက်ဆန်ဆိုတဲ့ အမေရိကန်နိုင်ငံသား၊ နိုင်ငံရပ်ခြား နှစ်ခြင်းသာသနာပြု တစ်ယောက်ပါ။ သူ့ရဲ့ ကိုယ်ကျိုးစွန့်ပေးဆပ်မှု အသီးအပွင့်တွေက ဘယ်လောက်ထိကြီးမားလို့လဲဆိုပြီး မေးခွန်းများမေး လာမယ်ဆိုရင် ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ နှစ်ခြင်း ခရစ်ယာန်တွေ အားလုံးနီးပါးကို လက်ညိုးထိုး… Read More »မြန်မာတို့ ချစ်သော ဆရာကြီး ယုဒသန်

ကောင်းမြတ်တော်မူခြင်းနှင့် အမျက်တော်

(ရှေးဦးစွာ ဤဆောင်းပါးတိုလေးက ကြီးမားကျယ်ပြော နက်နဲလှသည့် ဘုရားသခင်၏ အကြောင်းအရာကို စုံလင်စွာ တင်ပြနိုင်မည် မဟုတ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ သို့သော် ထိုနက်နဲခြင်းကို ဆက်လက်ရှာဖွေရာတွင် လမ်းမှား မရောက်ရလေအောင် လမ်းစလေးတစ်ခုအဖြစ် ခြုံငုံတင်ပြလိုက်သည့် သဘောသာဖြစ်သည်။) ဘုရားသခင်လို့ ပြောလာရင် ကျွန်တော်တို့အားလုံးက ကိုယ်စီ သတ်မှတ်ချက် စံနှုန်းတွေနဲ့ အကောင်းဘက်ပဲ မြင်ချင်ကြတယ်။ အပြုသဘောပဲ ရှိစေချင်ကြတယ်။ အဲဒါကြောင့်ပဲ… Read More »ကောင်းမြတ်တော်မူခြင်းနှင့် အမျက်တော်