Skip to content

A Word

ခြေလှမ်းတိုင်း

အနာဂါတ်ဆိုတာ ဘာနဲ့တူလဲဆိုတော့ ရုတ်တရက် ရှေ့မှာ ဘွားခနဲပေါ် ပေါ်လာတတ်တဲ့တောင်တန်းကြီးတွေလိုပဲ။ ပြီးတော့ သင့်ရဲ့အတွေးအာရုံထဲ ခဏခဏစိုးမိုးနေတတ်တယ်။ ဒါတောင်မကသေး တဖက်မှာလည်း မသိစိတ်ကလည်း သင့်ဘဝရဲ့ အဲ့ဒီတောင်ကြီးလို ဘဝပြဿနာအခက်ခဲတွေကိုဘယ်လိုထပ်ကျော်ဖြတ်ရမလဲဆိုပြီးပူပန်နေတတ်သေးတယ်။ ဒီအတွေးအာရုံတွေက ထပ်ကာထပ်ကာအတွင်းထဲမှာ လာလာတိုက်ခိုက်နေတာ တနေ့တမျိုး မရိုးနိုင်အောင်ပါပဲ။ တဆက်တည်းမှာ သင် ဒီအရာတွေကို ဘယ်လို ခွန်အားနဲ့ ကျော်ဖြတ်ရပါ့မလဲလို့ စဥ်းစားနေမိနေသေးတယ် မဟုတ်လား။ တကယ်တော့ သင်ကိုယ်က… Read More »ခြေလှမ်းတိုင်း

အပြစ်သားလူသားများ၏ မိတ်ဆွေယေရှု

ကျမ်းစာဖတ်ရှုရန်။    ။ ရှင်လုကာခရစ်ဝင် ၁၉း၁-၁၀ တနေ့မှာ လူတွေပြောပြောနေတဲ့မေရှိယဆိုတဲ့ ယေရှုဟာ ယေရိခေါလို့ခေါ်တွင်တဲ့မြို့ကိုခရီးပြုကာ လူတွေနဲ့တွေ့ဆုံခဲ့ ပါတယ်။ သူဟာ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့ပါသလဲ။ အဲ့ဒီမြို့ရဲ့ မြို့မျက်နှာဖုံးလူတချို့နဲ့လား၊ ဖါရိရှဲ ကျမ်းတတ်ပုဂ္ဂိုလ် တွေနဲ့လား။ ထိုသူတွေ တယောက်မှ မဟုတ်ခဲ့ပါ။ သူအဲ့ဒီ မြို့ကိုသွားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေအမြင်မှာ အပြစ်ကြီးလှပါပြီဆိုတဲ့သူတွေ၊ လူတွေအဖက်မလုပ်ချင်တဲ့သူတွေ၊ လူတွေရဲ့တံတွေးခွက်ထဲ မျောနေတဲ့… Read More »အပြစ်သားလူသားများ၏ မိတ်ဆွေယေရှု

ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ခရစ်ယာန်တွေကြား ပြောပြောနေတဲ့ လူတယောက် ကယ်တင်ခြင်းရခြင်း ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို စောင့်ရှောက်လို့ရတာ (သို့) ဘုရားသခင်ရဲ့ကျေးဇူးပြုပေးခြင်း/လုပ်ပေးခြင်း အပေါ်မှာယုံကြည်ဝန်ခံခြင်း သက်သက်သာဖြစ်တယ် ကိုယ်က ကောင်းမှု ကုသိုလ်ပြုလို့မဟုတ် ဆိုတာ မကြာခဏ အပြန််အလှန်ဆွေးနွေးတာ ကြားရလေ့ရှိပါတယ်။ တမန်တော်ကြီးရှင်ပေါလုကဤကဲ့သို့ ဆိုပါသည် ကျွန်ုပ်တို့ဟာ  “ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသည်” ဟု ရောမသြဝါဒစာ ၆း၁၅ မှာ အတည်အလင်းဖော်ပြထားပါတယ်။… Read More »ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ဆုတောင်းခြင်း နည်းလမ်းနှစ်သွယ်

ကျွန်ုပ်တို့ ယုံကြည်သူများ၏ နေ့စဉ် သ ခင်ဘုရားနှင့် အချိန်ယူ ဆုတောင်းရာ၌ အထောက်အကူပြုစေနိုင်ရန် ဆု တောင်း ခြင်း နည်း လမ်း နှစ် သွယ်။  နည်း လမ်း နှစ် သွယ် ဖြင့် ဆု တောင်း ခြင်း  ၁) သ မ္မာ ကျမ်း စာ အ ခြေ… Read More »ဆုတောင်းခြင်း နည်းလမ်းနှစ်သွယ်

နှစ်သစ်လက်ဆောင် သတင်းစကား

မေး။ ။ ယေရှုခရစ်‌တော်ဟာ ဘယ်လိုဘုရားမျိုးလဲ? ဖြေ။ ။ သခင်ယေရှုခရစ်တော်ဟာ လူ့ဥာဏ်နှင့်နားလည်မိသမျှထဲက အနည်းငယ်ဝေမျှရမည်ဆိုလျှင် သခင်ယေရှုခရစ်တော်က လူမျိုးမရွေး၊ ဘာသာမရွေး ကိုယ်တော်၏ အမည်နာမကို ခေါ်သူတိုင်းအား ထူးတော်မူသောဘုရားသခင်လည်း ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ အလွန်သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားဇာတိကို‌တောင်စွန့်ပြီး လောကမှာရှိသော လူသားအားလုံးအတွက် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်အပျိုကညာဝမ်း၌ ပဋိသန္ဓေယူကာ လူ့ဇာတိခံယူပြီး တနည်းအားဖြင့် လူအဖြစ်ဆင်းသက်ကာ သင်နှင့်… Read More »နှစ်သစ်လက်ဆောင် သတင်းစကား

စိုးရိမ်သောနှလုံးသားမှ ငြိမ်ဝပ်ချမ်းသာသောနှလုံးသား

လောကရဲ့စာမျက်နှာတွေအတွက် ဒီနေ့ရက်၊လ၊နှစ် ကအသစ်ပါ မိတ်ဆွေ။ ယခုလာမည့် ရက်၊လ၊နှစ်သစ်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့သိချင်ကြပါတယ်။ လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး ဒီနှစ်သစ်မှာအဆင်ပြေပါ့မလားဆိုတဲ့ အတွေးကတော့လူတိုင်းမှာရှိတတ်ပါတယ်။ ကိစ္စမရှိပါဘူး။ လူပဲလေ … ပူပန်တတ်တယ်၊ တွေးတောတတ်တယ်၊ အကောင်းဆုံးတွေကိုပဲ ဘဝမှာဖြစ်လာဖို့မျှော်လင့်တတ်ကြတယ်။ တချို့ဆို ရှေ့ဖြစ်ဟောတမ်းစာကိုဝယ်ဖတ်ပြီး ပြင်ဆင်ကြတာတို့၊ ဗေဒင်ဆရာဆီ ဒီနှစ်တွက်ကြိုတင်ပြင်ဆင်ဖို့သွားမေးကြတာတို့၊ ပရောဖက်တွေဆီသွားပြီး ဆုတောင်းခံပြင်ဆင်တာတို့ လုပ်ကြတာပဲလေ။ ဒါဟာ လူ‌တွေမှာ မသိစိတ်က… Read More »စိုးရိမ်သောနှလုံးသားမှ ငြိမ်ဝပ်ချမ်းသာသောနှလုံးသား

မင်္ဂလာနှစ်သစ် ၂၀၂၁

နေ့ရက်တွေကိုရေတွက်ရင်း၂၀၂၀ရဲ့နောက်ဆုံးနေ့ရက်ရောက်ခဲ့လေပြီ။ လောကရဲ့နှစ်သစ်ကိုဝင်စားဖို့လောကနဲ့ထာဝရကိုပိုင်သတဲ့အရှင်သခင် ထိုပုဂ္ဂိုလ်တော်ဘုရားဖြစ်‌သော ထိုသခင်ယေရှုရဲ့ငြိမ်သက်ခြင်းကျေးဇူးကိုသာ သင်ရဲ့ဦးနှောက်အသိ နဲ့ နှလုံးသားထဲမှာ နေရာပေးပြီးနှစ်သစ်ကျေးဇူးကိုလက်ခံရယူကာနှစ်သစ်ထဲဝင်စားကြရအောင်။ဒါဟာနှစ်သစ်အတွက်နက်နဲ‌သောအ‌ရေးကြီးဆုံးပါမိတ်ဆွေ။ နေ့၊ရက်၊လ၊နှစ် တွေရေတွက်တတ်‌သော သူထက် ထာဝရအတွက်အသက်ရှင်သောထာဝရလူဖြစ်ပါစေ။ ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၁၄:၂၇ အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။… Read More »မင်္ဂလာနှစ်သစ် ၂၀၂၁

စစ်မှန်သော ရတနာ

“ထာဝရဘုရားသည် သင့်ကိုမျော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော။ ” (တောလည်ရာ ၆း၂၆) သခင်ယေရှုခရစ်တော်က ကျွန်ပ်တို့အတွက် တံတွေးထွေးခြင်းခံ၊ ခန္ဓာကိုယ်စုတ်ပြတ်သတ်အောင်ရိုက်နှက်ခံ၊ အသွေးသွန်းခံ၊ အပြစ်သားကျွန်ုပ်အတွက် ကိုယ်စားအသေခံပြီး သစ်တိုင်မှာချိတ်ဆွဲခံကာ သင်နှင့်ကျွန်ုပ်ကို အပြစ်နွံထဲမှရွေးနှုတ်ကာ ငြိမ်သက်ခြင်းချမ်းသာကိုပေးခဲ့လေပြီ။ ဒါပေမဲ့ကျွန်ုပ်တို့အားလုံးအတွက် ထိုသခင်ပေးခဲ့တဲ့ ငြိမ်သက်ခြင်းချမ်းသာကို သင်နှင့်ကျွန်ုပ် အကြိမ်ကြိမ် လျစ်လျူရှုကာ သခင့်ရင်ကိုနာကျင်စေခဲ့ပြီလော။ စဉ်းစားပါ အဆွေ။ သင့်စိတ်နှလုံးထဲမှာ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အထီးကျန်ခြင်း… Read More »စစ်မှန်သော ရတနာ

နှလုံးသား တံခါး

သင်က လောကရဲ့နေရာအနှံ့ရောက်ချင်‌ပေမဲ့ … သခင်က သင့်ရဲ့နှလုံးသားနေရာအနှံ့ နေရာယူချင်နေတယ်။ သင့် နှလုံးသားတံခါးလေးဖွင့်ပေးလိုက်ပါလား … ချစ်သော မိတ်ဆွေ။ ဗျာဒိတ်ကျမ်း ၃ : ၂၀   ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။