Skip to content

Ambassador of Christ

ယုံကြည်ခြင်းတည်းဟူသော လွှား

အမှောင်နိုင်ငံဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံများထဲမှ သစ္စာတည်းဟူသော ခါးပန်း၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာနှင့် ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ် စသည့်အကြောင်းများကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေ‌အနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်သလို… Read More »ယုံကြည်ခြင်းတည်းဟူသော လွှား

ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်

ခြေစွပ်(သို့)ဖိနပ်သည် ကျွန်ုပ်တို့၏ခြေကို ဆူးငြောင့်ခလုတ်၊ရန်သူ၏တိုက်ခိုက်မှုများမှ ကာကွယ်ပေးပါသည်။ ကျွန်ုပ်တို့သည် စစ်ပွဲ၌ သက်တောင့်သက်သာဖြင့်တိုက်ခိုက်နိုင်ရန်နှင့် ကိုယ်ခန္ဓာ ဟန်ချက်ပျက်မသွားစေရန် ကျွန်ုပ်တို့၏ခြေကို ခိုင်ခန့်စွာရပ်တည်နိုင်ဖို့ အထောက်အကူပေးပါသည်။ ထိုသို့ပင် အောက်ခြေခိုင်၍ ယုံကြည်ခြင်း၌ မြဲမြံစွာရပ်တည်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့အားလုံးသည် ဓမ္မဆရာမဟုတ်ကြသော်လည်း အရှင်ယေရှု၏မိန့်တော်မူချက်အရ ဧဝံဂေလိတရားကို ဟောပြောသက်သေခံကြရမည်။ ထို့ကြောင့် ဧဝံဂေလိတရားဟောပြောနိုင်ခြင်းငှာ ပြင်ဆင်ခြင်း တနည်းအားဖြင့် ဆက်ကပ်ခြင်းမှာ အလွန်အရေးကြီးပါသည်။ လက်တန်းလျှောက်ပြောနေခြင်းမျိုးမဟုတ်ဘဲ လူသားတိုင်းအတွက်အရေးကြီးသော၊ ယခုဘဝ… Read More »ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်

ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ

အမှောင်နိုင်ငံဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံများထဲမှ ပထမအချက်ဖြစ်သည့် သစ္စာတည်းဟူသော ခါးပန်းအကြောင်းကို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေ‌အနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပြီး နောက်ထပ်လက်နက်စုံများကို သုံး၍ မာန်နတ်အား ဆီးတားတိုက်လှန်နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ နောက်ထပ်လက်နက်စုံတခုဖြစ်သော… Read More »ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ

သစ္စာတည်းဟူသော ခါးပန်း (သို့) ခါးပတ်

ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များနှင့်လောကီသားတို့နှင့်မတူတော့ချေ။ ကွန်ုပ်တို့အသက်တာသည်ပြောင်းလဲ၍ ကျွန်ုပ်တို့၏ရပ်တည်မှုလည်း ပြောင်းလဲသွားပါသည်။ ယခင်က လောကသားများနည်းတူဖြစ်သော်လည်း ယေရှုခရစ်ကိုယ်တော်မြတ်အား မိမိဘဝ၊အသက်တာ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလိုက်သည်နှင့် စာတန်မာရ်နတ်၏ရန်သူဖြစ်သွားပါသည်။ အကြောင်းမှာ ယခင်ကကျွန်ုပ်တို့သည်စာတန်၏လှည့်ဖြားမှု၌ ကျရှုံးနေသောလူသားများ၊ ဖန်ဆင်းရှင်ဘုရားသခင်ကိုယ်တော်မြတ်နှင့် ဝေးကွာနေသောသူများအဖြစ်မှ ဘုရားသခင်ကိုယ်တော်မြတ်ပြင်ဆင်သော “ဘုရားနှင့်လူပြန်လည်သင့်မြတ်ခြင်း” တည်းဟူသော အရှင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏သား၊သမီးများအဖြစ်သို့ပြန်လည်ရောက်လာသောကြောင့်ဖြစ်သည်။ စာတန်မာရ်နတ်သည် ဘုရားသခင်ကိုယ်တော်မြတ်က တန်ဖိုးထားချစ်ခင်သော လူသားများကို အလွန်မုန်းတီးသည်ဖြစ်၍ လူသားတို့ဘဝပျက်စီးရန်၊ မအောင်မြင်ရန်၊ အဆုံး၌လည်း ကောင်းကင်နိုင်ငံတော်သို့ရောက်သော်လည်း ဤလောက၌ရှိစဉ်တွင်… Read More »သစ္စာတည်းဟူသော ခါးပန်း (သို့) ခါးပတ်

ခရစ်တော်၌ တည်သောသူ

ယနေ့ ကျွနိုပ်တို့ ယုံကြည်သူ ခရစ်ယာန်တို့သည် လောကသားများနည်းတူ ပြုမူကျင့်ကြံ အသက်ရှင်နေထိုင်နေကြသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်တော် အလိုရှိသော အသက်တာ မဟုတ်ပေ။ “ယုံကြည်သူ” ဟု မိမိကိုယ် မိမိခေါ်နေသော ခရစ်ယာန်များသည် အမှန်တကယ် အပြောနှင့်အလုပ်ညီသူများ တဖြည်းဖြည်း နည်းပါးလာကြသည်။ ယုံကြည်ခြင်း၊နာခံခြင်းများ လျော့ရဲလာကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်တို့ ထာဝရအသက်ရရုံ… Read More »ခရစ်တော်၌ တည်သောသူ

ယုံကြည်သူအသက်တာ

လောက၌ အသက်ရှင်စဉ်အတွင်း အောင်မြင်မှု၊ ကျော်ကြားမှုတို့ကို လိုချင်ကြသည်။ ထို့ကြောင့်ပင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်ကျော်များကို အတုယူကာ ထိုသူတို့၏ အောင်မြင်မှုနည်းလမ်းများအတိုင်း လိုက်လံလုပ်ဆောင်အတုယူကြသည်။ ယခင်က မြန်မာပြည်တွင် ရာဇာနေဝင်းသည် လျှမ်းလျှမ်းတောက် ကျော်ကြားသော ရုပ်ရှင်၊ ဗီဒီယို ကြော်ငြာ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ ထိုစဉ်က ၎င်းအား အတုယူ၍ သရုပ်ဆောင်သော အနုပညာရှင်၊ ဟာသအနုပညာရှင်အများ ပေါ်ထွက်ခဲ့ပါသည်။ ဤသည်မှာ ထိုသူတို့သည်… Read More »ယုံကြည်သူအသက်တာ

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ

ရှင်ယောဟန် ၃ : ၁၅ – ၁၈   “အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည့်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း… Read More »ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ