Skip to content

Thura

Mutation ဆိုသည်မှာ အဘယ်နည်း။

Mutation ဆိုသည်မှာ DNA အမျှင်တွင် ဖြစ်ပေါ်သော ချို့ယွင်းပြောင်းလဲမှုဖြစ်သည်။ ၎င်းသည် DNA ပုံတူကူးပွားသည့်အခါ အမှားအယွင်းဖြစ်သွားခြင်းကြောင့်သော်လည်းကောင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများကြောင့်သော်လည်းကောင်း ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ဘဝသက်တမ်းတလျှောက်လုံး၌ DNA အမျှင်ရှိ A, T, G, C ဘေ့စ်များတွင် mutation များဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့မှ ဖွဲ့စည်းဖြစ်ပေါ်လာသော protein သည်လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။… Read More »Mutation ဆိုသည်မှာ အဘယ်နည်း။

မျိုးဗီဇ (Gene) ဆိုသည်မှာ အဘယ်နည်း။

မျိုးဗီဇ ခေါ် ဂျင်းန် (Gene) ဆိုသည်မှာ Genome အတွင်းရှိ DNA ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သည့် အသားဓာတ် (protein) ကဲ့သို့သော ပစ္စည်းများထုတ်လုပ်နိုင်ရန် သတင်းအချက်အလက်များပါဝင်သည်။ ၎င်းတို့တွင် မျက်လုံးနှင့် ဆံပင်အရောင်ကဲ့သို့သော လူတစ်ဦးတစ်ယောက်ချင်းစီ၏ ထူးခြားသည့် ဝိသေသ လက္ခဏာများဖြစ်ပေါ်ရန် ညွှန်ကြားချက်များလည်း ပါဝင်သည်။ Gene တခု၏ အဓိကလုပ်ဆောင်ချက်မှာ ၎င်းတို့က သယ်ဆောင်ထားသော… Read More »မျိုးဗီဇ (Gene) ဆိုသည်မှာ အဘယ်နည်း။

ဂျီနုမ်း (Genome) ဆိုသည်မှာ အဘယ်နည်း။

Genome ဟူသည် သက်ရှိများ၏ မျိုးဗီဇ နှင့် သက်ဆိုင်သော ညွှန်ကြားချက်များကို စုစည်းထားသည့် အရာတခုဖြစ်သည်။ Genome တစ်ခုချင်းစီတွင် သက်ရှိများ၏ ကြီးထွားခြင်းနှင့် ဖွံဖြိုးခြင်းအတွက် လိုအပ်သော အချက်အလက်များအားလုံးပါဝင်သည်။ ၎င်း Genome များကို ခရိုမိုဇုမ်း [Chromosome ၂၃ စုံ (၄၆ ခု)] အဖြစ် ပိုင်းခြားထားသည်။ Chromosome များသည် cell… Read More »ဂျီနုမ်း (Genome) ဆိုသည်မှာ အဘယ်နည်း။

DNA က ဘာတွေလုပ်ဆောင်ပေးသလဲ

DNA တွင် လူ့ခန္ဓာကိုယ်၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော မော်လီကျူးများ (molecules) နှင့် အသားဓာတ် (ခေါ်) ပရိုတိန်း (Protein) များပြုလုပ်ရန် လိုအပ်သော ညွန်ကြားချက် (instructions) များပါရှိသည်။ တနည်းဆိုသော် ပရိုတိန်းဖြစ်ပေါ်စေရန် DNA က ညွှန်ကြားချက်များ ထောက်ပံ့ပေးသည်။ ထိုသို့ protein ဖွဲ့စည်းပြုလုပ်ရာတွင် အသွင်ကူးပြောင်းပေးခြင်း(Trancription) နှင့် ဘာသာပြန်ဆိုခြင်း(Translation)… Read More »DNA က ဘာတွေလုပ်ဆောင်ပေးသလဲ

DNA ဆိုသည်မှာ အဘယ်နည်း။

ဆဲလ် များစွာဖြင့် ဖွဲ့စည်းထားသော သတ္တဝါတိုင်း၏ ဆဲလ်တိုင်းတွင် မျိုးဗီဇပစ္စည်း ညီတူညီမျှ ကြွယ်ဝစွာ ပါဝင်သည်။ DNAသည် ဆဲလ်မျိုးဗီဇပစ္စည်းများတွင် ပါဝင်သောအရာ တခုဖြစ်ပြီး ဆဲလ်များအတွင်းရှိ အကြီးမားဆုံးသော မခရိုမော်လီကျူး (Macromolecules) ဖြစ်သည်။ DNA ဆိုသည် သက်ရှိဆဲလ်များ၏ နျူကလီးယက်စ် (Nucleus) တွင် အများဆုံး တွေ့ရသည့် မျိုးရိုးဗီဇပါဝင်သည့် ပစ္စည်းဖြစ်သည်။ အနည်းငယ်ကို မိုက်တိုခွန်ဒြီးယား… Read More »DNA ဆိုသည်မှာ အဘယ်နည်း။