Skip to content

John the Beloved

ဘုရားစကားနားမထောင်မိလို့များလား?

ဓမ္မပညာရပ်နဲ့ သမိုင်းကြောင်းနောက်ခံ   “ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊​ ဘာကြောင့်ပြောခဲ့တာလဲ?” သမ္မာကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “ကျမ်းနောက်ခံအကြောင်းအရာ မှားယွင်းဖော်ပြမိခြင်း” (out of context) မဖြစ်အောင် အကြောင်းအရာမှန်ကို ဖော်ထုတ်နိုင်ဖို့ “ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊ ဘာကြောင့်ပြောခဲ့တာလဲ?” ဆိုတဲ့ မေးခွန်းငါးခုကို အခြေခံအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို ကျမ်းစာပညာရှင်များက “အကြောင်းအရာ… Read More »ဘုရားစကားနားမထောင်မိလို့များလား?

ခရစ်ယာန်အိမ်ထောင်နှင့် ခရစ်ယာန်မိသားစု စံတန်ဖိုးများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

သခင်ယေရှုခရစ်တော်ဘုရားကို သက်ဝင်ယုံကြည်ကိုးကွယ်သူ “ခရစ်ယာန်” များအတွက် သုံးပါးတဆူထာဝရဘုရားထံတော်မှသော်လည်းကောင်း၊ သခင်ခရစ်တော်ဘုရားရဲ့ တပည့်တော်သာဝက တမန်တော်မြတ်ကြီးများမှသော်လည်းကောင်း လိုက်နာကျင့်သုံး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ခရစ်ယာန်အိမ်ထောင်နဲ့ ခရစ်ယာန်မိသားစု စံတန်ဖိုးတွေကို ပညတ်တော်ထားကာ စည်းစနစ်တကျ သတ်မှတ်ပေးခဲ့ကြပါတယ်။ သခင်ဘုရားနဲ့ တမန်တော်ကြီးတွေ ချမှတ်ပေးခဲ့တဲ့ စံတန်ဖိုးတွေဟာ အပေးအယူလုပ်ပြီး စျေးစစ်လို့ရတဲ့ ပေါက်လွှတ်ပဲစားစံနှုန်းတွေ၊ အပေါစားစံတန်ဖိုးတွေ မဟုတ်ပါဘူး။ Non-compromisable / Non-negotiable Christiain values… Read More »ခရစ်ယာန်အိမ်ထောင်နှင့် ခရစ်ယာန်မိသားစု စံတန်ဖိုးများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

ခရစ်ယာန်ဘာသာဝင်များ၏ “ရက်ပေါင်း (၄၀) ဥပုသ်ရာသီ” ဆိုသည်မှာ အဘယ်နည်း။ “Great Lent” တည်းဟူသော “မဟာဥပုသ်ရာသီ”  ဟု ခေါ်သည့် ခရစ်ယာန်တို့၏  “ဝါတွင်း” သို့မဟုတ် “ဝါတော်ကာလ” သည် ခရစ်ယာန်ဘာသာဝင်အများစုက ကျင့်သုံးသော တနင်္ဂနွေနေ့များ မပါသည့် ရက်ပေါင်း ၄၀ ကြာ ကာလတခုဖြစ်ပါသည်။ လူ့ဇာတိခံယူတော်မူသော ဘုရားသခင် ရှင်ယေရှုခရစ်တော်၏ ဝေဒနာလမ်းဖြစ်သော ကားတိုင်သို့… Read More »ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

“သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော အခွင့်အာဏာ” (Sola Scriptura)

နိဒါန်း “Sola Scriptura” ဒါမှမဟုတ် “Scripture Alone” ဆိုတဲ့ မြန်မာလို “သမ္မာကျမ်းစာသည်သာ” လို့ လူသိများတဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းမူဝါဒတခုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာတဝန်းမှာပဲဖြစ်ဖြစ်၊ ကက်သလစ်ခရစ်ယာန်တွေနဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေကြားမှာ တဘက်နဲ့တဘက် အသင်းသူ၊ အသင်းသားအချင်းချင်း ယုံကြည်ချက်ခြင်း မတိုက်ဆိုင်၊ သေချာတွေ့ဆုံဆွေးနွေးဖလှယ်တာမျိုးလည်း မလုပ်ဖြစ်ကြတော့၊ အဲ့လိုကနေ “သမ္မာကျမ်းစာသည်သာ” ဆိုတာ ဘာကိုပြောတာလဲဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကို ကောင်းကောင်း… Read More »“သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော အခွင့်အာဏာ” (Sola Scriptura)

Happy Reformation Day (31 Oct 2024)

ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ခရစ်ယာန်အသင်းတော်သမိုင်းမှာ သမိုင်းအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ “ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲခြင်းနေ့” (Church Reformation Day) ဖြစ်ပါတယ်။၁၅၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ရောမကက်သလစ်အသင်းတော်ရဲ့ ဘုန်းတော်ကြီးတပါးလည်းဖြစ်သူ၊ ဓမ္မတက္ကသိုလ် ပါမောက္ခတဦးလည်းဖြစ်သူ Fr.မာတင်လူသာဟာ ဂျာမနီနိုင်ငံ ဝစ်တင်ဘာ့ဂ် ဘုရားကျောင်းတံခါးမှာ သူ့ရဲ့ အပိုဒ် ၉၅ ချက်ပါ စာတမ်းတခုကို… Read More »Happy Reformation Day (31 Oct 2024)

သခင်ယေရှုနောက်ကြွလာမည့် “ဥပဇ္ဈာယ်ဆရာ” ဆိုသူမှာ တမန်တော် မုဟမ္မဒ် (မိုဟာမက်) ဖြစ်သည်ဟု ပြောဆိုခြင်းသည် မှန်ကန်ပါ၏လော

တစုံတယောက်မှ မေးခွန်းပို့၍ မေးမြန်းထားသောအကြောင်းအရာနဲ့ ပတ်သက်ပြီး သခင်ယေရှုခရစ်တော်၏ နောက်လိုက်တပည့်တော်များဖြစ်သော ကျွန်တော်တို့ λόγος (ThyLogos) အဖွဲ့သားများမှ ပြန်လည်ဖြေကြားပေးလိုပါသည်။ မေးခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ “ယေရှုခရစ်တော်က ငါသွားရင် ဥပဇ္စျာယ်ဆရာ ကို လွှတ်မယ်လို့ ပြောတဲ့ ကျမ်းပိုဒ် ကို India က Comparative Religion အားသန်တဲ့ Dr.Zakir Naik ဆိုသူက ဒါက… Read More »သခင်ယေရှုနောက်ကြွလာမည့် “ဥပဇ္ဈာယ်ဆရာ” ဆိုသူမှာ တမန်တော် မုဟမ္မဒ် (မိုဟာမက်) ဖြစ်သည်ဟု ပြောဆိုခြင်းသည် မှန်ကန်ပါ၏လော

အိပ်မက်ပေးသူ

☘️🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀 Following your God-Given Destiny ရှေးမကျလှသည့် အတိတ်တချိန်က (not long ago) … သိပ်မဝေးလှသည့် (not far away) … “ရင်းနှီးကျွမ်းဝင်ရာ” (The Land of Familiar) ဆိုသည့်တိုင်းပြည်တပြည်တွင်  “သာမန်လူလေး” (Ordinary) ဟု အမည်ရသော “အညတရ” (Nobody) တဦး နေထိုင်အသက်ရှင်ခဲ့သည်။… Read More »အိပ်မက်ပေးသူ

ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

စင်စစ် “သခင်ယေရှုသည် ခရစ်တော်လား”ဟူသည် ခရစ်ယာန်တို့အကြား အငြင်းပွားစရာ ဖြစ်ရမည့်အရာ သို့မဟုတ် မေးခွန်လုပ်ပြီး မေးနေရမည့်အရာတခုပင် မဟုတ်ပေ။  ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဟောပြောသော တခုတည်းသောဘာသာတရားသည် ခရစ်ယာန်ဘာသာတရားပင်ဖြစ်သည်။ သို့နှင့် မိမိကိုယ်ကို ခရစ်ယာန်ဟု သမုတ်နေကြသူအချို့သည် ဘာကြောင့်များ ယေရှုသည် ခရစ်တော် ဟုတ်မဟုတ် ဇဝေဇဝါဖြစ်နေကြပါသနည်း။ ဘာကြောင့်များ ယေရှုနှင့် ခရစ်တော် မတူဟု သွန်သင်နေကြပါသနည်း။ စာရေးသူကတော့… Read More »ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

ကျွန်တော့်ရဲ့ မေမေများနေ့

ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော်… Read More »ကျွန်တော့်ရဲ့ မေမေများနေ့