Skip to content

ပြည်​တော်ကြီးကို ချမ်းသာ​ပေးပါ

ထာဝရဘုရားသည် နိ​နေ​ဝေမြို့ကြီးသို့ သတင်းစကားကြား​ပြော​စေရန် ​ယောနအား ​စေလွှတ်ခဲ့သည်။ ထိုမြို့သားတို့၏ အပြစ်သည် များလွန်း​သော​ကြောင့် ပျက်ဆီးခြင်းသို့ ​ရောက်​တော့မည်ဟု ​ယောနသည် ​နောင်တတရားကို ကြား​ပြောရန်ဖြစ်​ပေသည်။

​ယောနသည် ထိုမြို့သားတို့နှင့် အတိတ်ဆိုးရှိခဲ့ဖူးသည်။ နိ​နေ​ဝေမြို့သားများနှင့် ​ယောနတို့၏ ရန်ငြှိုးရန်စ​ကြောင့် ​နောင်တရရန်​ဝေငှဖို့ရာ တွန့်ဆုတ်ခဲ့၍ ထို​နေရာနှင့် ​ဝေးရာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်​ပြေးခဲ့ခြင်းကို သိကြမည်ထင်ပါသည်။ ယောန၏ ခံစားချက်သည် ထိုသူတို့အား ပျက်ဆီး​စေချင်ခဲ့သည်။ မည်သို့ပင် ထွက်​ပြေးပါ​စေ မိမိ၏ စိတ်ဆန္ဒအလိုသည် မတည်မြဲခဲ့​ချေ။

သို့နှင့် ​ယောနသည် နိ​​နေဝေမြို့ကြီးပျက်ဆီးမည့်အ​ကြောင်းကို ​ကြွေး​ကြော်​လေသည်။ ထိုမြို့သားတို့သည် ဘုရားသခင်၏ စကားကို ယုံကြသည်။ နိ​နေ​ဝေမင်းကြီးသည်ပင်လျှင် ​နောင်တရ၍ နန်း​တော်မှပင်ဆင်းကာ နန်းဝတ်နန်းစားကိုချွတ်ပယ်လျှက် ​လျှော်​တေအဝတ်ဝတ်​၍ ပြာမှုန့်၌ ထိုင်​လေ၏။ လူကြီးလူငယ်အ​​ပေါင်းတို့သည် အစာ​ရှောင်ရာအချိန်ကိုလည်း သတ်မှတ်ကြသည်။ ​နောင်တလည်း ရကြသည်ဖြစ်​သော​ကြောင့် ထာဝရဘုရားအား ကြိုးစား၍ ဆု​တောင်းကြသလို မိမိတို့လုပ်​သော အဓမ္မအမှု၊ မိမိတို့၏ အဓမ္မလမ်း၊ အဓမ္မအကြံအစည်တို့ကို ​ရှောင်ကြ​လေသည်။

ယောနတ္ထု ၃:၆
နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။

သူတို့သည် ပျက်ဆီးခြင်း​ဘေးမှ လွတ်​​စေရန် အစာ​ရှောင်ခြင်း၊ ဆု​တောင်းခြင်း၊ အဓမ္မလမ်းစဥ်များကို ​ရှောင်ကာ ​နောင်တရလျှက် ​အော်ဟစ်၍ ဝန်ချ​တောင်းပန်ခြင်းအသံများသည် မိုး​ကောင်းကင်မျက်နှာကြက်များထိပင် တုန်ဟီး​နေ​လောက်​ပေမည်။ သို့နှင့် နိ​နေ​ဝေမြို့တော်ကြီး ပျက်ဆီးရမည့်​ဘေးနှင့် ကင်းလွတ်ခွင့်ရခဲ့​လေသည်။

ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။

ယ​နေ့ကျွန်ုပ်တို့၏ ကြိုးစား၍ ဆု​တောင်းခြင်း၊ အစာ​ရှောင်ခြင်း၊ အစာ​ရှောင်ရာအချိန်ကို ​ကြေညာခြင်း၊ အဓမ္မလမ်း အဓမ္မအမှုတို့ကို ​ရှောင်ခြင်း၊ ​နောင်တရခြင်းတို့သည်ပင်လျှင် ကျွန်ုပ်တို့၏ ပြည်​​တော်ကြီးကို ချမ်းသာခွင့် ရ​ပေဦးမည်ဟု အကျွန်ုပ်ယုံကြည်ပါသည်။ ထို့​ကြောင့် ကျွန်ုပ်တို့၏ နိုငိငံ​တော်ကြီး ​အေးချမ်းပါ​စေ၊ နိုင်ငံ​တော်ကြီး သာယာပါ​စေ၊ နိုင်ငံ​တော်ကြီး ကျန်းမာပါ​စေ၊ နိုင်ငံ​တော်ကြီး ဖွံ့ဖြိုးတိုးတက်ပါ​စေ၊ နိုင်ငံ​​တော်ကြီး တည်မြဲပါ​စေဟုသာ ဆုမွန်​ကောင်း​တောင်းလျက် “နိ​နေ​ဝေမြို့ကြီးကို ချမ်းသာ​ပေးသလို ပြည်​တော်ကြီးကို ချမ်းသာ​ပေးပါ ဘုရားသခင်” …..

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။