Skip to content

နှစ်ခြင်းဆရာ​ဟောဟန်ကို သမ္မာတရား၌သာ ရပ်တည်သူ၊ မှားယွင်းခြင်းများကို ​ထောက်ပြတတ်သူ၊ အမှန်တရားကိုမြတ်နိုး၍ အဓမ္မတရားကို ရွံရှာသူဟု သမုတ်နိုင်​ပေသည်။ ​ထို့အပြင် နှစ်ခြင်းဆရာယောဟန်ကို သခင်​ယေရှု၏ ​ရှေ့​ပြေးဟုဆိုနိုင်သည်။ သူသည် လူများကို ​နောင်တရရန် တရား​ဟောသူ၊ ​ရေနှစ်ခြင်း​ပေးသူ၊ သမ္မာတရားနှင့်အညီ သွန်သင်တတ်​သောသူလည်းဖြစ်သည်။

​ဟေရုဒ်မင်း ဆိုသူသည် တစ်ရက်တွင် အိမ်​ထောင်​ရေး​ဖောက်ပြန်ခဲ့သည်။ သူသည် သူ၏ညီ ဖိလိပ္ပု၏မိန်းမ ​ဟေ​ရောဒိနှင့် လိင်ပိုင်းဆိုင်ရာ ​ဖောက်ပြန်ခဲ့ကြသည်။ အမှန်တကယ်ဆိုလျှင် ခယ်မအဖြစ်​​တော်စပ်သူဖြစ်​သော်လည်း လူမှု​ရေး​ဖောက်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအရာကို ​နှစ်ခြင်းဆရာ​ယောဟန်သည် မသိချင်​ယောင် မ​ဆောင်ခဲ့​ပေ။ ဟေရုဒ်သည် ရာထူးအာဏာရှိ​သောသူ ဖြစ်​သော်လည်း ​နှစ်ခြင်းဆရာယောဟန်သည် ထိုသူအားကြောက်ရွံ့ခြင်းမရှိ၊ ဘက်လိုက်ခြင်းမရှိ၊ မျက်နှာလည်းမလိုက်ခဲ့​ပေ။ ထိုသူ၏ ကျူးလွန်​ခြင်းသည် မှားယွင်း​သောအမှုအရာဖြစ်​ကြောင်းကို ​ထောက်ပြခဲ့သဖြင့် ​ဟေရုဒ်၏ အမျက်တော်ရှခြင်းကို ခံခဲ့ရ​ပေသည်။ ​ယောဟန်ကို သတ်ပစ်ချင်​လောက်သည်အထိ မုန်းခဲ့​သော်လည်း ပြည်သားများ၏ ဆန္ဒကိုလည်း ငဲ့ကွက်ရသည့်အတွက် စိတ်ကိုထိန်းခဲ့ရ​ပေသည်။ သို့​သော် ထိုအမှုအရာ​ကြောင့် ​ထောင်ကျခဲ့ရသည်။ တနည်းဆိုရ​​သော် မတရား​သောအမှု​ကို ​ထောက်ပြ​သောကြောင့် မတရား​ထောင်ကျခဲ့ရသည်။ သမ္မာတရားဖြင့်​ထောက်ပြ​သော အမှုအရာ​ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းပင်ဖြစ်​ပေသည် မဟုတ်ပါလား။

ရှင်မဿဲခရစ်ဝင် ၁၄:၃-၄
အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။
အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။

ယ​နေ့တွင်လည်း ထို့သို့​သော မတရားမှုများ၊ အဓမ္မအရာများ၊ မှားယွင်း​သောအမှုအရာများစွာတို့သည် ​လောကကြီးထဲတွင် လွန်ကျူး​ပျော်ပါး​လျက်နေကြ​သူများလည်း ရှိ​ပေလိမ့်မည်ဖြစ်သည်။ မတရား​သောအရာကို မတရားဘူးဟု​ပြောပြခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ အဓမ္မအရာဖြစ်​ကြောင်းကို ဓမ္မအရာဖြင့်​ဖော်ပြ​ပေးခြင်း၊ မှားယွင်း​သောဩဝါဒများကို ​ထောက်ပြခြင်း၊ သမ္မာတရားအတိုင်း ​ဖော်ပြ​ထောက်ပြ​ပေးခြင်းတို့သည် ​နှစ်ခြင်းဆရာ​ဟောဟန်ကဲ့သို့ မတရားဖမ်းဆီး​ထောင်ချခံရသကဲ့သို့ဖြစ်​ကောင်းဖြစ်​ပေမည်၊ တနည်းဆိုရ​သော် လူကြိုက်နည်း​ကောင်းနည်းမည်၊ မိတ်ပျက်မည်၊ အ​ပေါင်းအသင်းနည်းနိုင်မည်၊ အမှား​ဖော်ပြ၍ လူမုန်းများမည်၊ အလှူ​ငွေမရခြင်းလည်းဖြစ်​ကောင်းဖြစ်နိုင်ပါသည်။

သို့​သော် သမ္မာတရားအတိုင်းရပ်တည်၍ ဓမ္မလမ်းစဥ်အတိုင်းသာ လိုက်​လျှောက်ကြသည့် ယုံကြည်သူများမှာ​တော့ ​နှစ်ခြင်းဆရာယောဟန်ကဲ့သို့ အပြစ်ကိုဆက်လက်​ဖော်ပြကြမည်မှာ မြေကြီးလက်ခတ်မလွဲ​ပေ။ ထို့​ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက် နှုတ်ဆိတ်​နေခြင်းကို ​ရှောင်ကျဥ်ကာ သမ္မာတရား​ကြောင့် မတရားခံရ​စေဦး​တော့ သမ္မာတရား၌သာပြတ်ပြတ်သားသား ရပ်တည်ကြသူများဖြစ်​စေကြဖို့ရန် အ​ရေးကြီးသည် မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။