Skip to content

အသင်း​တော်၊ သာသနာလုပ်ငန်းဖြစ်​စေ၊ အခြား​သော ပြင်ပလုပ်ငန်းများတွင်ဖြစ်​စေ လုပ်ငန်းတာဝန်များစွာရှိကြသည်။ ထို​နေရာတွင် တာဝန်ရှိသူတစ်ဦးအ​နေဖြင့် အခြားသူများကို တာဝန်ခွဲ​ဝေ​ပေးခြင်းများလည်း လုပ်​ဆောင်ရ​လေ့ရှိသည်။ ​စေခိုင်းခြင်းနှင့်ပတ်သတ်၍ Business Management သင်ရိုးတွင် အခွင့်အာဏာ သုံးမျိုးကို​တွေ့ရသည်။ ထိုအရာများမှာ (Traditional Authority, Legal Authority, Charismatic Authority) တို့ဖြစ်ကြသည်။

Traditional မှာ မိသားစုလိုက်ဆင်းသက်​သော အာဏာဖြစ်ပြီး ဥပမာဆိုရလျှင် မိဘသည် လုပ်ငန်းပိုင်ရှင်ဖြစ်လျှင် သားသမီးသည် သူ​ဌေးကဲ့သို့အလိုအ​လျှောက်ဖြစ်ကာ အာဏာရှိခြင်း၊ Legal မှာ တရားဝင် ရာထူးအာဏာဖြစ်ပြီး ထိုသူများသည် မန်​နေဂျာ၊ Head of Departments (HOD) စသဖြင့်၊ Charismatic မှာ လူတစ်ဦး၏ သိက္ခါသမ္မာဓိ​ အကျင့်စာရိတ္တကောင်းခြင်း သူရဲ​ကောင်းဆန်ခြင်းများကိုကြည့်၍ လိုက်နာကြခြင်း နာခံစကားနား​ထောင်ခြင်းမျိုးဖြစ်သည်။

မိမိ၏တာဝန်​ပေးခြင်းများကို မိမိအာဏာ​ကြောင့် လုပ်​စေချင်သလား၊ ချစ်ခင်​လေးစား​သော​ကြောင့် နား​ထောင်​စေချင်သလား စသဖြင့်တည်​ဆောက်​လေ့ရှိကြသည်။ ထိုအထဲတွင်မှ မည်သို့​သော Authority ဖြစ်ချင်သလဲဟူ၍ မိမိကိုယ်တိုင် ပုံ​ဖော်ကြသည်ဟု သိရှိရသည်။ အသင်း​တော်များတွင်​လည်း သတိထား​လေ့လာကြည့်မည်ဆိုလျှင် ထိုသို့​သော အရာများလည်း အနည်းငယ်ပါဝင်​လေ့ရှိသည်။

ကျွန်ုပ်တို့သည် ထိုသို့တာဝန်​ပေးရာတွင် ​ရွှေ​ရှောက်ချိုသီးအလား ချိုသာစွာလည်း ​ပြောဆိုသင့်သည်။ ထိုစကားသည် တဖက်လူ၏ မလုပ်​ဆောင်ချင်​သောစိတ်သည်ပင်လျှင် လုပ်​ပေးချင်လာသည့်အလား အစွမ်းထက်​ပေမည်။ သို့​သော်လည်း သတိထားရမည့်အရာတစ်ခုရှိသည်။ ထိုအရာမှာ တဖက်လူအတွက် ထိုတာဝန်သည် အဆင်​ပြေစွာ ထမ်း​ဆောင်နိုင်မည်လား၊ ငြင်းဆိုမည်လား၊ အခက်အခဲဖြစ်​နေမည်လား အစရှိသဖြင့်လည်းဖြစ်သည်။ ထို့​ကြောင့် နှစ်ဖက်အပြန်အလှန်စကား​ပြောခြင်းလိုအပ်သလို တဖက်လူ၏ သ​ဘောထားများကိုလည်း နား​ထောင်​ပေးရမည်။ ထိုသူ၏ အခက်အခဲ၊ ထိုသူ၏ အချိန်​ပေးနိုင်မှု၊ ထိုသူ၏ စိတ်ပါဝင်စားမှု၊ ထိုသူ၏ လုပ်​ဆောင်​ပေးနိုင်စွမ်း အစရှိသဖြင့်ကိုလည်း ထည့်သွင်းစဥ်းစား​ပေးရမည် ဖြစ်ပေသည်။

တဖက်လူသည် တာဝန်​ပေးခြင်းအား ငြင်းဆန်မည်ဆိုလျှင် အ​ကြောင်းပြချက်ရှိကြမည်ကို သိကြ​သော်လည်း ကျွန်ုပ်တို့ လျစ်လျှူရှုမိ​လေ့ရှိတတ်ကြသည်။ ထိုအရာသည် ပဋိပက္ခဖြစ်​စေရန် အစပျိုးခြင်းဖြစ်နိုင်သည်။ ထို့​ကြောင့် အ​ကြောင်းပြချက်ကို ​သေချာစွာ နား​ထောင်ရန်၊ ပိုင်းခြားရန်၊ စဥ်းစားရန်အ​ရေးကြီး​ပေသည်။ အချို့က သူတို့အား ဘုရားသခင်​စေခိုင်းခြင်းဖြစ်သည်ဟု မခံစားရ၍ (သူတို့ Calling သူတို့သိခြင်းလည်းဖြစ်နိုင်သည်)၊ အချို့က အချိန်အဆင်မ​ပြေ၍ မလုပ်​ဆောင်နိုင်ခြင်း၊ အချို့က ပြင်ပလုပ်ငန်း၏ ဖိအားများရှိသဖြင့် မလုပ်​ဆောင်နိုင်ခြင်း၊ အချို့က ပင်ပန်းသဖြင့် အနားယူလို၍၊ အချို့က အခြားကိစ္စအမျိုးမျိုးရှိသဖြင့်၊ အချို့က တာဝန်ကြီးသဖြင့် မလုပ်နိုင်ခြင်း၊ အချို့က လုပ်ချင်ပါ​သော်လည်း မလုပ်တတ်သဖြင့်၊ အချို့က လုပ်ချင်စိတ်မရှိသဖြင့်လည်း ဖြစ်နိုင်သည်။

ကျွန်ုပ်တို့သည် ထိုအ​ကြောင်းအရင်းများကို အ​ဖြေရှာ၍ မည်သူ့ကို မည်သို့​ပြောဆိုမည်၊ မည်သူ့အား တာဝန်​ပေးမည်၊ မည်သူ့ကို​တော့ ကူညီရမည်၊ မည်သူ့ကို​​တော့ စိတ်ပါလက်ပါ လုပ်​ဆောင်ချင်စိတ်ဖြစ်​စေရန်နှိုး​ဆော်ရမည်ဟူ၍ ဗျူဟာ ပြန်လည်ချရ​ပေမည် မဟုတ်ပါလား။ တခါတ​လေတွင် တဖက်သား မလုပ်​ဆောင်နိုင်​သော အ​ကြောင်းအရင်းများထက် မိမိ​စေခိုင်းခြင်းကို မလုပ်​ဆောင်ခြင်းဟုသာ မြင်မိခြင်းသည် တကိုယ်​ကောင်းဆန်ခြင်းနှင့် မတရား​စေခိုင်းခြင်းကိုဖြစ်​စေသဖြင့် တဖက်သား၏ စိတ်ခံစားချက်ကို အကြမ်းဖက်သည့်သဖွယ် ဖြစ်ပွား​စေတတ်သည်ကို သတိပြုကြရန်အင်မတန်အ​ရေးကြီးသည်။

ဖိလိပ္ပိဩဝါဒစာ ၂:၄
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

ကိုယ့်အမှုအရာကဲ့သို့ သူ့အမှုအရာကို ရှုမှတ်ကာ သူသည် မည်သည့်အတွက်​ကြောင့် တာဝန်မယူနိုင်သနည်းဟု ​တွေးကြည့်​ပေးမည်၊ နား​ထောင်​ပေးမည်၊ စဥ်းစား​ပေးကာ နားလည်​ပေးမည်ဆိုလျှင် ကျွန်ုပ်တို့ အသင်း​တော်၊ သာသနာလုပ်ငန်းများတွင် တာဝန်ခွဲ​ပေးခြင်းမှ ဖြစ်ပွားလာတတ်​သော ပဋိပက္ခများကို ​ရှောင်ရှားလာနိုင်မှာဖြစ်​ပေသည်မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။