Skip to content

လူမိုက် မဖြစ်​စေဖို့ရာ

ရှင်မဿဲ အခန်းကြီး ၇ ကိုကြည့်လျှင် ​ကျောက်​ပေါ်တွင်အိမ်ကိုတည်​ဆောက်​သော ပညာရှိနှင့် သဲ​ပေါ်တွင် အိမ်ကိုတည်​ဆောက်​သော လူမိုက်တို့အ​ကြောင်းကို​ တွေ့ရ​ပေသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ အသက်တာအတွက်ဆင်ခြင်ရန် အင်မတန်မှ အ​ရေးကြီး​သော အ​ကြောင်းအရာတစ်ခုပင်ဖြစ်​ပေသည်။ 

ပညာမဲ့ဟု​ မဆိုဘဲ “လူမိုက်” ဟုသာဆိုသည်ကိုလည်း သတိပြုစရာအဖြစ်မြင်​တွေ့ရသည်။ KJV နှင့် NIV တွင်လည်း “a foolish man” ဟုသုံးထား​ပေသည်။ ထို “foolish, godless” ဆိုသည့် အဓိပ္ပါယ်ရ​သောစကားလုံးကို (Greek ဘာသာစကားအရ “mo-ros” မိုရက်ရှ်) ဟုခေါ်သည်။ ထို “mo-ros” ဆိုသည့်စကားလုံးကိုလည်း ဓမ္မသစ်ထဲတွင် ၁၃ ကြိမ်​တွေ့ရ​ပေသည်။ 

ရှင်မဿဲခရစ်ဝင် ၇:၂၆

အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ 

ကျွန်ုပ်တို့သည် သဲတည်းဟူ​သော မတည်မြဲခြင်းများအ​ပေါ်၌သာ မိမိတို့၏အသက်တာအိမ်ကို တည်​ဆောက်လျှက်ရှိကြသည်ကို ဆင်ခြင်ရန်ဖြစ်​ပေသည်မဟုတ်ပါလား။ ဥပမာဆိုရလျှင်ဖြင့် ထိုအရာများသည် မိမိတို့၏ ရာထူးအ​ပေါ်၌ တည်ထားခြင်းများလည်းဖြစ်နိုင်သကဲ့သို့ မိမိတို့၏ အာဏာအ​ပေါ်၌သာ တည်ထားခြင်းများလည်းဖြစ်နိုင်​ပေသည်။ ထိုသို့ ရာထူး၊ စည်းစိမ်၊ အာဏာ စသည်တို့အ​ပေါ်၌သာ တည်​သောအသက်တာသည် ထိုအရာများ ပျက်ဆီးဆုံးရှုံးသွား​သော​နောက်တွင် သဲ​ပေါ်တွင်တည်​သော အိမ်ကဲ့သို့ပင် ကြီးစွာ​သော ပြိုလဲပျက်ဆီးခြင်းသို့ ​ရောက်တတ်သည်ကိုလည်း သတိပြုမိ​စေရန်လို​ပေသည်။ 

ရာထူးရှိခဲ့စဥ်၊ အာဏာရှိခဲ့စဥ်က ဝါကြွားခဲ့သမျှ ပြုခဲ့သမျှတို့နှင့် ဆန့်ကျင်ဘက်​ဖြစ်လာ​သောအခါတွင် ပြိုလဲဆုံးရှုံးသွား​သည့်အသက်တာဖြစ်ခဲ့ကြ​သော သမိုင်း​ကြောင်းများ၊ အဖြစ်အပျက်များကို သိကြ​ပေလိမ့်မည်။ ထို့အတူပင် စီးပွားပျက်သွား၍​သော်လည်း​ကောင်း မိသားစုအ​ရေး​ကြောင့်​သော်လည်း​ကောင်း အဆုံးစီရင်ခြင်းများသည်လည်း သဲ​ပေါ်တွင် တည်​ဆောက်ခဲ့မိခြင်းများ​ကြောင့်ဟုပင် ဆိုကြ​ပေအံ့။ 

မတည်မြဲခြင်းတည်းဟူ​သော သဲများဖြစ်​သော နမိတ်လက္ခဏာများအ​ပေါ်၌​သော်လည်း​ကောင်း၊ ဆရာသမားများအ​ပေါ်၌​သော်လည်း​ကောင်း၊ တည်ထား​သော အသက်တာသည်လည်း ထိုနည်းတူဖြစ်နိုင်​ချေများစွာရှိသည်။ သခင့်ကိုမြင်ရမည်ထက် နမိတ်လက္ခဏာကိုသာ မြင်၍ ထို​နောက်သာလိုက်၍ လမ်းလွဲသွားခြင်း၊ သခင့်စကားကြားရဖို့ရန်ထက် ဆရာသမားစကားသာ နား​ထောင်၍ သမ္မာတရားကို ပိုင်းခြားမှုမရှိ​တော့ဘဲ ထိုသူအ​ပေါ်၌သာတည်မိခြင်းသည်လည်း သူလွဲလျှင် ကိုယ်ပါလွဲသွား​စေခြင်း စသဖြင့်​သော ပြိုလဲခြင်းများ​ပေတည်း … 

ထို့​ကြောင့် ကျွန်ုပ်တို့၏ ​နေ့စဥ်အသက်တာသည် မည်သည့်အ​ပေါ်၌ တည်ထားသနည်းဟု ဆင်ခြင်ကြကာ “မိုးရွာ၍ ​ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်​သောအခါ ကြီးစွာ​သော ပြိုလဲခြင်းသို့ ​ရောက်​လေသည်” ဆိုသည်ကို နှလုံးသွင်းလျှက် “လူမိုက် မဖြစ်​စေကြဖို့ရာ” ဆင်ခြင်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။