Skip to content

သခင့်အလိုတော်ရှိသည်အတိုင်း

တစ်ခါတလေ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခခံဖို့ကို ဘုရားသခင်က ခွင့်ပြုတာတင်မဟုတ်ဘူး အလိုတော်ရှိနေတာမျိုး …

ဘာလို့လဲဆိုတော့ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခကို ခရစ်တော်၌/ခရစ်တော်အားဖြင့် ရရှိထားသော မျှော်လင့်ချက်နဲ့အတူ ခံယူရဲတဲ့ သူတွေရဲ့ အသက်တာကို ကြည့်ပြီး ထိုမျှော်လင့်ခြင်း အကြောင်းကို လူတွေ မေးမြန်းလာစေဖို့ ဖြစ်တယ်။ ဒါဟာ ဘုရားရဲ့ ကြီးမြတ်တဲ့ အကြံစည်ပါပဲ။

ဆင်းရဲခြင်းကို ရင်းလိုက်ရပေမဲ့ ဖြောင့်မတ်ခြင်းကို မဆုံးရှုံးရတဲ့ လမ်းစဉ်။ ဘယ်လောက်ထိ မွန်မြတ်သလဲ။ ဒါ့အပြင် အခြားလူတွေကအစ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း တည်ရာ ကယ်တင်ရှင် ခရစ်တော်အကြောင်းလည်း ကြားသိကြရဦးမယ် … 😇

ကျွန်တော်တို့ဘက်ကသာ ဖြောင့်မတ်ခြင်း တရားအတွက် မားမားမတ်မတ်ရပ်တည်ကာ ကျေးဇူးတော်ကြောင့် ရရှိထားတဲ့ မျှော်လင့်ခြင်းအကြောင်းကို ကျိုးကြောင်းညီစွာ ပြန်ပြောပြနိုင်ဖို့ အသင့်ရှိကြပါရဲ့လား။

“ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။- စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။”
(
ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၃:၁၄-၁၅)

ဘု​ရား​သ​ခင့် အ​လို​တော်​ရှိ​လျှင်၊ သု​စ​ရိုက်​ကို​ပြု၍ ဆင်း​ရဲ​ခံ​ခြင်း​သည်၊ ဒု​စ​ရိုက်​ကို​ပြု၍ ခံ​ခြင်း​ထက် သာ၍​ကောင်း၏။-
(
ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၃:၁၇)