Skip to content

ရန်သူတို့ တဘက်၌ ဆုတောင်းခြင်း

တချို့သောဆာလံတွေမှာ ဒါဝိဒ်နှင့် အခြားသောဆာလံဆရာတွေဟာ သူတို့ရဲ့ရန်သူတွေအပေါ် အမျတ်တော်အကုန်အစင်သွန်းလောင်းဖို့ ဘုရားသခင်ထံတောင်းဆိုတဲ့ ဆာလံတွေကိုတွေ့ဖူးပါလိမ့်မယ်။
(ဆာလံ ၅၅၊ ၅၉၊ ၆၉၊ ၇၉၊ ၁၀၉၊ ၁၃၇)
လူအချို့ကဘယ်လိုပြောဆိုသလည်းဆိုရင် ဤသို့သောဆာလံတွေဟာ မောရှေသည်ဣသရေလူမျိုးကိုယ်စား ကြားဝင်ဆုတောင်းပေးခြင်းနှင့် သင်၏ရန်သူကိုချစ်လော့ဟူသော သခင်ခရစ်တော်၏သွန်သင်ခြင်း(လုကာ ၆:၂၇) နှင့် မကိုက်ညီ၊ တသမတ်တည်းမဖြစ်ဘူးဟု ဆိုကြပါတယ်။
ဒီနေရာမှာ သတိထားဖို့ရာအရေးကြီးသောအချက်မှာ ရန်သူများ၏ရန်ပြုရန်လိုခြင်းဟာ အထက်ကပြောခဲ့သောဆုတောင်းခြင်းမျိုးကိုပြုသော ဆာလံဆရာတွေကို တိုက်ရိုက်တိုက်ခိုက်ခြင်းထက် မေရှိယကိုပေါ်ထွန်းစေမည့် ဘုရားသခင်၏အကြံအစည်အားဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်။
ဒါကြောင့် ဆာလံဆရာတွေရဲ့ “ဘုရားသခင်စီရင်ပါ”လို့ဆိုတဲ့ ခက်ထန်သောဆုတောင်းစကားတွေဟာ သူတို့ရဲ့ရန်သူကိုလက်စားချေလိုစိတ်ကနေ အစပျိုးလာခြင်းမဟုတ်ပဲ ဘုရားသခင်၏နိုင်ငံတော်နှင့်ဘုန်းတော်ထင်ရှားစေခြင်းငှာ စိတ်အားထက်သန်မှုထဲကထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဘုရားသခင်အားချစ်သောသူတွေဟာ တရားမျှတမှုသည် ပြည့်စုံပြီးမြောက်ခြင်းသို့ရေက်ခြင်းကို တောင့်တသလို မတရားသောသူသည် အချိန်မနှောင်းခင်နောင်တရလျက် လှည့်ပြန်လာခြင်းကိုလည်းတောင့်တပါတယ်။

ဆက်လက်ဆုတောင်း