“ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။”
ဆာလံကျမ်း ၄၆:၁၀
ငြိမ်ဝပ်ခြင်း ကင်းမဲ့
တုန်လှုပ်ခြင်း ပြည့်နှက်
မရေရာတဲ့ ရှေ့အတွက်
ရင်ဆိုင်ရင်း ရှေ့ဆက်
သေချာတဲ့ ကတိစကား
ရေရာတဲ့ သခင့်အနား
ငြိမ်ဝပ်လျက် သိမှတ်ထား
ထိုသူကား “ဘုန်းကြီးသခင်ဘုရား”
~သိမှတ်တိုးဝင်လျက် ငြိမ်ဝပ်မြော်လင့်ကြပါစို့~
မငြိမ်ဝပ်ခြင်းထဲမှငြိမ်ဝပ်လျက်
Thy Logos
https://t.me/thylogosMy