Skip to content

ယေရှုခရစ်တော်ကို ရှိခိုးပါ။ ကိုယ်တော်ကို ပြပ်ဝတ်ကိုးကွယ်ပါ။ ကိုယ်တော်ရှင် ယေရှု၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပါ။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် (ဧမာနွေလ) ဖြစ်သောကြောင့်တည်း။

ရှင်သောမက သခင့်ကို “ဘုရားသခင်” လို့ ခေါ်တဲ့အခါ သခင်က ငါကား ဘုရားသခင် မဟုတ်ဘူး လို့ မငြင်းပယ်ခဲ့ပါဘူး။

ငါ့ကို မရှိခိုးပါနဲ့။ မကိုးကွယ်ပါနဲ့လို့လည်း မပြောခဲ့သလို ငါ့ကို “ဘုရားသခင်(God)လို့ မခေါ်ပါနဲ့လို့လည်း မဆုံးမခဲ့ပါ။

ငါကား ပရောဖက်တပါးမျှသာ ဖြစ်တယ်” လို့လည်း ပြန်မပြောခဲ့ပါ။

ငါကား ယေဟောဝါဘုရားရဲ့ တမန်တော်တပါးမျှသာ ဖြစ်တယ်” လို့လည်း မပြောခဲ့ပါ။

အကယ်လို့ သခင်ယေရှု ဟာ ဘုရားသခင် မဟုတ်ခဲ့ပါလျှင် သောမရဲ့ ထွက်ဆိုမှုကို ချက်ခြင်းငြင်းဆိုရပေမည်။ ဘာကြောင့်လဲ။

အကြောင်းမှာ သခင်ကိုယ်တော်တိုင် သခင့်နှုတ်တော်ကနေပဲ သင်၏ ဘုရားသခင်ထာဝရဘုရားတပါးတည်းကိုသာ ပြပ်ဝတ်ကိုးကွယ်ရမယ် လို့ ပြောထားခဲ့ပြီးလို့ ဖြစ်တယ်။ နောက်ပြီး ဓမ္မဟောင်းကျမ်းမှာလည်း ငါမှတပါး အခြားသောဘုရား မရှိ လို့ ထာဝရဘုရားက မိန့်ဆိုထားပြီး ဖြစ်တယ်။

ဒါဆို ဖြစ်နိုင်ချေ ၃ ခုပဲ ရှိတယ်။

၁။ သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်လော။

၂။ သခင်ယေရှူသည် ထာဝရဘုရားကို ပြစ်မှားစော်ကားသူလော။

၃။ သခင်ယေရှုသည် သူရူးတယောက်လော။

သခင်ယေရှုကို အရူးတယောက်လို့ ထင်နေရင်တော့ ထင်တဲ့သူသာလျှင် ရူးနေလို့ဖြစ်ပါလိမ့်မယ်။ ကိုယ်တော်ဟောတော်မူသော တရားတော်များနှင့် ပြုတော်မူသော အမှုတော်လုပ်ငန်းများအားဖြင့်သော်လည်းကောင်း၊ သခင်ယေရှုသက်တော်စဉ်သမိုင်းစာေပ၊ သက်သေအထောက်အထားများအားဖြင့်သော်လည်း သခင်ယေရှုဟာ သူရူးတယောက်မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ နံပါတ် ၃ သည် အကျုံးမဝင်ပါ။
(၃။ သခင်ယေရှုသည် သူရူးတယောက်)

သခင်ယေရှုဟာ ကိုယ်တော်တိုင် ဘုရားသခင် မဟုတ်ပါဘဲလျက် သောမက “ဘုရားသခင် (God)လို့ ခေါ်တာကို မငြင်းဆိုပါက ကိုယ်တော်သည် လူစီဖာ စာတန်မာန်နတ်သားကဲ့သို့ ထာဝရဘုရားကို ပုခုံးချင်း လာယှဉ်သူ၊ ထာဝရဘုရားကို ဂုဏ်ပြိုင်လုယူသူ သို့မဟုတ် ထာဝရဘုရားကို ပြစ်မှားစော်ကားသူသာ ဖြစ်ပေလိမ့်မယ်။ အဲ့လိုသာအမှန်ဆိုရင် သခင်ယေရှုသည် ဘုရားစေလွှတ်သော ပရောဖက် လုံးဝမဖြစ်နိုင်ပါ။ ပရောဖက်တောင် မဖြစ်နိုင်ပါဘူးဆိုမှတော့ ယေဟောဝါရဲ့ သားဦး အချစ်တော် ဖြစ်နိုင်စရာအကြောင်းမရှိ။ (ဘုရားသခင်ကို ပုခုံးချင်းယှဉ်ချင်တဲ့ လူစီဖာ(စာတန်မာရ်နတ်) ကို ဘုရားသခင် ဘယ်လိုတုံ့ပြန်ခဲ့သလဲ အမှတ်ရပါ)

သခင်ယေရှုကို ဘုရားသခင်အဖြစ် မပြပ်ဝတ်၊ မကိုးကွယ်သူ အချို့က ကိုယ်တော်ကို “ပရောဖက်” သို့မဟုတ် “တမန်တော်” ဟူ၍ အသီးသီး လက်ခံယုံကြည်ထားကြပါတယ်။ အချို့သော သခင်ယေရှုကို မကိုးကွယ်သူတွေကျပြန်တော့ ယေဟောဝါထာဝရဘုရားရဲ့ ပထမဦးဆုံး ဖန်ဆင်းခံ သားဦးအဖြစ်၎င်း၊ ကောင်းကင်တမန်မင်း အဖြစ်၎င်း လက်ခံယုံကြည်ထားကြပါတယ်။ ဒါဆိုရင် ထိုသူတို့ရဲ့ ယုံကြည်ချက်အရ ဖြစ်နိုင်ချေ နံပါတ် ၂ သည် အကျုံးမဝင်။
(၂။ သခင်ယေရှူသည် ထာဝရဘုရားကို ပြစ်မှားစော်ကားသူ)

ဒါကြောင့် သခင်ယေရှုသည် ရှိခိုး ကိုးကွယ်ထိုက်သော ဖန်ဆင်းရှင် ထာဝဘုရားသခင်ဖြစ်ပါတယ်။
(၁။ သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်) Check Mark Button on Apple iOS 14.2

ငါက ထာဝရဘုရားသခင်။ ငါ့ကို ပြပ်ဝပ်ကိုးကွယ်ကြစေ ဆိုတဲ့ စကားစုအတိအကျဖြင့် ကျမ်းစာ(Bible)ရဲ့ ဘယ်နေရာမှာများ သခင်ယေရှုက ပြောခဲ့လို့လဲ ဆိုပြီး မေးလာခဲ့ရင်

ယေရှုခရစ်တော်ကို ကိုးကွယ်သူ ကျွန်တော်တို့ခရစ်ယာန်များသည်လည်း အဆွေတို့ကဲ့သို့ပင် ေအာက်ပါအတိုင်း quote လုပ်ထားတဲ့ စကားစုအတိအကျဖြင့် ပြတာကို လိုချင်ပါ၏။

ငါက ထာဝရဘုရားသခင် မဟုတ်ဘူး။ ငါ့ကို မကိုးကွယ်ကြပါလေနှင့်။ဆိုတဲ့ စကားစုအတိအကျဖြင့် ကျမ်းစာ(Bible)ရဲ့ ဘယ်နေရာမှာများ သခင်ယေရှုက ပြောခဲ့လို့လဲ ခင်ဗျ။

How about now? Fair enough?
Please Read the Bible carefully. Think logically.
Please be wise.
DO NOT use or take the Bible verses OUT OF context based on your religious bias !!!
Jesus is God and Worship Him!

ဤမှတ်တမ်းကို မျက်မြင်သက်သေတဦးဖြစ်သည့် တမန်တော်ရှင်ယောဟန်က သူ၏ ခရစ်ဝင်ကျမ်း ၂၀ : ၂၄-၂၉ တွင် မှတ်တမ်းတင်ခဲ့လေသည်။ ဤမှတ်တမ်းသည် မျက်မြင်သက်သေများ သက်ရှိထင်ရှားရှိနေသေးသည့် AD ပထမရာစု (AD 90-100) အတွင်း၌ပင် ရေးသားထားခဲ့သောမှတ်တမ်းဖြစ်သောကြောင့် ဓမ္မပညာရှင်များနှင့် သမိုင်းပညာအများစုသည် ယုံကြည်စိတ်ချဖွယ်ရာမှတ်တမ်းအဖြစ် ခံယူကြလေသည်။