Skip to content

“လူ​တို့​သည် ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ မ​ရောက်၊- ယေ​ရှုခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။-
ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ ငါ​တို့​သည် ကြိုး​စား​လျက်​ပင်၊ အ​ပြစ် ထင်​ရှား​သော​သူ ဖြစ်​သေး​သည်​မှန်​လျှင်၊ ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​ကို ပြု​စု​သော​သူ​ဖြစ်​သ​လော။- ထို​သို့​မ​ဖြစ်​နိုင်​ရာ။ အ​ထက်​က ငါ​ဖြို​ဖျက်​သော အ​ရာ​ကို နောက်​တစ်​ဖန် ငါ​တည်​ဆောက်​ပြန်​လျှင်၊ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို ထင်​ရှား​စွာ​ပြ၏။- ထို​မှ​တစ်​ပါး၊ ငါ​သည် ဘု​ရား​သ​ခင်​နှင့် ဆိုင်​သော​အ​ရာ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌ ပ​ညတ်​တ​ရား​အား​ဖြင့် သေ​လျက်​နေ၏။-
ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။
သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။”

ဂ လာ တိ ဩ ဝါ ဒ စာ။ 2:15-21 JBMLE