“သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။”
သက်သာလောနိတ်ဩဝါဒစာပထမစောင် 1:3
၁) ယုံကြည်ခြင်းက အလုပ်ကို သီးပွင့်စေတယ် – ယေရှုခရစ်တော်အပေါ် ထားရှိတဲ့ စစ်မှန်သော ယုံကြည်ခြင်းက ကျွန်တော်တို့ အသက်တာကို ပြောင်းလဲစေပြီး ကောင်းသောအကျင့်ကို ကျင့်စေတယ်။
၂) မေတ္တာက ကြိုးစားအားထုတ်စေတယ် – ခရစ်တော်ရဲ့ မေတ္တာတော်ကို ခံစားသိနားလည်ခြင်းက ကြိုးစားအားထုတ်မှုကို ဖြစ်စေတယ် … အဖြစ်လုပ်တာမျိုး မဟုတ်တော့ဘူး ကြိုးစားအားထုတ်လျက် လုပ်ဆောင်တာမျိုး ဖြစ်လာတယ်။
၃) မျှော်လင့်ခြင်းက (သည်းခံခြင်း) တည်ကြည်ခြင်းကို သီးပွင့်စေတယ် … စိတ်ယိုင်လွယ်တဲ့ခေတ်ကြီးထဲမှာ တည်ကြည်သော အသက်တာရရှိဖို့အတွက် သခင်ယေရှုကို မျှော်လင့်ခြင်းအားဖြင့်သာ ဖြစ်နိုင်တယ် ..
ခရစ်တော်အားဖြင့်
ယုံကြည်ခြင်း
မျှော်လင့်ခြင်း
ချစ်ခြင်း ထိုတရားသုံးပါးအပေါ် မားမားမတ်မတ် ရပ်တည်နိုင်ကြဖို့ ဆုတောင်းပေးပါတယ်