Skip to content

နှစ်သစ်လက်ဆောင် သတင်းစကား

မေး။ ။ ယေရှုခရစ်‌တော်ဟာ ဘယ်လိုဘုရားမျိုးလဲ?

ဖြေ။ ။ သခင်ယေရှုခရစ်တော်ဟာ လူ့ဥာဏ်နှင့်နားလည်မိသမျှထဲက အနည်းငယ်ဝေမျှရမည်ဆိုလျှင်

သခင်ယေရှုခရစ်တော်က လူမျိုးမရွေးဘာသာမရွေး ကိုယ်တော်၏ အမည်နာမကို ခေါ်သူတိုင်းအား ထူးတော်မူသောဘုရားသခင်လည်း ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ အလွန်သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားဇာတိကို‌တောင်စွန့်ပြီး လောကမှာရှိသော လူသားအားလုံးအတွက် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်အပျိုကညာဝမ်း၌ ပဋိသန္ဓေယူကာ လူ့ဇာတိခံယူပြီး တနည်းအားဖြင့် လူအဖြစ်ဆင်းသက်ကာ သင်နှင့် ကျွန်ုပ်အတွက် လက်ဝါးကားတိုင်လို ရာဇဝတ်သားတွေကို ကွပ်မျက်တဲ့နေရာမှာ လူသားတိုင်းတွက် အပြစ်ကြွေးကိုဆပ်ကာ အသက်စွန့်ပြီး သုံးရက်မြောက်သောနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သေခြင်းဆိုတဲ့ ဒီလောကရဲ့ကြီးမားသောလက်နက်ကိုချိုးဖျက်ကာ အောင်မြင်ပြီး ရှင်ပြန်ထမြောက်ကာ အပယ်ဆိုတဲ့ တံခါးကိုပိတ်ပြီးမှ ထာဝရကောင်းကင်တံခါးကိုဖွင့်ပေးခဲ့ပြီလေ။

သခင်ယေရှုခရစ်တော်က ထိုထာဝရကောင်းကင်တံခါးသို့ “လာလိုသူတိုင်း လာနိုင်ပေ” ဆိုပြီး နေ့ရက်တိုင်းဖိတ်ခေါ်နေ‌ပါတယ်။ သူကတရားမျှတ‌သော ဘုရားသခင်၊ သစ္စာတော်တည်သောဘုရားသခင် ဖြစ်သောကြောင့် သင်နှင့်ကျွန်ုပ်ကို လွတ်လပ်စွာရွေးချယ်ဖို့ နေ့ရက်တိုင်း အခွင့်ပေးထားတယ်။ သူဖိတ်ခေါ်သော တံခါးသို့ သင်ဝင်မလား၊ ကျောခိုင်းထွက်သွားမလားဆိုတာကတော့ သင့်ရဲ့ယနေ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ် မိတ်ဆွေ။

တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။”
ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၅၅
:

#NewYearLoveLetter# InChrist #AWord