Skip to content

ထာဝရဘုရားသည် သင့်ကိုမျော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော။ ”
(တောလည်ရာ ၆း၂၆)

သခင်ယေရှုခရစ်တော်က ကျွန်ပ်တို့အတွက် တံတွေးထွေးခြင်းခံ၊ ခန္ဓာကိုယ်စုတ်ပြတ်သတ်အောင်ရိုက်နှက်ခံ၊ အသွေးသွန်းခံ၊ အပြစ်သားကျွန်ုပ်အတွက် ကိုယ်စားအသေခံပြီး သစ်တိုင်မှာချိတ်ဆွဲခံကာ သင်နှင့်ကျွန်ုပ်ကို အပြစ်နွံထဲမှရွေးနှုတ်ကာ ငြိမ်သက်ခြင်းချမ်းသာကိုပေးခဲ့လေပြီ။

ဒါပေမဲ့ကျွန်ုပ်တို့အားလုံးအတွက် ထိုသခင်ပေးခဲ့တဲ့ ငြိမ်သက်ခြင်းချမ်းသာကို သင်နှင့်ကျွန်ုပ် အကြိမ်ကြိမ် လျစ်လျူရှုကာ သခင့်ရင်ကိုနာကျင်စေခဲ့ပြီလော။ စဉ်းစားပါ အဆွေ။

သင့်စိတ်နှလုံးထဲမှာ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အထီးကျန်ခြင်း တွေကိုသာ နေရာပေးသိမ်းထားမယ်ဆိုရင် (နောက်တနည်း) ဆုပ်ကိုင်ထားမယ်ဆိုရင် သခင်ယေရှုရဲ့ “ပေးခဲ့ပြီး၊ ပေးနေဆဲ၊ ပေးနေမည့် စစ်မှန်သောငြိမ်သက်ခြင်းချမ်းသာ” ကို သင့်စိတ်နှလုံးသားထဲ နေရာရှိတော့မည်မဟုတ်ပေ။ ဒါဟာ သခင့်အလိုတော် လုံးဝမဟုတ်ပေ။

သခင့်ဆီမလာနိုင်လောက်အောင် ကျွန်ုပ်တို့ဘဝထဲမှာ အလုပ်တွေအရမ်းရှုပ်နေတယ်၊ စိတ်ဖိစီးမှုတွေများနေတယ်လို့ဆင်ခြေပေးကာ ဘဝကိုဒီလိုပဲဆက်လျှောက်နေမယ်ဆိုရင် လျှောက်ရင်းလျှောက်ရင်းနဲ့ သင်ပါ ဤလောကနေ ပျောက်သွားနိုင်ပါတယ် အဆွေ။

အဆွေ အဆွေ အဆွေ” လို့ခေါ်တဲ့အသံကို သင်ကြားမယ်ဆို ခဏတော့နားစွင့်လှည့်ပါ၊ သင်အလုပ်တွေ ရှုတ်လေလေ၊ စိတ်ဖိစီးမှုတွေများလေလေ သင့်ကိုကူညီမစ သက်သာစေမည့် သခင်နဲ့အချိန်များများယူလိုက်ပါ၊ သင့်အထဲမှာ လေးနေတဲ့အရာတွေ၊ ရှုပ်ထွေးနေတဲ့အရာတွေကို သခင့်ကိုပေးလိုက်ပါ၊ သခင့်လက်ထဲ လွတ်ချလိုက်ပါ။ သခင်ယေရှုကို စိတ်ချမှုအပြည့်နဲ့ကြည့်ပြီး အသက်ကိုတဝကြီးရှုရှိုက်လိုက်ပါ။ သခင်ပြန်ပေးတဲ့ စစ်မှန်တဲ့ငြိမ်သက်ခြင်းချမ်းသာကို သခင့်လက်ထဲကနေ ရယူလိုက်ပါ၊ သင့်နှလုံးသားထဲကို ထိုအရာနဲ့ပြည့်စေပါ။
ထာဝရအဘ ငြိမ်သက်ခြင်းအရှင်ကို နေ့ရက်တိုင်းပွေ့ဖက်ကာ၊ သခင်ယေရှုခရစ်တော် ပေးတဲ့ စစ်မှန်သောရတနာ ကိုရယူအသက်ရှင်လိုက်ပါ ချစ်သော အဆွေ။

ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။”
(ဆာ​လံ​ကျမ်း ၄၆:၁၀)

ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။”
(တော​လည်​ရာ​ကျမ်း ၆:၂၅)

#ThyLogos #A_Word #TheTrueTreasure #စစ်မှန်သောရတနာ