Skip to content

ခုတလောအိမ်မှာ ဒုက္ခအပေးဆုံးက ပုရွက်ဆိတ်။
နေရာတကာမှာ သူတို့တတွေရှိတယ်။
စိတ်ပျက်စရာကောင်းပေမယ့် သူတို့ရဲ့ စည်းလုံးမှု နဲ့ လုပ်အားက သင်ခန်းစာပင်။

“အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။” (သုတ္တံကျမ်း ၆:၆)
ဘုရားက ကျွန်တော့်ကို လူပျင်းတဲ့😴… မှန်ပါတယ် ✔
ဒါတင်မကသေးဘူး။ ပုရွက်ဆိတ်ဆီကိုသွားပြီး သူရဲ့အပြုအမူတွေကို ဆင်ခြင်ခိုင်းတယ်။ “ပညာရှိ” စေဖို့ပေါ့။
ဘုရားက သင့်ကို “ဆရာကြီး” တွေဆီသွားပါလို့မပြောပါဘူး။

ပုရွက်ဆိတ် နေရာတကာမှာရှိတယ်။ နေရာတိုင်းမှာ “ဆင်ခြင်”တတ်ပြီး “ပညာရှိ” တတ်ဖို့ ဘုရားက ပုရွက်ဆိတ် အားဖြင့်သွန်သင်နေတယ် …
“ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ …” (သုတ္တံကျမ်း ၆:၇)

ကြည့်ဦး ... ပုရွက်ဆိတ်မှာ ကျွန်တော်တို့လို အချိန်နဲ့အမျှ သင်တန်းအပြည့်အဝ တက်နေတာလည်းမဟုတ်ဘူး 😏
ပြီးတော့... “နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။” (သုတ္တံကျမ်း ၆:၈)

ကျွန်တော်တို့အတွက်ယနေ့ကာလဟာ “နောက်ဆုံးသောကာလ” ပါပဲ …
ဒါပေမဲ့ ကျွန်တော်တို့တတွေ ဆင်ခြင်ခြင်း ကင်းလျက် ပညာမဲ့စွာ ရှာဖွေသိုထား စုဆောင်းနေတာ ထာဝရနဲ့ဆိုင်တဲ့အရာမဟုတ်ဘဲ á€Ąá€”တယတ အရာတွေ၊ သံချေးပိုးရွဖျက်ဆီးတတ်တဲ့ လောကရဲ့ ပုပ်ပျက်တတ်တဲ့အရာတွေများစွာကိုပဲ စုဆောင်းနေတုန်းပါပဲ …
“ခွန်အားမရှိသော အမျိုးဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပုရွက်ဆိတ်တစ်ပါး၊ …” (သုတ္တံကျမ်း ၃၀:၂၅)

ခွန်အားမရှိတဲ့အမျိုး ပုရွက်ဆိတ်၊ နွေကာလအတွက် စားစရာကိုပြင်ဆင်ရှာဖွေ စုဆောင်းနေတယ်။
ကျွန်တော်တို့တတွေရော... ထာဝရကာလအတွက် စားစရာကိုပြင်ဆင်ရှာဖွေစုဆောင်းနေပြီလား ?

သခင်ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၆:၄၈)

#ThyLogos #TheBlessedDesk #spiritual_warfare #ပုရွက်ဆိတ် #စုဆောင်း #ပြင်ဆင် #ရှာဖွေ #စားစရာ #ထာဝရကာလ