Skip to content

အမှန်တကယ် ပြောင်းလဲဖို့

ပြောင်းလဲမှုကို လူတိုင်းလိုချင်သည်
ဝတဲ့သူကပိန်ချင် ပိန်တဲ့သူကဝချင်.. “ခန္ဓာ
အခုနေ ဒီဟာ၊ တော်ကြာနေ တစ်မျိုး .. “စိတ်
ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ၊ ဘာလုပ်မှငြိမ်းချမ်းမလဲ … “ဝိညာဉ်

သိပ္ပံပညာတိုးတက်လာတယ်၊ ခန္ဓာ နဲ့ စိတ်အတွက်မြင့်တင်ပေးမယ့်အရာတွေ ကျေနပ်စေမယ့်အရာတွေကို ဖန်တီးထားပေးတာကလည်း တပုံတခေါင်းကြီးပဲ  …
ဒါပေမဲ့ သေချာစဉ်စားကြည့်တော့..
ကျွန်တော်တို့အထဲမှာ ..
“မသေချာတဲ့အရာတစ်ခုက သေချာစွာရှိနေတယ်”
ဘာလဲဆိုတော့… ဒီခန္ဓာနဲ့ စိတ်ကနေ ထာဝရခွဲခွာမယ့် ဝိညာဉ်ကဘယ်ရောက်မှာလဲ ဆိုတာပေါ့….

တစ်ခုရှိတာက ကျွန်တော်တို့က “ပြောင်းလဲမှု” ကိုပဲ ရှာကြတယ်..
“ပြောင်းလဲပေးမယ့်သူ” ကိုကျတော့ မလိုချင်ဘူး၊ မရှာဘူး...

အို “ဘုရားသခင်”၊ အကျွန်ုပ်တို့ကို “ပြောင်းလဲ” စေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ (ဆာလံကျမ်း  ၈၀:၃)

ဆာလံဆရာက “ပြောင်းလဲပေးတဲ့သူ” (ဘုရား) ဆီကိုသွားတယ်
မျက်နှာတော်အလင်း” ဆိုတဲ့ “ဘုရားရဲ့ကျေးဇူးပြုခြင်း” အားဖြင့် “ကယ်တင်ခြင်း” ကိုခံစားရတယ်

ဘုရားသခင်ဟာ..မပြောင်းလဲတဲ့ဘုရားပါ
“ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။” (ဆာလံကျမ်း  ၁၀၂:၂၇)
“ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။” (ဟေဗြဲဩဝါဒစာ ၁၃:၈)

မပြောင်းလဲတဲ့ ခမည်းတော်ဘုရားသခင်ဟာ မပြောင်းလဲတဲ့ သူရဲ့သားတော်(မျက်နှာတော်အလင်း) အားဖြင့် ကျွန်ုပ်တို့ကိုပြောင်းလဲစေပြီး ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူတယ်..
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇)

အမှန်တကယ်ပြောင်းလဲခြင်းမှာ အမှန်တကယ်ပြောင်းလဲပေးတာ ဘုရားသခင် ပါပဲ …

အမှန်တကယ်ပြောင်းလဲပေးတဲ့ ဘုရားပေးတဲ့..အရာကလည်း
“ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။” (ဟေဗြဲဩဝါဒစာ ၁၂:၂၈)

ခိုင်မာသေချာတဲ့အရာကိုရရှိထားတဲ့ ပြောင်းလဲသူတွေပီပီ ကျေးဇူးတော်ကိုစွဲလမ်းကြရအောင်…
ဒါမှလည်း နိုင်ငံတော်သားပီပီ ကြီးမြတ်တဲ့ဘုရားကို ခန့်ညား၊ ကြောက်ရွံ့၊ လျောက်ပတ်စွာ ကိုးကွယ်နိုင်မှာပေါ့။

“အမှန်တကယ်ပြောင်းလဲဖို့ အတွင်းဝိညာဉ်ကို ပြောင်းလဲပေးသူ၌ အသက်ရှင်ပါ”

#ThyLogos #TheBlessedDesk #ToHaveTheRealChange #Spiritual_warfare  #နိုင်ငံတော်သား_လူသစ်_ပြောင်းလဲသူ #ကျေးဇူးတော် #မျက်နှာတော်အလင်း #အတွင်းမှအပြင်