Skip to content

Covid 19 နှင့် ကလေးငယ်များ

မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ကူးစက်ခံရသူ ကလေးငယ်ရဲ့ video ကိုမြင်ရသူတိုင်း စိတ်သက်သာပျော်ရွှင်မယ်လို့တော့ မထင်ပါဘူး။
ဟုတ်ပါတယ်။ သူခံစားနေရတာ မြင်ရသူတိုင်း နာကျင်ရပါတယ်။ ကရုဏာသက်မိပါတယ်။ မိခင်အပေါ်မှာလည်း စာနာမိပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ရဲ့အနာဂတ်ဖြစ်တဲ့ ထိုကလေးငယ်လေးတွေအတွက် ဆုတောင်းပေးနေဖို့ရာ အလွန်အရေးကြီးပါတယ်။
သခင်ခရစ်တော်ပင်လျင် မဆီးတား မငြင်းပယ်ဘဲ အထံတော်ကိုလာစေတဲ့ ထိုကလေးငယ်လေးတွေအတွက် ကျွန်ုပ်တို့ဝန်တာထားကာ သူတို့ရဲ့ကျန်းမာရေး၊ ထို့အတွက်သာမက ဝိညာဉ်ရေးအဖို့လို့ငှါ ဆုတောင်းကြရအောင်။

ဆုတောင်းလျက်
λόγος