Skip to content

ခရစ်တော်၌ အိပ်ပျော်ခြင်း – ဆရာကြီး ရာဗီ ဇာခရိ (1946-2020)

ကမ္ဘာကျော် ခရစ်ယာန် Apologist ဆရာကြီး ရာဗီ ဇာခရိုင်းယားစ် ခရစ်တော်၌ အိပ်ပျော်ခြင်း 🥺🥺🥺
 
ဆရာကြီး ရာဗီဟာ ကျွန်တော်တို့ ThyLogos အဖွဲ့သားတွေအတွက် စံပြပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆရာကြီးဟာ ကျွန်တော်တို့ မြန်မာခရစ်ယာန်လူငယ်တွေကို Christian Apologetics စိတ်ဓာတ်များ မွေးဖွားလာစေတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း မမှားပါဘူး။ ယနေ့မှာ ဆရာကြီးဟာ မေလ၊ ၁၉ ရက်၊ ၂၀၂၀ ခုနှစ်တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့လေပြီ။ မိသားစုနဲ့ ထပ်တူ များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ခရစ်ယာန်သာသနာ့ အာဇာနည်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းလည်းဖြစ်ပါတယ်။

ဆရာကြီးရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပူ‌ဆွေးပါတယ်။
သို့သော် ဆရာကြီး လုပ်ဆောင်ခဲ့တဲ့ ကြီးမြတ်တဲ့ သာသနာ့အလုပ်တွေ အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ 🇲🇲 မှ ခရစ်ယာန်လူငယ်များကတော့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း 🙏

ခရစ်တော်၌ ငြိမ်းချမ်းစွာအိပ်စက်ပါ။
တစ်နေ့ ဆရာကြီးနဲ့ ကောင်းကင်နိုင်ငံမှာ ပြန်ဆုံတွေ့ကြရတဲ့အခါ စကားတွေအများကြီးပြောကြရအောင်။ ❤️

With Love from ThyLogos (#MYANMAR)

#SleepInJesus_RaviZacharias #ThyLogos #λόγος #May19_2020