Skip to content
ဘုရားသခင်ရဲ့ သမ္မာတရားအတိုင်း မသွား/မသွန်သင်တဲ့အခါ သွားပြီးတော့ မပြောနဲ့/မထောက်ပြနဲ့ ဆိုတာက သမ္မာတရားဘက်တော်သားမဟုတ်။
ဒီလူတွေဟာ …
အထူးသဖြင့် ဘုရားသခင်ထက် လူကို ပိုအားနာနေလို့ ဖြစ်နိုင်သလို၊
သမ္မာတရားထက် အသီးအပွင့်လို့ထင်ရတဲ့ ယာယီ အောင်မြင်မှုတွေကို မထိပါးလိုလို့ဖြစ်မယ်။
တစ်ချို့ကျတော့လည်း ဘုရားသခင်ရဲ့ သမ္မာတရားကို စွဲလမ်းတာထက် စိတ်ကိုဖမ်းစား ဇာတိသဘောကို ကျေနပ်နိုင်စေတဲ့ လူပုဂ္ဂိုလ်ကို တွယ်တာနေလို့ဖြစ်မယ်။
တစ်ချို့ကလည်း စီရင်တာ ဘုရားမကြိုက်ဘူးဆိုပြီး လွဲမှားနေတာကို မျက်နှာလွဲ မသိသလို မေတ္တာထားရမယ်ဆိုတဲ့ ခေတ်သစ်ရဲ့ ဟန်ဆောင် ဖာရိရှဲတွေဖြစ်မယ်။
တစ်ချို့ကျတော့လည်း အမြင်မတူတာပါပဲ စိတ်သဘောထား ကျယ်ကျယ်ပြန့်ပြန့် ထားပေးရမယ်ဆိုပြီး ကိုယ်တိုင် လမ်းပျောက်နေကြတယ်။
တစ်ချို့ကျတော့လည်း ဘုမသိဘမသိ အခြားလူတွေ လိုက်ယောင်လို့ ကိုယ်တိုင်လည်း လိုက်ယောင်နေကြပြန်တယ်။ (အတော်ဆိုးတယ်)
တစ်ချို့ကလည်း တစ်ဘက်ပိတို့ သမ္မာတရားကို မစစ် ထင်တာ၊ မြင်တာ၊ ခံစားတာကို သမ္မာတရားထင် ဘူးဆိုရင် ဖရုံမသီးဘူးကွလို့ လေကန်နေကြတယ်။

သမ္မာတရားကို သမ္မာတရားနဲ့ မစစ်သ၍ တွက်ချက်ခံယူမှုတွေက လူအင်အားများနေရင်တောင်မှ၊ ရိုးသားနေရင်တောင်မှ မှားနေပါအုံးမယ်ဆိုတာ….

ထောက်ပြကြတဲ့အခါမှာလည်း …
၁။ သမ္မာတရားက စံဖြစ်ရမယ်
၂။ မေတ္တာတရားက အုတ်မြစ်ဖြစ်ရမယ်
၃။ နှိမ့်ချခြင်းက သတိနဲ့ ယှဉ်နေရမယ်

၄။ ပန်းတိုင်က စကားနိုင်လုတာမှာ ‌အနိုင်ရဖို့မဟုတ်၊ သမ္မာတရားလမ်းထဲကို လွဲမှားနေသူအား တွဲခေါ်ရန် ဖြစ်ရမယ်၊