Skip to content
လက်ရှိဖြစ်ပျက်နေတဲ့ ယုံကြည်မှု ပွတ်တိုက်ခြင်း Friction of Faith ကနေဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုတွေ့မြင်ရာက သမ္မာတရားအားဖြင့် မိမိဆင်ခြင်မိတာကို share ချင်ပါတယ်။ အထူးသဖြင့် ယုံကြည်သူ ညီအစ်ကိုမောင်နှမတွေ အတွက်ပါ။ Christianity ရဲ့ exclusiveness က ဘုရားကိုသာ ယုံကြည်အားကိုးခြင်း ဖြစ်ပါတယ်။ (faith in God) ပါ။ဝိညာဉ် ရွေးနှုတ်ခြင်းခံရဖို့ လူ(မိမိအပါအ၀င်) ကို ကိုးစားလို့ (တနည်း) အားကိုးလို့ လုံး၀ မရပါဘူး။ ဒီလို ယုံကြည်ရပါတယ်။ အဲဒီ personal redemption အပိုင်းမှာ လူ့ဘက်က Zero % effort ပါ ဘုရားဘက်က 100% finished work ပါ။ Spiritual Birth ပြီးတဲ့နောက် ဆက်လက် အသက်ရှင်နေရတဲ့ အပိုင်းမှာကျတော့ သမ္မာတရားကို သိနေပြီး စိတ်က ဆက်လက် လွတ်မြောက်‌ဖို့အတွက် ကိုယ်စီကိုယ်စီ သမ္မာတရားလမ်းအတိုင်း လျှောက်လှမ်းရပါတော့တယ်။
 
ဒီ‌ လျှောက်လှမ်းတဲ့အပိုင်းမှာလည်း အပြစ်ဟောင်းဆေးကြောပေးခဲ့တဲ့ ကျေးဇူးတရားကိုအောက်မေ့ပြီး ဘုရားကို ချစ်တဲ့ စိတ်နဲ့ တွန်းအားဖြစ်စေ ၊ လျှောက်လှမ်းနိုင်နေစေတာ ဖြစ်ပါတယ်၊
နေ့စဉ်အသက်တာမှာ ယုံကြည်သူတွေဟာ လောကနဲ့ မဆက်ဆံရပေမယ့် လောကထဲမှာရှိနေကြရပါတယ်။
ဒီလိုအမျိုးမျိုး ယုံကြည်မှုတွေရှိတဲ့ လူမှုအဖွဲ့အစည်း အတွင်းမှာ နေရတဲ့အခါ မိမိရဲ့ ကြံစည်၊ ပြုမူ၊ ပြောဆိုမှုတွေဟာ အလွန် အရေးကြီးပါတယ်။ သခင်ယေရှုဘုရားက ဧဝံဂေလိ သတင်းကောင်းကို ကြားပြောဖို့ စေလွှတ်တဲ့အခါ
“သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” ဆိုပြီး‌မိန့်တော်မူခဲ့ပါတယ်။ယုံကြည်သူတွေ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းဖို့ အတွက် သွန်သင် ဟောပြော ချက်တွေ အလွန်များပါတယ် Holy And Obedience Life by The Power of God ဖြစ်ပါတယ်။ ဒါပေမယ့် မြွေကဲ့သို့ လိမ္မာ (ပါးနပ်) ရမယ်ဆိုတဲ့ သွန်သင်ဟောပြောချက်တွေကတော့ သိပ်မတွေ့ရပါဘူး။
 
စာ‌ရေးသူ ဆင်ခြင်မိတာက ချိုးငှက်ကဲ့သို့ အဆိပ်ကင်းဖို့ အတွက်က ဘုရားရဲ့ ကျေးဇူးတော် အပြစ်လွှတ်ခြင်းကို ဆင်ခြင်ပြီး ဘုရားကို ပြန်လည် ချစ်တတ်သွားတဲ့ နှလုံးသားက နေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မြွေကဲ့သို့ လိမ္မာ ပါးနပ်ဖို့အတွက်ကတော့ ဘုရားပေးထားတဲ့ မိမိရဲ့ စဉ်းစားတွေး‌ခေါ်တတ်တဲ့ ဦးနှောက် အသိဉာဏ်ကို အသုံးချဖို့လိုပါတယ်။ Humble And Wise by the Intelligence of God ဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ တစ်လက်စတည်း ဆင်ခြင်ဖို့ ကျမ်းပိုဒ်တစ်ခုရှိပါတယ်။
 
“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
Trust in the LORD with all your heart, And lean not on your own understanding; “
ဆိုတဲ့ နှုတ်ကပတ်တော်ဖြစ်ပါတယ်။
 
ရုတ်တရက် ကြည့်လိုက်ရင် ရှုတ်ထွေးသယောင် ရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။
 
ကျမ်းစကားက ပြောတာ
ကိုယ်ဉာဏ်ကို #အမှီမပြု# ခိုင်းတာပါ။
#အသုံးမပြု# ခိုင်းတာမဟုတ်ပါဘူး။
ဘုရားကို အမှီပြုပြီး ဘုရားပေးထားတဲ့ ဦးနှောက်ကို အသုံးပြုပါ။
ပြောင်းပြန်အနေနဲ့ ဘုရားပေးထားတဲ့ ဦးနောက်ကို အမှီပြုပြီး ဘုရားကို အသုံးပြုရင် တော့ ပြဿနာအကြီးကြီးရှိပါတယ်
မိမိနဲ့ ဘုရားနဲ့ ကြားက personal declaration of faith ကို public ကို instruction manual ပုံစံအနေနဲ့ ကြေငြာတာဟာ မြွေကဲ့သို့ ပါးနပ်ခြင်းမရှိတာပဲလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်ဟာ ရှုတ်ထွေးမှုတွေ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။
ဘုရားသခင်ရဲ့ တန်ခိုးတော်ဟာ သူ့ရဲ့ ဉာဏ်ပညာတော်နဲ့ ယှဉ်လျှက် တွဲလျှက်ရှိပါတယ်
ယုံကြည်သူအများစုဟာ the Power of God ကို ပဲ အာရုံစိုက်ကြပါတယ်။ POWER ဆိုတဲ့ အရသာကိုလည်း အသွေးအသားက သဘောကျတာကိုး။ ဒါပေမယ့် The Intelligence of God တနည်း the Wisdom of God ကိုကျတော့ သိပ်စိတ်မ၀င်စားကြပါဘူး
ဥပမာ။ ယုံကြည်သူ နေမကောင်းဖြစ်လို့ ဆုတောင်းရင် အများစုက နေပြန်ကောင်းဖို့ အနာရောဂါကို ယူပစ်သလို ပျောက်ကင်းစေဖို့ ပဲ အဓိကဆုတောင်းကြပါတယ်။ စာ‌ရေးသူ အပါအ၀င်ပါ။ ဒါပေမယ့် …
နေမကောင်းတဲ့အချိန်မှာ ဘယ်လိုဆင်ခြင်နေထိုင်ပြုမူရမလဲ၊ ဘယ်ဆရာ၀န်နဲ့ ပြသင့်သလဲ ဘာဆေးသောက်သင့်သလဲ ဆိုတဲ့ဉာဏ်ပညာကို ပေးတော်မူပါလို့ တောင်းတဲ့ ပုံစံမျိုးက ရှားပါလိမ့်မယ်။
အဲဒါဟာ ကျွန်တော်တို့ တန်ခိုးကို ဉာဏ်ပညာထက်ပိုပြီးတော့ လိုချင်နေကြတယ်ဆိုတဲ့ သက်သေပါပဲ။
 
အဆုံးသတ်ရမယ်ဆိုရင်တော့ …
ယုံကြည်သူတွေ ဘုရားကို အားကိုးပါ၊ အမှီပြုပါ၊ မိမိရဲ့ဉာဏ်ကိုလည်း သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါတို့၌ ပညာ မှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။
မြန်မာနိုင်ငံတော်အစိုးရနဲ့ နိုင်ငံသားတိုင်း
လက်ရှိ ကပ်ရောဂါဆိုးအား အတူတကွ အောင်မြင် ကျော်လွှားနိုင်ရန်အတွက် လိုအပ်သော ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ အတူတကွ ဆုတောင်းကြပါစို့
 
 
နာမတော်အတွက်
John Wick