Skip to content

ယုံကြည်သူအသက်တာ

လောက၌ အသက်ရှင်စဉ်အတွင်း အောင်မြင်မှု၊ ကျော်ကြားမှုတို့ကို လိုချင်ကြသည်။ ထို့ကြောင့်ပင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်ကျော်များကို အတုယူကာ ထိုသူတို့၏ အောင်မြင်မှုနည်းလမ်းများအတိုင်း လိုက်လံလုပ်ဆောင်အတုယူကြသည်။ ယခင်က မြန်မာပြည်တွင် ရာဇာနေဝင်းသည် လျှမ်းလျှမ်းတောက် ကျော်ကြားသော ရုပ်ရှင်၊ ဗီဒီယို ကြော်ငြာ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ ထိုစဉ်က ၎င်းအား အတုယူ၍ သရုပ်ဆောင်သော အနုပညာရှင်၊ ဟာသအနုပညာရှင်အများ ပေါ်ထွက်ခဲ့ပါသည်။ ဤသည်မှာ ထိုသူတို့သည် ရာဇာနေဝင်းကို တုပ၍အောင်မြင်ဖို့ရန် ကြိုးစားနေခြင်း‌ကြောင့်ဖြစ်ပါသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းကပင် ထိုသူတို့ မည်မျှအောင်မြင်ကြောင်း သက်သေသာဓက ဖြစ်ပါသည်။

ထိုသို့ပင် ယုံကြည်သူများအသက်တာတွင်လည်း မိမိတို့ အသက်ရှင်ခြင်းက ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ဖြစ်ရန် အလွန်အရေးကြီးပါသည်။ ဘုရားသခင်က ကျွန်ုပ် အား သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်နှင့် လောကကိုအောင်မြင်နိုင်ဖို့ရန် အခွင့်ပေးထားခဲ့ပြီးဖြစ်သည်။ ယုံကြည်သူများကို တပါးသူများက ကြည့်ရှုရာ၌ ဘုရားသခင်သည် အဘယ်သို့သော ဘုရားဖြစ်သည်သိနိုင်ရန် အရေးကြီးပါသည်။ ကိုယ်တော်၏မေတ္တာတော် နှင့် ကောင်းမြတ်ခြင်းကို ယုံကြည်သူများ၏ အသက်တာအားဖြင့် ထင်ရှားနိုင်သည်၊ မြင်တွေ့နိုင်ပါသည်။ ယုံကြည်သူများသည် ဘုရားသခင်၏ ကိုယ်စားလှယ်၊ ကိုယ်စားများဖြစ်သည်။ (ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။ကောရိ န္သုဩဝါဒစာဒုတိယစောင် ၅:၂၀) ထိုကြောင့် ဘုရားသခင့်ဘုန်းတော်ထင်ရှားခြင်းအလိုငှါ အလိုတော်အတိုင်း အသက်ရှင်ကြဖို့ရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ (ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၁၃၁၆) အား အခြေခံ၍ ယုံကြည်သူအသက်တာဟူသောခေါင်းစဉ် နှင့်အတူ အချက် () ချက်အားဖြင့် နှုတ်ကပတ်တော်ကို ဝေငှလိုပါသည်။

() ဆားကဲ့သို့ အရသာရှိစေခြင်း

ဆားဆိုသည်မှာ ဟင်းချက်ရာ၌သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်များ ဆေးကြောရာတွင်လည်းကောင်း၊ အသားငါးများ မပုပ်မသိုးစေရန်အတွက်သော်လည်းကောင်း အသုံးပြုကြပါသည်။ အထူးသဖြင့် အရသာရှိလှသော ဟင်းလျာများ ဖန်တီးရာတွင် အရေးပါသော အရာ ဖြစ်ပါသည်။ ဆားမပါသော ဟင်းတစ်ခွက်သည် မည်သို့မျှ အရသာရှိလိမ့်မည်မဟုတ်ပါ။ သိုဖြစ်၍ ဆားမပါသော ဟင်းတစ်ခွက်သည် အဓိပ္ပာယ်မရှိသော ကဗျာ တစ်ပုဒ်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်မှာ မလွဲဧကန်ပေ။ ထိုကြောင့် ဆားနှင့်ပတ်သက်‌၍ ဆား၏အရေးပါမှုကို ပေါ်လွင်စေသော အဖြစ်အပျက်တစ်ခုအား ဖော်ပြလိုပါသည်။ တရံတခါ၌ မုဆိုးဖို ဖခင်ကြီးတစ်ဦးသည် သမီး()ဦးနှင့်အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့သည်။ ထိုသူသည် သူ၏သမီးတို့အား လွန်စွာ ချစ်သကဲ့သို့ သူ၏သမီးတို့မှာလည်း သူ့အား ချစ်ကြပါသည်။ ဤသို့ဖြင့် တနေ့၌ ဖခင်ကြီးမှာ သမီးတို့၏ မေတ္တာကိုခံယူလို၍ စမ်းသပ်မှုတစ်ခုပြုလုပ်ပါသည်။ တနေ့၌ ဖခင်ကြီးသည် လုပ်ငန်းခွင်သို့ မသွားမီ သမီး() ယောက်ကိုခေါ်၍ သူ့အား သမီးတို့မည်မျှချစ်ကြောင်းမေးမြန်းခဲ့ပါသည်။ သမီးကြီးကလည်း ကောင်းကင်ကြီးလောက်ချစ်ပါသည်။ သမီးအလတ်ကလည်း ပင်လယ်ကြီးလောက်ချစ်ပါသည်။ သမီးငယ်မှာမူ ဆားလောက် ချစ်ပါသည်ဟုဆိုသော် သမီးငယ်ကို အခြားသမီးတွေလောက် ငါ့ကိုမချစ်ဟုစိတ်ဘဝင်မကျဖြစ်ခဲ့သည်။ သို့ဖြင့်ဖခင်ကြီးသည် သူ့တို့အား သူအလုပ်မှပြန်‌လာသောအခါ ညစာစားရန် အရသာရှိ၍ကောင်းမွန်သော ဟင်းလျာများ ချက်ပြုတ်၍ သူ၏ သမီးတို့၏မေတ္တာကို ဖော်ပြရန်မှာကြား၍အလုပ်သွား‌ခဲ့သည်။ အလုပ်သိမ်း၍အိမ်ပြန်ရောက်သော် သမီးကြီးဖြစ်သူ ချက်ကျွေးသော ဟင်းလျာဖြင့် ညစာစားလေသော် အလွန်မှအရသာရှိ၍ စိတ်ဘဝင်ကျေနပ်လေသည်။ နောက်တစ်နေ့၌ သမီးအလတ် ချက်သော် ဖခင်ကြီးမှ သမီးကြီး ကဲ့သို့ပင် ကျေနပ်ပြန်လေသည်။ သို့ပေမဲ့ သမီးငယ်အလှည့်၌ ညစာမှာမူ ယခင် သမီးကြီးနှင့် သမီလတ်တို့ချက်သကဲ့သို့ အရောင်အဆင်းအနံမှာပြည့်စုံသော်ငြားလည်း အရသာမှာမူ တစ်ခုခုလိုအပ်နေသည်။ ထို့ကြောင့် စိတ်မသက်သာစွာနဲ့ သမီးငယ်အားခေါ်၍ အဘယ်ကြောင့် ဟင်းသည် အရသာမရှိကြောင်းမေးမြန်းသော် ဆားမပါကြောင်းသိရလေသည်။ ထိုမှ ဖခင်ကြီးမှာ ဆားရဲ့ တန်းဖိုးကို သိပြီး သမီးငယ်၏ချစ်ခြင်းမေတ္တာကို နားလည်ကာ ပျော်ရွှင်သွားတော့သည်။ ထို့နောက် သူတို့သည် ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းလေတော့သည်။

နှုတ်ကပတ်တော်၌လည်း (ဓမ္မရာဇဝင် စတုထစောင် ၅) ၌ ဗိုလ်ချုပ်နေမန်၌ရှိသော ကျွန်မ၏အသက်တာ အားဖြင့် သိရှိနိုင်ပါသည်။ ကျွန်မလေးသည် ကျွန်သက်သက်၊ အစေခံ၊အခိုင်းအစေမျှသာ ဖြစ်သည်။ သို့သော် သူသည် အသက်ရှင်သော ဘုရားသခင်အား ယုံကြည်ကိုးကွယ်သောသူ ဖြစ်ပြီး ထိုဘုရားသခင်၏ အခွင့်တော်နှင့်အမှုဆောင်နေသော ပရောဖတ် ဧလိရှဲ အကြောင်းပြောပြကာ ဗိုလ်ချုပ်နေမန်၏ နူနာရောဂါကို ပျောက်ကင်းစေဖို့ ပြုခဲ့ပါသည်။ သူမသည် ဘာမျှမဟုတ်သော်လည်း မိမိ၏ ယုံကြည်ခြင်းကို သက်သေပြုလျှက် ဗိုလ်ချုပ်မင်းအား အနာပျောက်စေရန် လမ်းညွှန် တိုက်တွန်းခြင်းဖြင့် ဗိုလ်ချုပ်မင်း၏ သိက္ခာဆည်ခွင့်ကိုရရှိခဲ့သည်သာမက ဘဝကို အဓိပ္ပာယ်လည်းရှိစေခဲ့ပါသည်။ ထို့ကြောင့် ယုံကြည်သူ၏ အသက်တာသည်လည်း ဆားကဲ့သို့ သူတပါးဘဝကို အဓိပ္ပာယ်၊ အရသာရှိစေခြင်း အားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေသောသူများ ဖြစ်စေရန် သန့်ရှင်းသော ဝိညာဉ်တော် လမ်းပြပါစေ။

ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။” (ဖိလိပ္ပိ ၁:)

() အလင်းကဲ့သို့ လမ်းပြခြင်း

အလင်းဆိုသည်မှာ မှောင်မိုက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အလင်းရှိခြင်းဖြင့် မှောင်မိုက်ထဲရှိ ဆူးညှောက်ခလုတ်များကို တွေ့ရှိပြီးရှောင်ရှားနိုင်မည်ဖြစ်သည်။ ပုံပမာအားဖြင့်ဆိုရလျှင် ပင်လယ်ကမ်းရိုးတန်းရှိ မီးပြတိုက် အကြောင်း အနည်းငယ်တင်ပြလိုပါသည်။ မီးပြတိုက်၏ လုပ်ဆောင်ချက်မှာ သင်္ဘောများ ညအချိန်၌ လမ်းကြောင်းမမှားရန် အန္တရာယ်ရှိသောနေရာများကို ရှောင်ရှားနိုင်ရန် လမ်းညွှန်ပေးသည်။ သင်္ဘော မာလိန်မှူးတို့သည် မီးပြတိုက်မှ လာသော အလင်းအချက်ပြမှုကို ကြည့်ရှု၍ မိမိတို့သင်္ဘောကို အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားရကြသည်။ မီးပြတိုက် အလင်းအားဖြင့် အန္တရာယ်များမှ ကင်းလွတ်နိုင်သော အခွင့်ရရှိပါသည်။ ထိုသို့ပင်လျှင် ယုံကြည်သူများ၏ အသက်တာသည် မှောင်မိုက်တန်းခိုး ဖုံးလွှမ်းနေသော မိမိတို့ဘဝမှ မျှော်လင့်ရာ ကင်းမဲ့နေသော၊ မမြင်နိုင်သော အန္တရာယ်ဘေးဒုက္ခမှ လွတ်မြောက်နိုင်ဖို့၊ ရှောင်လွှဲနိုင်ဖို့ရန် နှုတ်ကပတ်တော်တည်းဟူသော အလင်းကို ထွန်းလင်းစေရမည် ဖြစ်သည်။ ယေရှုခရစ်တော်အားဖြင့်သာ မိမိတို့ လိုရာပန်းတိုင်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ကြောင်း လမ်းညွှန်ပေးရမည်ဖြစ်သည်။

ကျမ်းစာ၌ တမန်တော်ဝတ္တုအခန်းကြီး (၁၇) တွင် ရှင်ပေါလုမှ အေသင်မြို့သားတို့အား စစ်မှန်သော ဘုရားသခင်အကြောင်း ပြောပြ သက်သေခံခဲ့သည်။ သူတို့၌ လွမ်းမိုးလျက်ရှိသော ရုပ်တု ရုပ်တုကိုးကွယ်မှုမှ လမ်းလွှဲနေမူကို လမ်းမှန်ပြခဲ့သည်။ ရှင်ပေါလုအသက်တာအားဖြင့် လူအချို့တို့၏အသက်တာ လွတ်မြောက်ခွင့်၊လမ်းမှန်သို့ ရောက်ရှိခဲ့ပါသည်။ “အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။” (ဧဖက်ဩဝါဒစာ ၅ : ) ဟု နှုတ်ကပတ်တော်၌ ဖော်ပြထားပါသည်။ ဤကဲ့သို့ပင် ယုံကြည်သူအသက်တာသည် အလင်းကဲ့သို့ ထွန်းလင်းခြင်းအားဖြင့် ဘုန်းတော်ထင်းရှားစေသော သူများဖြစ်စေရန် ဘုရားသခင် ကောင်းကြီးပေးပါစေ။

() ကောင်းသောပုံသက်သေဖြင့် အသက်ရှင်ခြင်း

လူသားတို့သည် လူတစ်ယောက်၏ ကောင်းခြင်း၊ ဆိုးခြင်းတို့ကိုကြည့်ရှု၍ ထိုသူကောင်းသည်၊ဆိုးသည်ကို ကောက်ချက်ချလေ့ရှိကြသည်။ ထို့ကြောင့်ပင် ယုံကြည်သူ၏ အသက်တာသည် ဘုရားရှင်၏သဏ္ဍာန်တော်ကို ပြသဖို့ရန် အတွက် အကောင်းဆုံး သက်သေဖြစ်သည်။

ယနေ့တွင် မမအန်း (ဆရာကြီး ယုဒဿန်ဇနီး) ၊ ဖာလော့ရင့်စ်နိုက်တင်ဂေးတို့မှစ၍ ယုံကြည်သူများ၏ အသက်တာ၊ လုပ်ဆောင်ချက်နှင့် ပြောခဲ့သောစကားများမှာ လူသားများကြားတွင် မှတ်သားဖွယ်ရာ၊ လေးစားဖွယ်ရာ ဖြစ်နေခဲ့‌သည်။ ယခုထိတိုင်အောင်လည်း သူမတို့သည် မှေးမှိန်ပျောက်ကွယ်ခြင်းမရှိဘဲ ထင်းရှားလျက်ရှိသည်။ အကြောင်းမှာ ဘုရားသခင်၏မေတ္တာတော်ကို အမှီပြု၍ အသက်ရှင် နာခံလိုက်လျှောက်ကြသောကြောင့်ပင်ဖြစ်သည်။ သမ္မာကျမ်းစာ၌လည်း ယောသပ်၊ ဒံယေလမှအစ မြောက်များစွာသော သူတို့အသက်တာ၊ အသက်ရှင်ခြင်း၌ ကောင်းမွန်သောသစ္စာတရား၊ ကတိများ နှင့် သူတို့၏ ရပ်တည်မှုများသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခဲ့ပါသည်။ ထို့ကြောင့် ခရစ်တော်ဘုရားသည်လည်း ယုံကြည်သူတို့၏ အသက်တာအားဖြင့် ဘုရားရှင်ကဏ္ဍာန်တော်ကို ထင်ရှားစေကြရန် သွန်သင်တော်မူခဲ့သည်။ ဤသို့ကြောင့် အကျင့်ပါသော ယုံကြည်ခြင်းအားဖြင့် ကောင်းသော ပုံသက်သေ နှင့် အသက်ရှင်ခြင်းဖြင့် ဘုရားရှင် နာမတော် ထင်ရှားစေခြင်းငှာ ပြုကြဖို့ရန် အရေးကြီးပါသည်။ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။” (ရှင်ယောဟန် ၁၄:၁၅) ဟု ခရစ်‌‌တော်ဘုရား မိန့်မှာခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ဘုန်းတော်ထင်းရှားစေဖို့ရန် အသက်တာကို ပြင်ဆင်ကြပါစို့ဟု နှုတ်ကပတ်တော်အားဖြင့် ခွန်းအားပေးလိုပါသည်။