Skip to content

တမန်တော်ကြီးရှင်ပေါလုက အိမ်ထောင်ရှင်အမျိုးသားတွေ သူတို့ရဲ့ဇနီးမယားတွေကိုချစ်ဖို့သွန်သင်ခဲ့ပါတယ်…
“အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။”
‭‭ဧ​ဖက်‬ ‭၅:၂၅

အိမ်ထောင်ပေါင်းစည်းခြင်းဆိုတာ ကိုယ်တိုင်အနီးကပ်ဆုံးရရှိနိုင်တဲ့ကျွမ်းဝင်မှုဖြစ်ပြီး၊ ထိုသို့သောကြောင့် ခရစ်တော်၌ကျွန်တော်တို့ရရှိတဲ့ပေါင်းစည်းခြင်းကို ဖော်ပြတဲ့အံ့ဩဖွယ် ပန်းချီကားတစ်ချပ်ပါဘဲ။

ရင်းနှီးသောဆက်ဆံကျွမ်းဝင်မှုတင်သာမကပါဘူး။ ဒါဟာချစ်ခြင်းရဲ့ကျွမ်းဝင်ခြင်းလည်းဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကို လုံးဝမထိုက်တန်တဲ့အချိန် အပြစ်သားဖြစ်လျက်နေစဉ်မှာပင် သခင်ဘုရားသည်သူ့ရဲ့ချစ်ခြင်းကိုပြသခဲ့တယ်။
သူ့ရဲ့ကျေးဇူးတော် အားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်ရပါတယ်။
ကျွန်တော်တို့ ချစ်စရာကောင်းနေလို့ သူချစ်တာမဟုတ်ပါ။ သူဟာ “ချစ်ခြင်းမေတ္တာ” ဖြစ်နေသောကြောင့်သာ။
ထိုသို့သောအကြောင်းကြောင့် ကျွန်ုပ်တို့သည်လည်း သခင့်ထံမှခံစားရသော ထာဝရမေတ္တာတော်ကို နှိမ့်ချလျက်၊ ကျေးဇူးတင်လျက် ထပ်တလဲလဲအမြဲ ချီးမွမ်းနေသင့်ပါတယ်။

#thylogos #theblesseddesk #ဟောရှေ #အချစ် #မေတ္တာ #ကျေးဇူးကရုဏာ#အပြစ်ရှိစဉ်ပင်