Skip to content

ထိုသခင်သည် တိုးပွားခြင်းရှိရမည်၊ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်

“နှိမ့်ချခြင်း”သည် ကိုယ့်အဖို့ငှါ လျောက်ပတ်သော တန်ဖိုးဖြတ်ခြင်းဖြစ်သည်။
ထိုသို့ပြုခြင်းသည် သင့်အသက်တာကိုအချိန်တိုင်းနှိမ့်ကျထားစေခြင်းမျိုးမဟုတ်ဘဲ တကယ်တမ်းကျတော့ သင့်ကိုယ်သင်မေ့လျော့ထားခြင်းမျိုးဖြစ်ပါတယ်။
နှိမ့်ချခြင်းသည် သင်ဖြစ်သမျှ ပိုင်ဆိုင်သမျှ ဒါမှဟုတ် ဝမ်းမြောက်စရာ ရှိသမျှတို့သည် ဘုရားသခင်ထံမှဖြစ်ကြောင်းကို သဘောပေါက်နားလည်လာခြင်းမှ အစပြုသည်။
သင်ရဲ့ ပါရမီ၊ နောက်ခံ၊ စွမ်းရည် နှင့် ရူပကာ တွေဟာဘုရားကသတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁ကော၄:၇)
သခင်ဘုရားသည်သာလျင် ချီးမြောက်ခြင်းအားလုံးရဲ့ အရင်းအမြစ်နှင့် အောင်မြင်ခြင်းတိုင်းရဲ့အကြောင်းအရင်းခံဘဲဖြစ်ပါတယ်။
အရာရာသင်ပြုသမျှတို့၌ သခင်တပါးတည်းသာဘုန်းကိုခံထိုက်ပါတယ်။