Skip to content

ဆူးဟုထင်ရသော ကျေးဇူးတော်တရား

သခင်မပါပဲ လူ့ဘဝကြီးဟာ
အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး၊ အဓိပ္ပာယ် မရှိဘူး ဆိုတာကို သိပြီး
သခင့်ကိုပဲ အစဉ်အားကိုးကာ အသက်ရှင်တတ်ဖို့
ဘဝမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့
သခင်ပြင်ဆင်ရာ ဆူးလေးတွေက
နှလုံးသားမှာ ဒဏ်ရာတွေဖြစ်စေပါသော်လည်း
ဝိညာဉ်အသက်တာကိုတော့
သခင်နဲ့ နီးသည်ထက်နီးအောင် သွန်သင်ပေးနေတော့…

ရှင်ပေါလုကို သခင် မိန့်တော်မူတဲ့
“ငါ့ကျေးဇူးသည် သင့်အတွက် လုံလောက်ပေ၏” ဆိုတဲ့ စကားတော်ကို ကျွန်တော် နားလည်ပါပြီ။

#λόγος #thyLogos #in_grace_i_found_my_strength #ဆူးဟုထင်ရသော_ကျေးဇူးတော်တရား