Skip to content

ဂျီနုမ်း (Genome) ဆိုသည်မှာ အဘယ်နည်း။

Genome ဟူသည် သက်ရှိများ၏ မျိုးဗီဇ နှင့် သက်ဆိုင်သော ညွှန်ကြားချက်များကို စုစည်းထားသည့် အရာတခုဖြစ်သည်။ Genome တစ်ခုချင်းစီတွင် သက်ရှိများ၏ ကြီးထွားခြင်းနှင့် ဖွံဖြိုးခြင်းအတွက် လိုအပ်သော အချက်အလက်များအားလုံးပါဝင်သည်။

၎င်း Genome များကို ခရိုမိုဇုမ်း [Chromosome ၂၃ စုံ (၄၆ ခု)] အဖြစ် ပိုင်းခြားထားသည်။ Chromosome များသည် cell အတွင်းရှိ nucleus တွင် နေထိုင်သည်။ Chromosome တစုံတွင် တခုသည် ဖခင်ထံမှ ဆက်ခံရရှိပြီး အခြားတခုသည် မိခင်ထံမှ ရရှိသည်။ ယင်း Chromosome များကို ဖြည်လိုက်သောအခါ DNA အမျှင်ဖြစ်လာသည်။ DNA သည် ကြောင်လှေကားပုံသဏ္ဍာန် နှစ်ပင်လိမ် အမျှင်တခုဖြစ်သည်။ (လူသားတဦး၏ Genome ကို DNA basesပေါင်း . ဘီလီယံခန့်ဖြင့် ပြုလုပ်ထားသည်။)

DNA တွင် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သတင်းအချက်အလက်များကို သယ်ဆောင်ထားသည့် segment များပါဝင်သည်။ ၎င်းအစိတ်အပိုင်းကို Gene ဟုခေါ်သည်။ လူသားတဦး၏ Genome တွင် ခန္ဓာကိုယ်အတွက်လိုအပ်သော Proteinများကို codeလုပ်ထားသည့် Genes ပေါင်း 20,000 မှ 25,000 ခန့် ပါဝင်သည်။ Genesများသည် မျက်လုံးအရောင်၊ အရပ်အမြင့် ကဲ့သို့သော ထူးခြားသည့် ဝိသေသလက္ခဏာများကို ထိန်းချုပ်ထားသည်။

DNA တွင် သတင်းအချက်အလက်များသယ်ဆောင်သော Geneများစွာ ရှိသော်လည်း မည်သည့်အရေးကြီးအချက်အလက်ကိုမျှ သယ်ဆောင်မထားသော အစိတ်အပိုင်းများလည်း ပါဝင်နေပြီး ၎င်းတို့ကို Junk DNAဟုခေါ်သည်။ သို့ရာတွင် ၎င်းတို့တွင်လည်း လုပ်ဆောင်ချက်များစွာရှိနေပြီး သိပ္ပံပညာရှင်များကို ရှာဖွေဖော်ထုတ်နေကြဆဲဖြစ်သည်။

map_DNA_genome_yourgenome

အကယ်၍ Genomeတွင်ပါရှိသော DNA bases ပေါင်း . ဘီလီယံကို ၁ မီလီမီတာခြားစီ ဖြန့်လိုက်လျှင် ကီလိုမီတာ ၃,၀၀၀ (မိုင်ပေါင်း ၁၈၆၄) ခန့်ရှိနိုင်ပြီး ၎င်းအကွာအဝေးသည် ပူတာအိုမှသည် ကော့သောင်း ကျော်သည်တိုင်အောင်သော်လည်းကောင်း၊ လန်ဒန်မြို့မှ ကနရီကျွန်းစုများတိုင်အောင်သော်လည်းကောင်း၊ ဝါရှင်တန်မြို့မှ ဂွာတီမာလာတိုင်အောင်သော်လည်းကောင်း၊ နယူးဒေလီမြို့မှ ဟနွိုင်းမြို့တိုင်အောင်သော်လည်းကောင်း ရောက်နိုင်သည်။ အဆိုပါ DNA bases များကို တစ်စက္ကန့်လျှင် တခုကျစီဖြင့် တရက် ၂၄နာရီ ဖတ်ပါက ရာစုနှစ်တခု ကြာပေလိမ့်မည်။

ကိုးကားထားသော စာပေအရင်းအမြစ်များ

  • Harper’s Illustrated Biochemistry (30th Edition) ၏ အခန်း ၃၅ မှ အနည်းငယ်ကောက်နုတ်ဖော်ပြသည်။