Skip to content

အသည်းရောင် “ဘီ” ပိုးရောဂါ ကုထုံး

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း သိကောင်းစရာများ” နှင့် အသည်းရောင် ဘီပိုး ရှိ/မရှိနှင့် ဆေးကုသမှု လို/မလို စမ်းသပ် စစ်ဆေးခြင်းများအကြောင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်းပါးတွင် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခဲ့ရသောသူများအား ဆေးကုသရာတွင် အသုံးပြုသော ကုထုံးများကို ဖော်ပြထားပါသည်။

ဆေးကုသရာတွင် သောက်ဆေးနှင့် ထိုးဆေးဟူ၍ နှစ်မျိုးရှိသည်။

() သောက်ဆေး (Nucleos (t)ide analogues)

Tenofovir Alafenamide Fumerate 25mg(TAF)

Tenofovir Disoproxil Fumerate 300mg (TDF)

Entecavir 0.5 mg or 1mg

တစ်နေ့တစ်လုံး နေ့စဉ်မှန်မှန်သောက်သုံးရန် လိုအပ်ပါသည်။ နှစ်ရှည်လများ ကုသရပြီး ဆေးယဉ်မှုများရှိနိုင်ပါသည်။ ဆေးစသောက်ပြီး()လအကြာတွင် HBV DNA ပိုးကောင်ရေ မကျပါက ဆေးထိရောက်မှု မရှိပါ။ () လကြာတိုင်း HBV DNA စစ်ရပါမည်။ ဆေးကုသနေစဉ် ပိုးကောင်ရေတက်လာပါက ဆေးယဉ်ပါးမှု (Resistance) ဖြစ်ပါသည်။ ဆေးတစ်မျိုးပြောင်းရမည် (သို့) ဆေးထပ်ပေါင်းရမည်။ () လတစ်ခါ HBV DNA ပြန်စစ်ရပါမည်။

ဆေးစွမ်းထက်၍လည်းကောင်း၊ ဆေးယဉ်ပါးမှုနည်း၍လည်းကောင်း၊ Entecavir သို့မဟုတ် Tenofovir ကို first choice အနေဖြင့်သုံးကြပါသည်။ ဤဆေးများကို တစ်နေ့တစ်လုံး ပုံမှန်သောက်ခြင်းအားဖြင့် ပိုးကောင်ရေကို လုံးဝ(သို့)အနည်းငယ်အထိ ချထားနိုင်ပါ၍ မိမိကိုယ်တိုင်တွင် ရောဂါမတိုးလာနိုင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

အထက်ပါစားဆေးများသောက်လျှင် ကျောက်ကပ်စစ်ဆေးမှုများ ပြုလုပ်ရပါသည်။ကျောက်ကပ်ရောဂါရှိသူများတွင် ကျောက်ကပ်ရောဂါဆိုးမှု အလိုက် Entecavir နှင့် Tenofovirတို့ လျော့ရပါသည်။ () ပတ်လျှင် () ရက်၊ () ပတ်လျှင် () ရက်၊ () ပတ်လျှင် () ရက်၊ () ပတ်လျှင် () ရက်မျှသာ စသည်ဖြင့် သောက်ရန်ညွှန်းရပါသည်။ TDF(300 mg) ကိုရေရှည်သောက်လျှင် အရိုးပွရောဂါရတတ်သည်။ TAF(25 mg) သည် ကျောက်ကပ်ထိခိုက်မှုနှင့် အရိုးပွရောဂါဖြစ်မှုကို လျော့ကျစေပါသည်။ Tenofovir ကို ဘီပိုးကောင်ရေများသော ကိုယ်ဝန်ဆောင်မိခင်များတွင် (၂၄၂၈) ပတ်မှစ၍ ပေးခြင်းအားဖြင့် ကလေးသို့ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ပါသည်။

(၂) ထိုးဆေး (Pegylated Interferon)

အသည်းထဲရှိ ပင်မ ဘီပိုးအကောင်အရေအတွက်ကို လျှော့ချပေးနိုင်ပြီး၊ အမြစ်ပြတ်ပျောက်ကင်းနိုင်သောနှုန်းမှာ(၂၀၃၀)%သာရှိပါသည်။ () ပတ်လျှင်တစ်ကြိမ်နှင့် (၄၈) ပတ်ကြာကုရပါသည်။ HBV DNA နှင့် qHBsAg တို့၏ စစ်ဆေးချက်အဖြေရလာဒ်ပေါ်မူတည်၍ တုံ့ပြန်မှုကိုကြည့်ရပါသည်။

အထူးသတိပြုရန် Peg-IFN နှင့်ကုသ၍ ပျောက်ကင်းခြင်းကို ဆေးကုနေစဉ်တွင်လည်းကောင်း၊ ဆေးကုသမှုအပြီးတွင်လည်းကောင်း၊ ဆေးကုပြီး ()နှစ်၊ () နှစ်အကြာမှသာလည်းကောင်း တွေ့နိုင်ပါသည်။ ထိုးဆေးမှာ ဘေးထွက်ဆိုးကျိုးများ၍ အသုံးပြုမှု နည်းလာကြောင်း တွေ့ရပါသည်။

သောက်ဆေး နှင့် ထိုးဆေး

သောက်ဆေးနှင့်ထိုးဆေးတွဲဖက်ကုသလျှင် ပျောက်ကင်းနိုင်ခြေပိုမိုများပြားပြီး သောက်ဆေးကို ရေရှည်သောက်သုံးခဲ့သူများတွင် ထိုးဆေးပေါင်းထည့်ပါကလည်း ပျောက်ကင်းနိုင်ခြေ ပိုမိုများပြားကြောင်း တွေ့ရပါသည်။

“ဘီ” ပိုး ရောဂါရှိသော လူနာများ လိုက်နာရန်

          • ဆေးလိပ်၊ အရက်၊ ကွမ်း (လုံးဝ) ရှောင်ရမည်။
          • ပရဆေးနှင့် စပ်ဆေးများ (လုံးဝ) မသောက်ပါနှင့်။
          • တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ၊ ဆိုးဆေးပါသော အစားအစာများ မစားပါနှင့်။
          • သံဓာတ်ကြွယ်ဝသော အစားအစာများ (အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနွယ်ရွက်များ)နှင့် သံဓာတ်ပါဝင်သော ဆေးဝါးများ မစားပါနှင့်။
          • အဆီနှစ်၊ မလိုင်၊ ထောပတ်၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ဆီကြော်မုန့်များ လေျှာ့စားပါ။
          • အငံ လေျှာ့စားပါ။ (ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်)
          • အကိုက်အခဲ ပျောက်ဆေးများ၊ သံဓာတ်ပါဝင်သော အားဆေးများ မသောက်ပါနှင့်။
          • အချဥ်ဓာတ်လွန်ကဲသော အသီးများစားခြင်းနှင့် ဗီတာမင်စီများစွာ သောက်ခြင်းတို့ကို ရေှာင်ပါ။
          • Gas ပါသော အချိုရည်များ သောက်သုံးခြင်းအား ရေှာင်ပါ။
          • မုန့်ဖုတ်ဆိုဒါ ပါသော အစားအစာများ လေျှာ့စားပါ။ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်)

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသည်းရောင်အသားဝါ ဘီပိုးရောဂါ အကြောင်း သိကောင်းစရာများ ဟူသည့် အသိပညာပေး လက်ကမ်းစာစောင်မှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။