Skip to content

တံငါနားနီး မုဆိုးနားနီး

ကိုယ်နေထိုင်ရာနေရာတစ်ခု ပတ်ဝန်းကျင်တစ်ခုမှာ အနေကြာအထိုင်များလာရင် အဲ့မှာရှိတဲ့ယဉ်ကျေးမှု အနေအထိုင် အပြောအဆို တွေကထပ်တူညီလာတတ်ဆိုတာကိုလူတိုင်းလက်ခံကြပါတယ်..
ဒါပေမယ့် အပြင်ပြောင်းလဲခြင်းမဖြစ်မီ အထဲကအရင်စပါတယ်

သို့သော် တံငါနားနီးတိုင်းလည်း မုဆိုးနားနီးတိုင်းလည်း တံငါသည် မုဆိုးဖြစ်မသွားပါ..

“ကျွန်တော်ယုံကြည်ပါတယ်” တစ်ခုတည်းနဲ့တော့မလုံလောက်ပါ .. အကျင့်နဲ့ကင်းရင် .အလကားပါဘဲ..
ရှင်ယာကုပ်ဩဝါဒစာ ၂:၂၆
ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။

အပတ်တိုင်းဘုရားကျောင်းသွားနေလို့ ဓမ္မတေးတွေဆိုနေလို့ ဒီလောက ကသင့်ကိုယုံကြည်သူလို့မြင်နေပေမယ့် .. သင့်ယုံကြည်ခြင်းက အကျင့်နဲ့ကင်းနေရင်တော့ ဒီလောက ကသင့်ကိုပြောမယ့်စကားကတော့ “ငါတို့တတွေဟာအတူတူပါဘဲ”
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အနေနီးနေတာ ဘုရားနဲ့မဟုတ်ဘဲ ဒီလောကနဲ့ဘဲဖြစ်နေလို့ပေါ့…

ရှင်ယာကုပ်ဩဝါဒစာ ၄:၈
ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။

များများချဉ်းကပ်လေလေ …များများချဉ်းကပ်လာလေဘဲ.. သင်ဘယ်လောက်ကိုးစားလဲဆိုတာပေါ့

နောက်တစ်ခုက..
ရှင်ယောဟန်ခရစ်ဝင် ၃:၃၀
ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။

သခင့်ရဲ့စရိုက် လက္ခဏာ အကျင့်တွေက အသက်တာထဲမှာ တိုးပွားခြင်းရှိဖို့အရေးကြီးတယ်..
မရှိဘူးဆိုရင်တော့…ဆုတ်ယုတ်ရမယ့် “ငါ” ကြီးနေရာယူသွားလိမ့်မယ်

ရောမဩဝါဒစာ ၁၂:၂
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။
ဒီလောကမှာနေနေရပြီး လောကီသားတွေနေနဲ့ဆက်ဆံနေရတာဘဲ.လို့…သင်ပြောလိမ့်မယ်.. ဒါပေမယ့် သူတို့အကျင့်စရိုက် ပုံသဏ္ဌာန် နဲ့သွားကိုက်ညီပြီးအသက်ရှင်နေဖို့ကိုတော့ ကိုယ်တော်အလိုမရှိဘူး ..

ဂလာတိဩဝါဒစာ ၁:၁၀
အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

ဒါကြောင့် ခရစ်တော်က သူ့ထံမှာနည်းခံခိုင်းပါတယ်..အတွင်းကစလျက် အပြင်ထိပြောင်းလဲခြင်းအတွက်ပေါ့..
ကိုယ်တော်နဲ့နီးစေပါ ..ပြီးရင်ကိုယ်တော်ကဲ့သို့ဖြစ်စေပါ ဆိုတဲ့အဆင့်ကိုထပ်တက်ကြပါ။

#λόγος #thyLogos #spiritual_warfare #ကိုယ်တော်နဲ့နီးသောအခါ #လောကနှင့်မဆိုင် #ပြောင်းလဲခြင်း