Skip to content

တလောကရုပ်ရှင်တစ်ခုရဲ့နာမည်ကိုတော်တော်သဘောခွေ့သွားတယ်.. ကြည့်သာ မကြည့်တယ်
နာမည်ကတော့ ဆင်ခြင်စရာလေးပေါ့…

ကျွန်တော်တို့အသက်တာမှာ သတိမမူမိတာလေးတစ်ခုရှိတယ်
ရှင်မသဲ ၁၀:၃၉
မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။

ကိုယ့်ရဲ့အသက်အတွက်ရှာနေရင် အရှုံးဘဲရှိတယ်
ခရစ်တော်ကြောင့် အသက်ရှုံးတဲ့သူကတော့ အသက်ကိုတွေ့လိမ့်မယ်..
ခရစ်ယာန်တစ်ယောက်ဖြစ်နေရုံနဲ့တော့ ဘာမှမထူးခြားဘူး…ခရစ်တော်၌ရှင်နေရင်တော့ထူးခြားတယ်.

ရှင်မသဲ ၁၆:၂၅
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။

ခရစ်တော်ကပြောတယ် သူဟာ “အသက်” ဖြစ်တယ်…
ကမ္ဘာဦးမှာ အာဒံနှင့်ဧဝ အသက်ပင်ရဲ့အသီးကိုစားရတယ်…
အခုကျွန်တော်တို့အတွက်လည်းစားစရာရှိတယ် ခရစ်တော်ဆိုတဲ့အသက်မုန့်ပေါ့… ကျွန်တော်တို့ရဲ့ဝိညာဉ်သက်ကိုကယ်တဲ့မုန့်ပေါ့..

ရှင်မသဲ ၁၆:၂၆
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။

သင်ဘာကောင်ကြီးဘဲဖြစ်နေပါစေ
ဘယ်ဥစ္စာနဲ့မှရွေးလို့မရဘူး…
ဒါကြောင့် ကျွန်တော်တို့ ဝိညာဉ်ကိုရွေးနိုင်တာတစ်ခုဘဲရှိတယ်… တစ်ခုဘဲ.. တစ်ခုတည်းဘဲ..

ကောရိန်သုဩဝါဒစာ ပဌမစောင် ၆:၂၀
သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။

အဖိုးအခ နဲ့ရွေးဝယ်ထားတာပါ ပိုင်ရှင်ရှိတယ်..
ကြောင်တောင်တောင်လုပ်လို့မရဘူး..လုပ်ရင်ကိုယ်ဘဲတိုင်ပတ်မှာ..
သင့်ရဲ့ဝိညာဉ်ကိုသူပိုင်ရုံတင်မကဘူး.. ခန္ဒာကိုပါပိုင်တယ်.. သူရဲ့ဂုဏ်တော်ကိုလည်းအဲ့နှစ်ခုအားဖြင့်ထင်ရှားစေဖို့သူအလိုရှိတယ်.
သင်ရှိနေတဲ့နေရာ..သင်လုပ်ဆောင်နေတဲ့နေရာ..ဘယ်နေရာမှာဘဲဖြစ်ဖြစ်ပေါ့

ကောရိန်သုဩဝါဒစာ ပဌမစောင် ၇:၂၃
သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။

ဒါကြောင့် လောကရဲ့ကျေးကျွန်အဖြစ်သွားမခံကြပါနဲ့ ..
သင့်ကိုယ်သင်ပိုင်တယ်ထင်ရင်တော့လုပ်ပေါ့..

တမန်တော်ဝထ္ထု ၈:၂၀
ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။

ကျေးဇူးတော်ကိုငွေနဲ့ဝယ်လို့မရပါဘူး
ငွေကိုလည်းကျေးဇူးတော်ထက်ပိုချစ်လို့မရပါဘူး
ကျွန်တော်တို့ရဲ့အသက်တည်ရာ အသက်ရဲ့အမြစ် ယေရှု ဆိုတဲ့ကျေးဇူးတော်ကိုအမှီပြုခြင်းမှတစ်ပါး အခြားရှိရာရှိသဲနှုန်းပါဘဲ ..

“ဘုရားရွေးဝယ်ထားတဲ့အသက်ကိုကျွန်တော်တို့ရှင်ချင်နေချင်တဲ့အသက်ထက်ပိုချစ်ပါ”

#λόγος #thyLogos #Spiritual_Warfare #အသက်ကိုအသက်ထက် #ရွေးဝယ်အသက် #ကိုယ်တော်ပိုင်သည်