Interview ပဲဖြစ်ဖြစ် စာမေးပွဲပဲဖြစ်ဖြစ် တစ်ခုခုဆို ကျွန်တော်တို့ကြွေးကျော်လိုက်တာက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်သည်” ပေါ့….
အဲဒီ “ငါ” ကဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်လုပ်ချင်တာကိုပဲ တတ်စွမ်းနိုင်နေတယ်
ခွန်အားရဲ့အရင်းအမြစ်ဖြစ်တဲ့ သခင်ေယရှု က ခပ်သိမ်းသောအမှုအတွက် ခွန်အားနှင့် ကျွန်ုပ်တို့ကိုပြည့်စုံစေတာ… “အခြေအနေတစ်ခုအတွက်” မဟုတ်ပါဘူး .. “အခြေအနေတိုင်းအတွက်”ပါ..
ဥပမာတစ်ခုအားဖြင့်ဆိုရမယ်ဆိုရင်…
လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုနာကျင်အောင်လုပ်တယ်.. ကိုယ့်ဘက်ကခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ်…ပြောရမယ်ဆိုရင်..မတတ်စွမ်းနိုင်တဲ့အခြေအနေတစ်ခုပေါ့..
ဒီမတတ်စွမ်းနိုင်တဲ့အရာမှာ ကျတော့ “ဘုရားအလိုရှိတဲ့ ခွင့်လွတ်ခြင်းမင်္ဂလာ” ကို
ခွန်အားနဲ့ပြည့်စုံစေတဲ့ သခင်ယေရှုအားဖြင့် တတ်စွမ်းဖို့ဝန်လေးနေတယ်…
ဖိလိပ်ပိဩဝါဒစာ ၄:၁၁-၁၃
ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။
ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
အခြေအနေအရပ်ရပ်တိုင်းကတော့ သာယာနေမှာမဟုတ်ပါဘူး..
ဒါပေမဲ့ သေချာနေတာကတော့ အခြေအနေအရပ်ရပ်တိုင်းမှာ..
ကျွန်ုပ်တို့ကိုခွန်အားနှင့်ပြည့်စုံစေတဲ့ ယေရှုခရစ် အားဖြင့် တစ်ခုတည်းပဲနဲ့ ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်တာပါ..
#λόγος #thyLogos #spiritual_warfare #ခပ်သိမ်းသောအမှု #တတ်စွမ်းနိုင်ခြင်း #ယေရှု #ခွန်အား #TheBlessedDesk