Skip to content

ဗေရိမြို့သားများကဲ့သို့

တမန်တော် ၁၇း၁၁

ဘုရားရှေ့ ထူးမြတ်တယ်ဆိုတာက
ဒီကျမ်းပိုဒ်မှာ ဗေရိမြို့သားတွေဟာ သက်သာလောနိတ် မြို့သားတွေထက် ထူးမြတ်တယ်လို့ ပြောထားတယ်။

ဘာတွေထူးမြတ်နေလို့လဲ။

“အလွန်ကြည်ညိုသော” ဆိုတာက နှုတ်ကပတ်တော်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ “လေးစားတန်ဖိုးထားမှု” ကို တွေ့နိုင်တယ်။

“စေတနာစိတ်” ဆိုတာက နှုတ်ကပတ်တော်အပေါ် ထားရှိတဲ့ သူတို့ရဲ့ “လိုချင်သော … ဆန္ဒကြီးသော … စာငတ်‌သော သဘော” ကို တွေ့နိုင်တယ်။

“ခံယူ၍” ဆိုတာက နှုတ်ကပတ်တော်ကို “လက်ခံကြတယ်…ကြားနာခံယူကြတယ်” ဆိုတာကို တွေ့နိုင်တယ်။

“မှန်သည်မမှန်သည်ကို သိခြင်းငှါ” ဆိုတာက ဆရာဆွဲ၊ အသင်းတော်ဆွဲ မရှိ … ကြားနာတဲ့ ‌ဒေသနာကို ကောင်းမကောင်းနဲ့ (ယားတတ်သောနားနဲ့) ပြီးမသွားပဲ “သမ္မာတရား စစ်ကိုရှာကြတဲ့ အပြုအမူ” ကို တွေ့နိုင်တယ်။

“ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်တယ်” ဆိုတာက “သမ္မာတရားအတွက် သစ္စာရှိတဲ့သဘော” ကို ထင်ရှားစွာ တွေ့နိုင်တယ်။

အထက်ပါအချက်တွေအတွက် ကျမ်းစာက ဗေရိမြို့သားတွေဟာ မြတ်တယ်လို့ ပြောရခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာလည်း ဘုရားရှေ့တော်မှောက် ထူးမြတ်သောသူများ ဖြစ်နိုင်ပါစေလေ။ 🙏😊