Skip to content

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ

ကျမ်းစာနဲ့ပတ်သက်လို့ လူအများစုက ဘုရားတရားနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတယ်။ ကျမ်းစာက ဘာသာရေးကျမ်းသက်သက်ဆိုပြီး ခေါက်ထားတဲ့သူတွေက မနည်းဘူး။ ကျမ်းစာက ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီး ပိုင်သတော်မူတဲ့ ဘုရားသခင်ရဲ့ ကျမ်းစာ (သမ္မာတရား) ဆိုတာကို ဘာမှမထင်ကြဘူး.. ကျမ်းစာက အရာခပ်သိမ်းတို့ရဲ့ အဖြေဖြစ်တယ်ဆိုတာ အရာခပ်သိမ်းကိုယ်၌ သက်သေဖြစ်နေပေမယ့် ယနေ့ ကျွန်တော်တို့ လူသားတွေက သတိမမူတော့ ဂူမမြင်ဆိုလိုပဲ ပညာမဲ့နေကြတယ် …
အခုဒီကျမ်းပိုဒ်လေးထဲမှာလည်း အလွန်တရာမှ ရိုးရှင်းသော်လည်း လေးနက်တဲ့ ဘုရားစကားကို တွေ့ရတယ် … ရှင်းပြနေစရာ မလိုလောက်အောက်ကို ရိုးရှင်းသလို လုံးဝအမှန်တရား ဖြစ်ပါတယ်… အဲဒါကတော့ ပညာနဲ့ ပတ်သက်ပြီး သိရှိ၊ ခံယူ၊ ပြုမူ၊ ဆွဲကိုင်ရမယ့် ဘုရားသခင်ရဲ့ ဉာဏ်တော်ကို တွေ့နိုင်ပါတယ်။

ပညာဆိုတာကို အသက်ပမာနှိုင်းထားတယ် – ပညာရဲ့ အရေးပါပုံပေါ့
ပညာဆိုတာ ဆွဲကိုင်ထားရမယ်လို့ဆိုတယ် – သင်ယူလို စိတ်ရှိနေရမယ် ဆိုတဲ့သဘော
ပညာရဲ့ ရလဒ်ကတော့ မင်္ဂလာရှိသောသူ လို့ပြောပါတယ် – ချမ်းသာသောသူမဟုတ်၊ ကြွယ်ဝသောသူမဟုတ်၊ မင်္ဂလာရှိသူ (တနည်းပြောရရင် ဝမ်းမြောက်သောသူ) ဖြစ်ပါတယ်။
ပညာဆိုတာ ဘာလဲ ဆိုတာကို ရိုးရှင်းစွာ သိနားလည်စေပါတယ်။
ပညာရဲ့ အရည်အသွေး၊ ပညာအပေါ်ထားရှိရမယ့် စိတ်နေသဘောထား၊ ပညာအပေါ် စွဲလမ်းခြင်းရဲ့ တန်ဖိုးဖြတ်၍ မရနိုင်သော အသီးအပွင့် တွေကို တွေ့ရပါတယ်။

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။” (သုတ္တံကျမ်း ၃:၁၈)

ကိုင်တိုင်ဖတ်ရှု ဆင်ခြင်နိုင်ပါစေ –
ဘုရားသခင် ကောင်းကြီးပေးပါစေ


သခင်ယေရှု နာမတော်မြတ်၌
An Abiding Branch