Skip to content

သောက်လေသောက်လေ ငတ်မပြေ

သုတ္တံကျမ်း ၂၇:၂၀

ဒီကျမ်းချက်ထဲမှာ လူတွေရဲ့ စိတ်သဘောဟာ အတော မသတ်နိုင်တဲ့အရာ ဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။ လောကမှာ ရှိရှိသမျှအရာတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်ပဲထားဦး။ သောက်လေသောက်လေ ငတ်မပြေဆိုတဲ့အတိုင်း …. ကျေနပ်နိုင်မှာ မဟုတ်ပါဘူး …. မယုံမရှိပါနဲ့ …. တစ်ထောင်ရှိသူက နောက်ထပ် တစ်ထောင်ထပ်လိုချင်ကြတယ် .. တစ်သောင်းရှိသူက နောက်ထပ် တစ်သိန်းလောက်လိုချင်ကြတယ်.. သိန်းရာချီရှိတဲ့သူက သိန်းထောင်ချီ ရှိချင်ကြပြန်တယ်..
ဟုတ်တယ် မိတ်ဆွေ … အတွေးမမှားပါနဲ့ … ငါ ရာထူးတွေ မြင့်လာတဲ့တစ်နေ့၊ ပိုက်ဆံတွေများစွာ ပိုင်ဆိုင်လာတဲ့ တစ်နေ့ … နာမည်ကြီးလာတဲ့ တစ်နေ့ ဆိုပြီး လောကသဘောရဲ့ လှည့်စားမှုအောက်မှာ အတောမသတ်နိုင်ပဲ ဖြစ်သွားလိမ့်မယ်။ လောကဥစ္စာစည်းစိမ်တွေ နာမည်ဂုဏ်သတင်းတွေက သင့်ကို ဘယ်တော့မှ ကျေနပ်စေနိုင်မှာ မဟုတ်သလို သင်ကိုယ်တိုင်လည်း ကျေနပ်မှာမဟုတ်ဘူး ….
ဒါဆိုရင် ကျေနပ်မှု … ဘ၀ရဲ့ စုံလင်မှုဆိုတာ ?
ယေရှုရှင်က ….
“ငါပေးသော ရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာ၀ရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်” … လို့ မိန့်တော်မူခဲ့တယ်။ (ရှင်ယောဟန် ၄:၁၄)
ဟုတ်တယ် ယေရှုရှင်ကနေလွဲပြီးတော့ ဘယ်အရာကမှ သင့်ကို ကျေနပ်စေမှာ မဟုတ်သလို သင်ကိုယ်တိုင်လည်း ကျေနပ်နိုင်မှာ မဟုတ်ပါဘူး… မိတ်ဆွေ

(Proverbs 27:20)
“Hell and Destruction are never full;
So the eyes of man are never satisfied.”

(John 4:14)
Jesus answered and said to her, “Whoever drinks of this water will thirst again, but whoever drinks of the water that I shall give him will never thirst. But the water that I shall give him will become in him a fountain of water springing up into everlasting life.”

သခင်ယေရှုနာမတော်မြတ်၌
An Abiding Branch