
အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ
λόγος မှ ကိုယ်တိုင် ဖန်တီးထားသော ဆောင်းပါးများ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများ အားလုံးကို λόγος နှင့် သက်ဆိုင်ရာ ဆောင်းပါးများကိုမူ မူရင်းစာရေးသူများမှ မူပိုင်ခွင့်ရှိပြီး အသုံးပြုခြင်းဆိုင်ရာ ထပ်ဆောင်းသတ်မှတ်ချက်များအနေဖြင့် Creative Commons Attribution 4.0 International CC BY-NC-SA လိုင်စင်အောက်တွင် ထားရှိထားပါသည်။ λόγος မှ ကိုယ်တိုင် ဖန်တီးထားသော ဆောင်းပါး၊ ဓာတ်ပုံ၊ သီချင်းနှင့် ဗီဒီယိုတိုင်းတွင် λόγος အမှတ်တံဆိပ်ထိုးထားပြီး λόγος မှ မဖန်တီးထားသော ပြင်ပအင်တာနက်စာမျက်နှာ သို့မဟုတ် ပြင်ပစာပေ အရင်းအမြစ်များမှ မှီငြမ်းထားသော၊ ချေးယူသုံးစွဲထားသော ဆောင်းပါး၊ ဓာတ်ပုံ၊ သီချင်းနှင့် ဗီဒီယိုတိုင်းအတွက် မူလပိုင်ရှင်များအား လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit)အား ရှင်းလင်းစွာ ပေးထားပြီးဖြစ်သည့်အတွက် မည်သည့်အရာများသည် λόγος ၏ မူပိုင်များဖြစ်ပြီး မည်သည့်အရာများသည် λόγος ၏ ပြင်ပ အင်တာနက်အရင်းအမြစ်များမှ ဖြစ်ကြောင်း လွယ်လင့်တကူ သိရှိနိုင်ပါသည်။
အထက်က ဆိုခဲ့ပြီးသည့်အတိုင်း λόγος ၏ ဉာဏခွန်အားဖြင့် ဖန်တီးထားသော ဒီဂျီတယ်လ်ဆိုင်ရာ အရာများအားလုံး(Intellectual Property) သည် Creative Commons Attribution 4.0 International CC BY-NC-SA လိုင်စင်အောက်တွင် ရှိသည့်အတွက် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ထပ်ဆောင်းသတ်မှတ်ချက်များနှင့် လုပ်ပိုင်ခွင့်များရှိပါသည်။
လျော်ကန်သောချီးကျူးဂုဏ်ပြုမှု ပေးရမည် – သင်သည် λόγος မှ ဖန်တီးထားသော ဆောင်းပါးများ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများ အားလုံးကို ခရစ်တော်၏သာသနာတော်ပြန့်ပွားရေးအတွက်သော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်အား ကောင်းကျိုးဖြစ်ထွန်းစေမည့် လုပ်ဆောင်ချက်အမျိုးမျိုးအတွက်သော်လည်းကောင်း အသုံးပြုသည့်အခါခါတိုင်းတွင် λόγος မှ အသုံးပြုထားသော CC BY-NC-SA 4.0 လိုင်စင်၏ Link နှင့် λόγος ဝက်ဘ်ဆိုက် (Website) ၏ လိပ်စာဖြစ်သည့် www.thylogos.org အား သင်အသုံးပြုသော မည်သည့်ပစ္စည်း(လက်ကမ်းစာစောင်၊ ဒီဂျီတယ်လ်စာအုပ်၊ ရုပ်သံ)တွင်မဆို ဖော်ပြပေးခြင်းအားဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (Appropriate credit) ပေးရပါမည်။ ဤသည်မှာ မူရင်းဆောင်းပါးရေးသူများနှင့် ဓာတ်ပုံ၊ ဗီဒီယို ဖန်တီးသူများကို ၎င်းတို့၏ ဘုရားသခင်၏ အမှုတော်မြတ်၌ ကြိုးစားအားထုတ်မှု၊ အချိန်နာရီ ပေးဆပ်မှု၊ ငွေကုန်ကြေးကျခံမှုနှင့် အကျိုးအမြတ် မယူမှုတို့ကို လေးစားတန်ဖိုးထားကြောင်း ပြသရာရောက်ပေသည်။
စီးပွားဖြစ်သုံးစွဲခြင်း မပြုရ – ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းဆီလျော်စွာ ခုခံကာကွယ်ပြောဆိုမှုဆိုင်ရာများ အစရှိသည့် အသိပညာအမျိုးမျိုးကို တစ်နေရာတည်းတွင် အများပြည်သူများ အခမဲ့ လေ့လာဖတ်ရှုနိုင်စေရန် ပြည်တွင်းရှိ သခင်ယေရှုချစ်တော်မူသော မြန်မာတိုင်းရင်းသားတပည့်တော်များမှ မိမိတို့၏ စွမ်းရည်၊ အချိန်နာရီ၊ အစွမ်းသတ္တိနှင့် ငွေကြေးတို့အား ဆပ်ကပ်၍ တည်ထောင်ထားသည့် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့်အဖွဲ့အစည်းဖြစ်သည့် အတွက် λόγος မှ ဖန်တီးထားသော ဆောင်းပါးများ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများ အားလုံးအား စီးပွားဖြစ်သုံးစွဲခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဝေခြင်းအား လုံးဝခွင့်မပြုပါ။
လိုင်စင်အမျိုးအစားအား ပြောင်းလဲပြင်ဆင်ခွင့်မရှိ – λόγος မှဖန်တီးထားနှင့်ပြီးသား ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုများအပေါ် အခြေခံ၍ ပြန်လည်ရောနှောခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်ခဲ့ပါလျင် λόγος မှ အသုံးပြုထားသော CC BY-NC-SA 4.0 လိုင်စင်အတိုင်း တူညီသောလိုင်စင်အမျိုးအစားကိုသာ အသုံးပြုရမည်ဖြစ်ပြီး အခြားသောလိုင်စင်အမျိုးအစားတစ်ခုခုသို့ ပြောင်းလဲပြင်ဆင်ပိုင်ခွင့်မရှိပါ။
ထပ်ဆောင်းသတ်မှတ်ချက်များ ထပ်တိုးခြင်း မပြုရ – λόγος မှ အသုံးပြုထားသော CC BY-NC-SA 4.0 လိုင်စင်မှ အခွင့်ပေးထားသည့် သုံးစွဲပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်တစ်ခုခုအား ကန့်သတ်စေမည့် မည်သည့် ထပ်ဆောင်းသတ်မှတ်ချက်မျိုးကိုမှ ထပ်တိုးသတ်မှတ်ခြင်း မပြုလုပ်ရပါ။
သင်သည် λόγος မှ ဖန်တီးထားသော ဆောင်းပါးများ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများ အားလုံးကို ခရစ်တော်၏သာသနာတော်ပြန့်ပွားရေးအတွက်သော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်အား ကောင်းကျိုးဖြစ်ထွန်းစေရန်အတွက်သော်လည်း လွတ်လပ်စွာ "ဝေမျှပိုင်ခွင့်" နှင့် "သင့်လျော်စွာ ပြင်ဆင်ပိုင်ခွင့်” ရှိပြီး ထိုလုပ်ပိုင်ခွင့် ၂ ခုအား အထက်ပါ စည်းကမ်းချက်များနှင့် ထပ်ဆောင်းသတ်မှတ်ချက်များအား သင် လိုက်နာနေသမျှကာလပတ်လုံး λόγος မှ ပြန်လည်ရုပ်သိမ်းမည်မဟုတ်ပါ။ အထက်ပါ စည်းကမ်းချက်များကို မလိုက်နာနိုင်သော်လည်း အခြားသူများအား ဝေမျှပေးလိုပါက λόγος ၏ လူမှုရေးရာကွန်ယက်မီဒီယာများဖြစ်သော Facebook, Instagram နှင့် Twitter များမှတစ်ဆင့် ဝေမျှပါ။
ဝေမျှပိုင်ခွင့်ရှိသည် – “ဝေမျှပိုင်ခွင့်ရှိသည်” ဆိုသည်မှာ λόγος မှ ကိုယ်တိုင် ဖန်တီးထားသော မည်သည့်အရာများကိုမဆို ပုံတူ၊ မိတ္တူကူးယူခြင်း၊ ပြောင်းလဲဖြန့်ဝေခြင်းများပြုလုပ်ကာ အခြားတစ်နေရာတွင် ပြန်လည်အသုံးပြုခြင်း၊ လက်ကမ်းစာစောင်သဖွယ်၊ ဒီဂျီတယ်လ်စာအုပ်သဖွယ်၊ ရုပ်သံ စသဖြင့်ပုံစံအမျိုးမျိုးဖြင့် အခြားသူများအားဝေငှခြင်းများအား လုပ်ဆောင်နိုင်ပါသည်။
သင့်လျော်စွာ ပြင်ဆင်ပိုင်ခွင့်ရှိသည် – “သင့်လျော်စွာ ပြင်ဆင်ပိုင်ခွင့်ရှိသည်” ဆိုသည်မှာ λόγος မှဖန်တီးထားနှင့်ပြီးသား ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုများအပေါ် အခြေခံ၍ ပြန်လည်ရောနှောခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။
မသက်ဆိုင်ကြောင်း ကြိုတင်ရှင်းလင်းချက်
λόγος သည် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့် နှစ်ခြင်းခရစ်ယာန်အဖွဲ့အစည်းဖြစ်သည့်အတွက် မိမိတို့ အမည်နာမဖြင့် အလှူငွေကောက်ခံခြင်း လုံးဝ (လုံးဝ) မရှိပါ။ မိမိတို့အဖွဲ့အစည်းသည် λόγος အဖွဲ့သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့်သာ လည်ပတ်ပါသည်။ λόγος အမည်ဖြင့်သော်လည်းကောင်း၊ Thy Logos အမည်ဖြင့်သော်လည်းကောင်း၊ λόγος အမှတ်တံဆိပ်ဖြင့်သော်လည်းကောင်း အလှူငွေတောင်းခံခြင်းများရှိပါက ၎င်းတို့သည် မိမိတို့အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း အတိအလင်း အသိပေးပါသည်။ λόγος သည် နိုင်ငံရေးနှင့်သော်လည်းကောင်း၊ လူမျိုးရေးနှင့်သော်လည်းကောင်း၊ စီးပွားရေးနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်း၊ ရောထွေးခြင်း (လုံးဝ) မရှိဘဲ နှစ်ခြင်းခရစ်ယာန်ဘာသာ၊ သာသနာအရေးနှင့် ပရဟိတအကျိုးပြုလုပ်ငန်းများကိုသာ အာရုံစိုက်ဆောင်ရွက်ပါသည်။ ထို့ကြောင့် λόγος မှ ကိုယ်တိုင် ဖန်တီးထားသော ဆောင်းပါးများ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများ အားလုံးကို λόγος ၏ မူရင်းရည်ရွယ်ချက်နှင့်သော်လည်းကောင်း၊ λόγος မှ အသုံးပြုထားသော CC BY-NC-SA 4.0 လိုင်စင်တွင် ချမှတ်ထားသော စည်းကမ်းချက်များနှင့်သော်လည်းကောင်း ဆန့်ကျင်၍ မလျော်မကန်အသုံးပြုကာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်း၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လှုံဆော်ခြင်း၊ အများပြည်သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားအသီးသီး(ခရစ်ယာန်ဘာသာအပါအဝင်)အား ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက λόγος နှင့် (လုံးဝ) မသက်ဆိုင်ကြောင်းနှင့် ပြဿနာဖန်တီးသူကာကယံရှင်၌သာ တာဝန်အပြည့်အဝရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။