Skip to content

DNA ဆိုသည်မှာ အဘယ်နည်း။

ဆဲလ် များစွာဖြင့် ဖွဲ့စည်းထားသော သတ္တဝါတိုင်း၏ ဆဲလ်တိုင်းတွင် မျိုးဗီဇပစ္စည်း ညီတူညီမျှ ကြွယ်ဝစွာ ပါဝင်သည်။ DNAသည် ဆဲလ်မျိုးဗီဇပစ္စည်းများတွင် ပါဝင်သောအရာ တခုဖြစ်ပြီး ဆဲလ်များအတွင်းရှိ အကြီးမားဆုံးသော မခရိုမော်လီကျူး (Macromolecules) ဖြစ်သည်။ DNA ဆိုသည် သက်ရှိဆဲလ်များ၏ နျူကလီးယက်စ် (Nucleus) တွင် အများဆုံး တွေ့ရသည့် မျိုးရိုးဗီဇပါဝင်သည့် ပစ္စည်းဖြစ်သည်။ အနည်းငယ်ကို မိုက်တိုခွန်ဒြီးယား (Mitochondria) တွင်လည်း တွေ့နိုင်သည်။ နာမည်အပြည့်အစုံမှာ DeoxyriboNucleic Acid (အသံထွက် ဒီအောက်စီရိုင်ဘိုနျူကလစ်အက်ဆစ်) ဖြစ်သည်။ ၎င်းသည် Polydeoxyribonecleotide ဟုခေါ်သော အမျှင်နှစ်ခု နှစ်ပင်လိမ် ကြောင်လိမ်လှေကား ပုံသဏ္ဍာန်ရှိပြီး လှေကားထစ်တိုင်းတွင် နျူကလီယိုတိုက် (Nucleotide) များဖြင့် ဖွဲ့စည်းထားသည်။ ယင်းနျူကလီယိုတိုက်များကို နိုက်ထရိုဂျင်ဘေ့စ်၊ ကာဗွန်ငါးလုံးပါ Pentose sugar (Deoxyribose)၊ နှင့် ဖော့စ်ဖိတ်အုပ်စု တို့ဖြင့် ဖွဲ့စည်းထားသည်။

 

DNAတွင် နိုက်ထရိုဂျင်ဘေ့စ် လေးမျိုးဖြင့် ပြုလုပ်ထားသည့် ကုတ် (Code) များဖြင့် သတင်းအချက်အလက်များကို သိမ်းဆည်းထားသည်။ ၎င်းဘေ့စ် လေးမျိုးမှာ

  • အက်ဒနင်း Adenine(A)/(a),
  • သိုင်မင်း Thymine(T)/(t),
  • ဆိုင်တိုစင်း Cytocine(C)/(c),
  • ဂွါနင်း Guanine(G)/(g)

တို့ဖြစ်သည်။ DNA၏ လှေကားထစ်တိုင်းတွင် A နှင့် T သည် ဟိုက်ဒရိုဂျင်ဘွန်း (ဟိုက်ဒရိုဂျင် အက်တမ်များအကြား ဆွဲငင်အား) နှစ်ခုဖြင့် ချိတ်ဆက်ပြီး G နှင့် C သည် ဟိုက်ဒရိုဂျင်ဘွန်း သုံးခုဖြင့် ချိတ်ဆက်ထားသည်။ DNAများကို စုစည်းပြီး Chromatin ခရိုမာတင် ဖြစ်လာသည်။ ခရိုမာတင်များတွင် အလွန်ရှည်လျားသော DNA နှစ်ပင်လိမ်၊ Histones ဟုခေါ်သော ပရိုတိန်းများနှင့် Histones မဟုတ်သော (Non histones) ပရိုတိန်းများ ပါဝင်သည်။ ခရိုမာတင်များသည် ပုတီးကုံးပုံသဏ္ဍန်ရှိသည်။ ယင်း ခရိုမာတင်များ အထပ်ထပ်စုစည်းလာသောအခါ Chromosomes (ခရိုမိုဆုန်း) ဖြစ်လာသည်။ ဆဲလ်တခုစီတွင် ခရိုမိုဆုန်း ၂၃စုံ (၄၆ ခု) ရှိသည်။ ယင်းကဲ့သို့ DNA sequence တခုလုံးကို genome ဟုခေါ်သည်။ ကျွန်ုပ်တို့၏ genome တွင် DNA base ပေါင်း ၃ဘီလီယံခန့်ရှိသည်။ DNA sequence data ကသယ်ဆောင်ထားသော baseပေါင်း တသန်းသည် ကွန်ပျူတာဒေတာသိုလှောင်မှု ၁မီဂါဘိုက်(1 MB) နှင့်ညီမျှသည်။ သို့ဖြစ်၍ baseပေါင်း ၃ဘီလီယံ ခန့်သယ်ဆောင်ထားသော genome တခုလုံးသည် ၃ဂစ်ဂါဘိုက်(3072 MB or 3 GB) သိုလှောင်မှုပမာဏရှိသည်။ ဤကဲ့သို့ စုစည်းထားသော DNA အမျှင်များကို ဖြည်၍ ဆက်လိုက်လျှင် ဆဲလ်တခုတည်းတွင် ရှိသည့် DNA အမျှင်များသည် ၆ပေခန့်ထိ ရှိနိုင်သည်။ အကယ်၍ လူတစ်ယောက်သည် တမိနစ်လျှင် စကားလုံးပေါင်း ၆၀ကိုရိုက်နိုင်မည်ဆိုပါက genome တခုလုံးပြီးစီးအောင် typeနိုင်ရန် နှစ်ပေါင်း ၅၀ထိကြာမြင့်နိုင်သည်။ သင့်ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးမှ DNA အမျှင်များကို ဖြည်လိုက်ပါက ကျွန်ုပ်တို့ကမ္ဘာမှ နေမင်းကြီးဆီသို့ အကြိမ် ၇၀ ခန့်မျှ အသွားအပြန်လုပ်နိုင်သည်။ အရွယ်ရောက်ပြီးသူတစ်ဦးတွင်ရှိသော စုစုပေါင်း DNA အရှည်ကို အောက်ပါအချက်အလက်များအား မြှောက်ကြည့်ခြင်းအားဖြင့် တွက်ချက်နိုင်သည်။

DNA ဘေ့စ်တစ်စုံ၏အရှည် = ၀.၃၄ * ၁၀-၉ m
ဆဲလ်တစ်ခုတွင်ရှိသော ဘေ့စ်အစုံအရေအတွက် = ၆ * ၁၀
ကိုယ်ခန္ဓာတွင်ရှိသောဆဲလ်အရေအတွက် = ၁၀၁၃

အရွယ်ရောက်ပြီးသူတစ်ဦးတွင်ရှိသော စုစုပေါင်း DNA အရှည်

(၀.၃၄ * ၁၀-၉ m) * (၆ * ၁၀) * (၁၀^၁၃) = ၂.၀ * ၁၀၁၃ မီတာ

ဒီလောက်အရှည်ဟာ ကမ္ဘာကနေ နေမင်းဆီကို အသွားအပြန် ခရီး အကြီမ် ၇၀ နီးပါးနှင်နိုင်တဲ့ အကွာအဝေးနဲ့ ညီမျှပါတယ်။

၂.၀ * ၁၀၁၃ မီတာ = ၁၃၃.၆၉၁၆၂၇ AU (AU ဆိုတာ Astronomical Unit ရဲ့အတိုကောက်ဖြစ်ပြီး နေမှ ကမ္ဘာမြေသို့ အကွာအဝေးဖြစ်သည်)
၁၃၃.၆၉၁၆၂၇ / ၂ = ၆၆.၈၄၅၈၁၃၅ ကမ္ဘာမှနေသို့ ခရီးတစ်ပတ်ကြိမ်ရေ

DNA သည် (Replication) ပုံတူကွဲပွားနိုင်သည်။ DNA ၏ နှစ်ပင်လိမ်အကြားရှိ Hydrogen bond များကို DNA Helicase enzymeက ပျက်စေပြီး A-T အတွဲ၊ G-C အတွဲသည် ကွဲကွာသွားကာ DNAအမျှင် နှစ်ခုဖြစ်ပေါ်လာသည်။ ပထမအမျှင်ရှိ Aသည် အသစ်သော နိုက်ထရိုဂျင်ဘေ့စ် (T) ကိုဖွဲ့စည်းပြီး၊ အခြားအမျှင်ရှိ Tသည် A ကိုဖွဲ့စည်းခြင်းဖြင့် DNAနှစ်ပင်လိမ် နှစ်ခု ဖြစ်ပေါ်လာသည်။ ယင်းကဲ့သို့ DNAအမျှင်အသစ်ဖွဲ့စည်းခြင်းကို DNA Polymerase enzymeက လုပ်ဆောင်ပေးသည်။ ဤကဲ့သို့လုပ်ဆောင်ရာတွင် Aသည် T နှင့်သာတွဲပြီး Tသည်လည်း Aနှင့်သာတွဲကာ Gသည် Cနှင့်လည်းကောင်း၊ Cသည် Gနှင့်လည်းကောင်း အမှားယွင်းမရှိတွဲဖက်ကြသည်။

ကိုးကားထားသော စာပေအရင်းအမြစ်များ