လျှာဟူသည်သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း ထိုလျှာကြောင့် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသကဲ့သို့ ထိုလျှာကြောင့်ပင်လျှင် စိတ်နှလုံးသက်သာစေခြင်း၊ အနာကိုပင်ပျောက်စေခြင်း၊ ရွှင်လန်းစေရခြင်းကဲ့သို့သော အပေါင်းလက္ခဏာဘက်သို့လည်း ရောက်ရှိစေတတ်သည်ကို ကျွန်ုပ်တို့ အသိပင် …
သို့သော်လည်း စိတ်နှလုံး၏ စေရာ၊ လျှာ၏ အုပ်ထိန်းမှုအောက်၌ မချုပ်တည်းနိုင်သဖြင့် သေစေတတ်သော အဆိပ်အတောက်ကို သွန်းလောင်းစေမိတတ်ကြပေသည်။ ယင်းအခြေအနေကြောင့် မီးကဲ့သို့လောင်မြိုက်သော မိမိတို့၏ လျှာသည် ဖျက်ဆီးခြင်း၏ တရားခံအလား ပတ်ဝန်းကျင်တစ်ခုလုံးသို့ မှောင်မိုက်စေတတ်ပြီး ညစ်နွမ်းစေကာ လူတဖက်သားအား နာကျင်စေတတ်သော ရပ်ဝန်းတစ်ခုပေါ်ပေါက်လာစေတော့သည်။
ရှင်ယာကုပ်ဩဝါဒစာ ၃:၉
ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။
ကျွန်ုပ်တို့သည် ထိုလျှာဖြင့် မိတ်ဆွေများအား နှုတ်ခွန်းဆက်ကြသကဲ့သို့ အဲဒီလျှာဖြင့်သာ ထိုမိတ်ဆွေအား ရန်တွေ့ပြောဆိုတတ်ကြသည်။ ထိုလျှာဖြင့် ချီးမွမ်းတတ်သည်၊ ထိုလျှာဖြင့် ကောင်းကြီးပေးတတ်သည် သို့သော်လည်း ထိုလျှာဖြင့်သာ ဆဲဆိုကာ ကျိန်ဆဲတတ်ကြပြန်ပေသည်။ ထိုလျှာဖြင့် လူအများအား သတင်းမေးသကဲ့သို့ ထိုလျှာဖြင့်သာ လူအများအား အတင်းပြောကြပြန်ပေသည် မဟုတ်ပါလား …
ဤသေးငယ်သောအစိတ်အပိုင်းသည် ကျွန်ုပ်တို့အား ကြီးစွာသော ပဋိပက္ခ သို့တည်းမဟုတ် ဆုံးရှုံးစေခြင်းကို ဖြစ်ပွားစေတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လျှာ သို့တည်းမဟုတ် စိတ်၏အလိုသို့လိုက်ကာ အတင်းပြောခြင်းများသည် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသည်ကို သတိမူရင်း “နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား” ဟူသည့် ရှင်ယာကုပ်၏ သတိပေးစကားကို ဆင်ခြင်နှလုံးသွင်းကြပါစို့လား …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။