Skip to content

ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ခရစ်ယာန်တွေကြား ပြောပြောနေတဲ့ လူတယောက် ကယ်တင်ခြင်းရခြင်း ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို စောင့်ရှောက်လို့ရတာ (သို့) ဘုရားသခင်ရဲ့ကျေးဇူးပြုပေးခြင်း/လုပ်ပေးခြင်း အပေါ်မှာယုံကြည်ဝန်ခံခြင်း သက်သက်သာဖြစ်တယ် ကိုယ်က ကောင်းမှု ကုသိုလ်ပြုလို့မဟုတ် ဆိုတာ မကြာခဏ အပြန််အလှန်ဆွေးနွေးတာ ကြားရလေ့ရှိပါတယ်။

တမန်တော်ကြီးရှင်ပေါလုကဤကဲ့သို့ ဆိုပါသည် ကျွန်ုပ်တို့ဟာ  “ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသည်” ဟု ရောမသြဝါဒစာ ၆း၁၅ မှာ အတည်အလင်းဖော်ပြထားပါတယ်။

သို့သော်သမ္မာကျမ်းစာထဲ၌ သခင်ယေရှုကိုယ်တိုင်မိန့်တော်မူသော “ငါ့ ခမည်းတော်၏အလိုကိုဆောင်သောသူ သာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင် ရလိမ့်မည်” ရှင်မဿဲခရစ်ဝင် ၇း၂၁၊ ဆိုသည့် သူ့နောက်လိုက်သောသူ ပြုရမည့်အသိတရားကို မည်ကဲ့သို့ဝန်ခံလိုက်နာနိုင်မည်နည်း။

အထက်ပါဖော်ပြခဲ့သော ကယ်တင်ခြင်းရခြင်း နှင့် ကောင်းကင်နိုင်ငံတော်သို့ဝင်စားရခြင်း ဟာ ဆက်နွယ်မှုရှိ နေသောကြောင့် ကျွန်တော်တို့ အလေးအနက်ဆင်ခြင်သင့်ပါသည်။

ကယ်တင်ခြင်းရခြင်း ဆိုသည်မှာ တနည်းအားဖြင့်  ဘုရား၏ကျေးဇူးပြုပေးခြင်းကို နားလည်သဘောပေါက်ဝန်ခံ ခြင်းပင် ဖြစ်သည်။ မည်ကဲ့သို့ ကျေးဇူးပြုပေးသည်မှာ – ယေရှုခရစ်တော်သည်ကားတိုင်ထက်တွင် မိမိရဲ့အပြစ်ကြွေး အားလုံးအတွက် ကိုယ်စားအသေခံ၊အသွေးသွန်းပြီး သုံးရက်မြောက်သောနေ့တွင် သေခြင်းတရားကို အောင်မြင် ကာ ရှင်ပြန်ထမြောက်သော ဘုရားစင်စစ်၊လူစင်စစ် ဖြစ်သည်ကိုမိမိ၏ကယ်တင် ရှင်၊ အရှင်သခင်အဖြစ်စိတ်နှလုံး ထဲ၌ ရာနှုန်းပြည့်ယုံကြည်၊ နှုတ်ကနေ ဝန်ခံခြင်းပင်ဖြစ်သည်။

ထိုကယ်တင်ခြင်းရသောသူသာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်စားရမည်ဖြစ်သည်။

တဆက်တည်းမှာပင် ခမည်းတော်၏အလိုကိုဆောင်သောသူ သာလျှင် ဆိုသည့်သခင့်စကားသည်အရေးကြီး သော မိန့် မှာချက်ပင်ဖြစ်သည်။ ခမည်းတော်၏အလိုတော်ကိုဆောင်သောသူဆိုသည်မှာ – ခမည်းတော်၏စိတ်သဘောကို ကျေနပ်စေသောသူ၊ ရာနှုန်းပြည့်ဝန်ခံသောသူ၊ ခမည်းတော်၏ စံချိန်စံညွှန်းအတိုင်းအသက်ရှင်သော သူပင်ဖြစ် သည်။ ထိုသူမှာ လူသားတယောက်အနေနဲ့ ခမည်းတော်ထာဝရဘုရားရဲ့ စံနှုန်းအတိုင်းအသက်ရှင်နိုင်ခဲ့တဲ့သူ အလိုတော်ကို ၁၀၀% ဆောင်နိုင်တဲ့သူမှာသခင်ယေရှု ခရစ်တော် တပါးတည်း” သာ ဖြစ်ကြောင်း သမ္မာကျမ်းစာအရ သိရပါသည်။

တဆက်တည်း အောက်ပါကျမ်းချက်များအားဖြင့်လည်း သခင်ယေရှုပြုခဲ့သောကျေးဇူးတော်သက်သက်ကို ဆင်ခြင် နှလုံးသွင်းနိုင်သည်။

ရောမသြဝါဒစာ ၅း၁၇-၁၉

၁၇ ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​ လ​တ္တံ့။ ၁၈ ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ ကြုံ​ရ​ကြ​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ၏ ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​အ​ခွင့်​ကို ရ​ကြ၏။ ၁၉ အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော ​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့ ​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။

ဂလာတိဩဝါဒစာ ၂း၂၀

ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင် ၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုယ်ကို စွန့်တော်မူ၏။

ရောမသြဝါဒစာ ၉း၃၀-၃၂

၃၀ ထို​ကြောင့်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​ကို မီ​အောင်​မ​လိုက်​သော တစ်​ပါး​အ​မျိုး​သား​တို့ ​သည် ဖြောင့်​မတ်​ခြင်း​ကို မီ​ကြ၏။ ထို​သို့​ဆို​သော်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မီ​သော ဖြောင့်​မတ်​ခြင်း​ကို ဆို​လို​သ​တည်း။ ၃၁ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မီ​အောင်​လိုက်​သော ဣ​သ​ရေ​လ​လူ​တို့​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​မီ​ကြ။ ၃၂ အ​ ဘယ်​ကြောင့်မ​မီ​ကြ​သ​နည်း။ ယုံ​ကြည်​ခြင်း​အား​ဖြင့်မ​လိုက်၊ ပ​ညတ်​တ​ရား၏အ​ကျင့်​အား​ဖြင့်​သာလိုက်​ကြ​သ​တည်း။ 

“ဒါဆို ကျွန်တော်တို့ ပညတ်တရားကို ဝန်ခံရအုံးမည်လော။ မုချမလွဲဝန်ခံရမည်ဖြစ်သည်။ အကြောင်းမှာ ပညတ်တရားကိုအကုန်အစင်မကျင့်ကြံနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အကုန်အစင်ကျင့်ကြံပြင်ဆင် ပေးသော သခင်ယေရှုခရစ်တော် ပြုသောအမှုကို ဝန်ခံခြင်းသည် ပညတ်တရားကိုဝန်ခံခြင်းပင်ဖြစ်သည်။”

ခရစ်တော် တပါး တည်းသာလျှင် ထာဝရဘုရားရဲ့ ပညတ်ကို စုံလင် စွာ လိုက်လျှောက် နိုင်တဲ့သူမို့လို့ ထိုသခင်နှင့် ကိုယ်တော် ပြုုတော် မူသော အမှုကို ယုံကြည်ခြင်း သည် သာမန်လူသား လိုက်လျှောက်ရန် မဖြစ်နိုင် သည့် ပညတ်တရားကို ပြည့်စုံစေသည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ ကျေးဇူး‌ပြုတော် မူခြင်း ကို ယုံကြည် လက်ခံခြင်း သည် ပညတ် တရားကို မိမိ၌ ပြည့်စုံစေခြင်းပင် ဖြစ်သည်။

ယုံကြည်သောသူပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်ကြောင်း၊ ညတ်ရားသည် ရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။ ရောမ ၁၀ :

“ဆိုလိုချင်သည်မှာ ကောင်းကင်နိုင်ငံတော်ဝင်ရန် မိမိရဲ့ ပင်ကိုယ်ကျင့်ကြံနိုင်ခြင်း ကောင်းမူကုသိုလ်ဖြင့် ခမည်းတော် ၏ကောင်းကင်နိုင်ငံတော်ဝင်စားခွင့်ရမည်အထင်သည် “ပညတ်တရားအောက်၌ကျင့်ကြံ” အသက်ရှင်ခြင်းပင်ဖြစ် သည်။ ဂလာတိ ၃း၁၀-၁၄ တွင် ပညတ်တရားရဲ့ တောင်းဆိုမှုနှင့် “ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူ ရှိသမျှ တို့၏အကျိန်ကို‌ ယေရှုခရစ်တော်ကိုယ်တိုင် ‌ရွေးနှုတ်တော်မူပြီးပြီဖြစ်သည်။ ထိုအမှုပြီးကြောင်းကို ဝန်ခံပြီး 

သော သင်နှင့်ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်၌လုံခြုံစိတ်ချယုံမက၊ ထိုမေတ္တာထဲ၌နှစ်လိုဖွယ်သော အကျင့်၊ အလင်း၌ကျင်လည်သောအလင်း၏သား၊သမီးအဖြစ်လည်းကောင်း၊ ဆာလံ ၁ ကဲ့သို့အသက်ရှင်သော အသက်တာဖြင့် အသက်ရှင်ကြမှာမလွှဲပင်ဖြစ်ပါသည်။

အကယ်၍ မိမိသည်ပညတ်တရားကိုကျင့်သောသူကဲ့သို့ သူတပါးက ရူမြင်သည်ဆိုပါက ပညတ်တရားတို့ကို ဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှါ ကျင့်နေခြင်းပင်ဟုဆိုရမည်ဖြစ်ပေသည်။ 

၁ကော ၉း၂၁ “ဘုရားသခင်ရှေ့တော်၌တရားမဲ့မနေ၊ ခရစ်တော်၏တရား ကိုကျင့်သောသူ ဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူ တို့ကိုရခြင်းအလိုငှါ၊ ပညတ်တရားမဲ့ သောသူတို့၌ ပညတ်တရား မဲ့သောသူကဲ့သို့ဖြစ်၏။” 

1 Corinthians 9:21 To those outside the law I became as one outside the law (not being outside the law of God but under the law of Christ) that I might win those outside the law.

လုပ်ဆောင်လျက်
အလင်း၏သား

အခြေပြုကျမ်းချက်။  ။ ဧဖက် ၂း၁-၁၀ ၊ ရောမ ၅း၁၇-၁၉၊ ဂလာတိ ၂း၂၀၊ ရောမ ၉း၃၀-၃၂၊  ရောမ ၆း၁၅-၂၃ မဿဲ ၇း၂၁၊ ဂလာတိ ၃း၁၀-၁၄၊ ၁ကော ၉း၁၉-၂၇။