Skip to content

ယေဟောဝါသက်သေခံများသည် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားကို ပုဂ္ဂိုလ်တော်အဖြစ် မကိုးကွယ်ပါ

သန့်ရှင်းသော ဝိညာဉ်တော်ဟူသည် အဘယ်နည်း။

ယေဟောဝါသက်သေခံများသည် သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ပုဂ္ဂိုလ်အဖြစ် မယုံကြည်၊ မကိုးကွယ်ကြပါ။ စွမ်းအားသက်သက်မျှသာဖြစ်သည်ဟု ခံယူကြပါတယ်။ ဒါကြောင့် သူတို့၏ကိုယ်ပိုင်ကျမ်းစာတွင် Holy Spirit ကို သန့်ရှင်းသော ဝိညာဥ်တော်လို့ မပြန်ဆိုဘဲ သန့်ရှင်းသောစွမ်းအားတော် လို့သာ ပြန်ဆိုထားသည်မှာ စိတ်မကောင်းစရာပါ။ သန့်ရှင်းသော ဝိညာဉ်တော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုး သက်သက်ပဲဆိုတာ လုံးဝ မဟုတ်ပါဘူး။ သူကိုယ်တိုင်ဟာ ဘုရားဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါတယ်။ နားလည် လွယ် အောင် ရှင်းပြရမယ် ဆိုရင် “တန်ခိုး” ဆိုတာ “စွမ်းအား” သ ဘော ဖြစ်ပေမယ့် “အသိဉာဏ်” မဟုတ်ပါဘူး။ အစွမ်းသတ္တိသက်သက်သာ ဖြစ်ပါတယ်။

အသိဉာဏ် (Intelligence) နဲ့ တန်ခိုး (Power) ဟာ မတူပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကိုယ်တော်တိုင် ဘုရားဖြစ်လို့ တန်ခိုး (power) ရှိရုံသာမက ကိုယ်တော်တိုင် ပုဂ္ဂိုလ်လည်း ဖြစ်တော်မူတဲ့အတွက် ဘုရားအသိဉာဏ် (Divine Intelligence) နဲ့လည်းပြည့်စုံပါတယ်။

ဥပမာ တစ်ခုနဲ့ ယှဉ်ပြရရင် လျှပ်စစ် (electricity) ဟာ တန်ခိုး (Power) ရှိပါတယ်။ ဒါပေမယ့် “အသိဉာဏ်” (intelligence) မရှိပါဘူး။ ဒါ ကြောင့် လျှပ်စစ် သုံးတဲ့ အိမ် တွေမှာ ဝါယာ လျှော့ခ် ဖြစ်လို့ မီးလောင်ရင် အန္တရာယ် မဖြစ် အောင် လျှပ်စစ်က သူ့အလိုလို အသိဉာဏ် နဲ့ (power) ဖြတ်တောက် မပေးပါဘူး။ အသိဉာဏ်ရှိတဲ့ လူကဝင်ပြီး ပါဝါ ပိတ် ပေးရပါတယ်။ (သို့မဟုတ် အသိဉာဏ်ရှိတဲ့လူက computer programming ကို အသုံးပြုပြီး အလိုအလျောက် ပါဝါဖြတ်တောက်အောင် ကြိုတင် ပရိုဂရမ်ရေးဆွဲထားရပါတယ်)။ ဒါကြောင့်လျှပ်စစ်ဟာ တန်ခိုး power ပဲရှိပြီး အသိဉာဏ် မရှိတဲ့အတွက် သူဟာ “ပုဂ္ဂိုလ်” မဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ တန်ခိုး ရော အသိဉာဏ် ရော ၂ မျိုးစလုံး ရှိတဲ့ အတွက် ကိုယ်တော်တိုင် ပုဂ္ဂိုလ်တော် ဖြစ်ပါတယ်။ ပြီးတော့ ယုံကြည်သူ ကျွန်တော်တို့ အထဲမှာ ကိန်းဝပ်ပြီး တစ်ယောက်စီရဲ့ အသက်တာလျှောက်လှမ်းတဲ့နေရာမှာ “တန်ခိုး” (Power) အဖြစ် ရှိနေရုံသာမက “အသိဉာဏ် ” (Intelligence) အဖြစ်လည်း ရှိနေပါတယ်။ ဒါပေမယ့် အများစုကတော့ ဝိညာဉ်တော် ဘုရားကို တန်ခိုး အနေနဲ့ပဲ လက်ခံချင်ကြပါတယ်။ တန်ခိုး ကို အသုံးချတဲဲ့ ဘုရားရဲ့ အသိဉာဏ် ကို တော့ ဖယ်ထားချင်ကြတယ်။

တကယ်တော့ ကျွန်တော်တို့ကို ဘယ်အရာဟာ ဘုရားသခင် နှစ်သက်တဲ့အရာဖြစ်တယ်ဆိုတာကို အသိဉာဏ် (Intelligence) အားဖြင့် သင်ပေးရုံသာမက လုပ်ဆောင်နိုင်ဖို့ တန်ခိုး အစွမ်းသတ္တိ (Power) ကိုပါ ပေးနေတဲ့ သူဟာ သုံးပါးတစ်ဆူထာဝရဘုရား(Holy Trinity) ထဲက တစ်ပါးဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ပုဂ္ဂိုလ်တော်ပဲဖြစ်ပါတယ်။

“ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။
ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။
သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။”(ရှင်ယောဟန်ခရစ်ဝင် ၁၆း၇-၁၄)

သခင်ယေရှုကိုယ်တော်တိုင် ထိုကဲ့သို့ မိန့်တော်မူထားခြင်းဖြစ်ပါတယ်။ သခင်က ကိုယ်တော်ကောင်းကင်သို့ ပြန်တက်ကြွပြီးသည့်နောက် သန့်ရှင်းသောဝိညာဥ်ဘုရားကြွဆင်းလာမည့်အကြောင်းကို ကြိုတင်ပရောဖက်ပြုထားခြင်းဖြစ်ပါတယ်။ သခင့်ရဲ့ မိန့်တော်မူချက်ထဲမှာ သန့်ရှင်းသောဝိညာဥ်ဘုရားသည် ဥပဇ္ဈာယ်ဆရာ ဖြစ်ကြောင်း၊ ထိုသူသည် ခမည်းတော်ထံ၌ ကြားသမျှတို့ကို ဟောပြောလိမ့်မည်ဖြစ်ကြောင်း(ဟောပြောခြင်းကို Intelligence ရှိတဲ့ ပုဂ္ဂိုလ်ကသာလုပ်ဆောင်ပါတယ်) နောက်ဆုံးတစ်ချက်မှာ သခင်ယေရှုက သန့်ရှင်းသောဝိညာဥ်ဘုရားကို “ထိုသူ” လို့သုံးနှုန်းထားကတည်းက စွမ်းအားသက်သက်မျှသာမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်းထင်းရှားလွန်းပါတယ်။

ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။”

 

ကိုးကားထားသော စာပေအရင်းအမြစ်များ