Skip to content

သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-”
တိ မော သေ ဩ ဝါ ဒ စာ ဒု တိ ယ စောင် ၂:၁၅

ယုံကြည်သူတွေကို လှည့်စားဖို့အတွက် စာတန်ရဲ့လမ်းစဉ်ဟာ အမှန်တဝက်ချပြပေးခြင်း ဖြစ်တယ် (အကယ်စင်စစ် အမှန်တဝက်ဆိုသည်မှာ လုံးလုံးမှားနေခြင်းပင် ဖြစ်သည်)။

သူဟာ ဘယ်သောအခါမျှ သမ္မာကျမ်းစာနှင့် လုံးလုံးလွဲသော ခံယူချက် သို့မဟုတ် သွန်သင်ချက်များကို ချပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခုခေတ် ယုံကြည်သူအများစုဟာ လုံးလုံးမှားနေတာမျိုးကို ကောင်းကောင်းသိပေမယ့် လုံးဝမှန်ကန်တာကိုကျတော့ ဇဝီဇဝါ ဖြစ်နေကြလို့ပါပဲ။ ဒါကြောင့် သမ္မာကျမ်းစာ အခြေခံသော အကြောင်းအရာ သို့မဟုတ် သမ္မာကျမ်းစာထဲမှ သွန်သင်ချက်အချို့တို့ကို ယူကာ အလွဲကို အမှန်အုပ်မိုးလို့ လှည့်စားပါလိမ့်မယ်။

သူ၏လှည့်ဖြားမှုလမ်းစဉ်သည် ကျမ်းစာနှင့်လုံးလုံး မလွဲပါသော်လည်း လှည့်စားခြင်း၏ နောက်ဆုံးပန်းတိုင်သည် ကျမ်းစာနှင့်လုံးလုံး လွဲသွားစေရန် ဖြစ်တယ်။

အခုနောက်ပိုင်းမှာ

ကျမ်းစာကို အသုံးပြုထားတာပဲ .. ဘာမှားလို့လဲ
ကျမ်းစာကို အခြေပြုသလို အသစ်သော ဖွင့်ပြချက်တွေ ထပ်ပြောတာပဲ … မမှားပါဘူး … ဆိုပြီး လွယ်လွယ် ပြောနေတဲ့သူတွေများလာတော့ .. လွယ်လွယ် အညာခံနေရတော့တာပါပဲ …

ပြန်ပြောရမယ်ဆိုရင် စာတန်ရဲ့လမ်းစဉ်က အစပိုင်းတွေမှာ လုံးလုံးမလွဲသလိုလိုနဲ့ အဆုံးသတ်ပန်းတိုင်က လုံးလုံးလွဲဖို့ဆိုတာ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

စာတန်က သင့်ထက်များစွာ ပါးနပ်ပါတယ်။ သူ့ရဲ့ ပရိယာယ်ကို အထင်မသေးလိုက်ပါနဲ့ (အချို့ကလည်း အထင်ကြီးပြီး အလိမ်ခံနေရတာကလည်း တစ်မျိုး ရှိသေးတယ်)။
တစ်ချို့က ကျမ်းစာလေးနဲ့ ယှဉ်တွဲလို့ … လှလှပပ ကွန့်မြူးကာ သကာလောင်းထားတော့ … သမ္မာတရားထက် အချိုကြိုက်တဲ့သူတွေအတွက်တော့ လာထားအာမင်လို့ ထူးလေမလား။

ကျမ်းစာကို မဖတ်တာမဟုတ်ဘူး … ကျမ်းစာကိုဖတ်ကြပေမယ့် ကျမ်းရဲ့ ဆိုလိုရင်းကို စီစစ်လေ့လာခြင်းမရှိကြတော့ဘူး.. ဟိုလူက ဒီလိုပြောတယ် .. ဟိုနာမည်ကြီးဆရာက ဒီလိုပြောတယ် .. ဟိုဟာဒီဟာပြောပြီး ကျမ်းသခင်ရဲ့ ဆိုလိုရင်းက ပျောက်နေတယ် ..

ပညာမတတ်တဲ့သူကလည်း ပညာမတတ်သည့်အလျောက် .. ပညာတတ်တဲ့သူကလည်း သူသိတတ်ထားတဲ့ ပညာနဲ့အလျောက် ကျမ်းစာကို နားလည်အနက်ဖွင့်ဖို့ (ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုရာဆွဲ သို့မဟုတ် ခံယူရာ စွဲနေကြလိုက်တာ) စာတန်ရဲ့ လှည့်စားမှုတစ်ချို့ကို အဟုတ်မှတ်လို့ အလိမ်ခံနေရတာကိုတောင် မသိတဲ့သူတွေဟာ ကျွန်တော်တို့များ ဖြစ်နေကြမလား …

ယုံကြည်သူများ သတိရှိကြရအောင်ဗျာ …
ကျမ်းစာဖတ်ကြပါ…
ကျမ်းစာက ဘာကို ဆိုလိုသလဲဆိုတာကို စေ့စေ့လေ့လာဆင်ခြင်ကြပါ

ကျမ်းစာကို မှန်ကန်စွာ (Rightly Divide) လုပ်နိုင်ဖို့ ကြိုးစားအားထုတ်ကြပါဗျာ..
ဒီနေရာမှာ Rightly Divide လို့ပြောပါတယ် “မှန်ကန်စွာ” မပိုင်းခြားတတ်ရင်တော့ ကျွန်တော်တို့ သမ္မာကျမ်းစာကို ကိုယ်ထင်ရာအတိုင်း အမျိုးမျိုး ပိုင်းခြားသွားနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ An Abiding Branch နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။