ခရစ်ယာန်ဖြစ်ခြင်းကြောင့် တူဘဝမှ ပေဘဝပြောင်းသွားသူ၊ ခရစ်တော်နောက်သို့လိုက်ခြင်းကြောင့် ကောင်းစားခြင်းနှင့် အခွင့်အာဏာရှိခြင်းတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသူ ရှင်ပေါလုသည်ပင် နက်လွန်းသော ဒဏ်ရာများစွာရှိသည်။ (Violence) အကြမ်းဖက်ခြင်းဟုပင် ဆိုအပ်သော သူတပါးပြုသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများစွာကို ခံစားရခြင်း၊ (Natural Disaster) သဘာဝဘေးအန္တရာယ်များဖြစ်သော ပင်လယ်ထဲ၌နေရခြင်း၊ မြစ်ကူးသောဘေး၊ ပင်လယ်ဘေး၊ တော၌ ကြုံရသောဘေးများသည် သဘာဝဘေးအန္တာရာယ်များကြောင့် ခံစားရတတ်သော စိတ်ဒဏ်ရာများ (Natural Disaster Traumatic Experience) များကိုလည်း ခံစားခဲ့ရမည်လော … ထိုအပြင် ညီအကိုဖြစ်ယောင်ဆောင်သောသူတို့၏ သစ္စာဖောက်ခြင်း (Betrayal Trauma) များအား ကြုံတွေ့ရကာ တုန်လှုပ်ခြင်းနှင့် ဝမ်းနည်းခြင်းများကိုလည်း တပြိုင်တည်းခံစားခဲ့ရသည့်နည်းတူ (Loss) ဆုံးရှုံးရခြင်းကိုလည်း ခံစားခဲ့ဖူးသည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ ရှင်ပေါလု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု (Emotional Damage) တို့အား ရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် မလောက်နိုင်ပါ။
——- ဆက်ရန် ——-
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။