ဒါဝိဒ် ဟုဆိုလိုက်လျှင် လူတိုင်း အားကျရသည့် မင်းသားကြီးကိုသာ မြင်မိကြသည်။ သို့သော် သူ၏ ဖြတ်သန်းခဲ့ရာ ဘဝကိုတော့ရုတ်တရက်သတိမထားမိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ရှမွေလ ဘိသိက်ပေးရန်လာသည့် အချိန်၌တွင်ပင် မိသားစုမှ သားများအားလုံးကို အတူစုစည်းခေါ်ယူထားရမည့်အစား ဒါဝိဒ်အား လစ်လျူရှုကာ သိုးကျောင်းရန်စေလွှတ်ထားခြင်း၊ ထိုသို့ မိသားစုများအကြား ဘိသိက်ကိစ္စသည် သူနှင့်မဆိုင်သဖြင့် ဘောင်မဝင်ခဲ့သူဟု ယူဆမိကာ ဒါဝိဒ်၏ စိတ်ထဲ၌ ဝမ်းနည်းနေမည်လားဟုပင် မိမိ၌တွေးစရာတစ်ခု ထင်ကျန်ရစ်နေသည်။ ၎င်းအပြင် ဂေါလျတ်အား အနိုင်ယူပြီးနောက်တွင် ရှောလု၏ မနာလိုမုန်းတီးခြင်းအားအလကားသက်သက် ခံရကာ အသက်ဘေး ရင်ဆိုင်ရပြန်၏။ သူ၏ အပြစ်မဟုတ်ပါသော်ငြား သို့တည်းမဟုတ် ရှောလုအား ပြစ်မှားခြင်းမရှိထားသော်လည်း အမျိုးမျိုးသော လုပ်ကြံခံရခြင်း၊ ဘေးတွေ့ရပြန်ခြင်းများသည် ဒါဝိဒ်တစ်ယောက် နာကျင်ဖို့အချိန်ပင် ရပါ့မလားဟု တွေးစရာပင် … ဇိကလပ်မြို့တိုက်ပွဲတွင်လည်း အများနည်းတူ မိမိ၏ မိန်းမနှစ်ဦးကိုပါ သိမ်းယူခြင်းကို ခံရပါသော်လည်းဘာမဆိုင်ညာမဆိုင် လက်ညှိုးထိုး အပြစ်တင်ခံရခြင်း၊ နှုတ်ဖြင့်စော်ကားခံရခြင်း၊ ကျောက်ခဲနှင့် ပစ်မည်ဟု ခြိမ်းခြောက်ခံရခြင်းများသည် ဒါဝိဒ်အတွက်တော့ မျှတမှုမရှိခဲ့ပါ။ အလွန်စိတ်ဆင်းရဲရခြင်းသည် အကြိမ်ကြိမ်၊ အားငယ်ရခြင်းသည် မကြာမကြာ၊စိုးရိမ်ရခြင်းသည် အဖန်ဖန်၊ စိတ်ပျက်ဝမ်းနည်းရချိန်များသည်လည်း ခဏခဏပင် … ထိုသို့ ဒါဝိဒ်၏ ခံစားခဲ့ရသော “Depression, Anxiety, Worry, Fear, Lonely, Grief, Stress) စသည့်အပြင် သားဖြစ်သူနှင့် မိမိလူယုံ၏ သစ္စာဖောက်ခြင်းများကြောင့် (Betrayal Trauma) ပင်ရခဲ့မလားဟု တွေးတောကြည့်ရင်း သူ၏ဒဏ်ရာဒဏ်ချက်များအား ရင်ဘတ်ကြီးနှင့်ကြည့်လျှင်တော့ မြင်ရပေဦးမည်။
——- ဆက်ရန် ——-
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။