Skip to content

ယုံကြည်ခြင်းတည်းဟူသော လွှား

အမှောင်နိုင်ငံဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံများထဲမှ သစ္စာတည်းဟူသော ခါးပန်း၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာနှင့် ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ် စသည့်အကြောင်းများကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေ‌အနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်သလို ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းပါရမီရှိဖို့အတွက် သခင်ယေရှုပေါ်တွင် လုံးဝဥုသုံမူတည်နေဖို့ရန် လိုအပ်သည်သာမက ထိုသခင်၏ ဧဝံဂေလိတရားအတိုင်း အသက်ရှင်နေထိုင်ရန်နှင့် ထိုတရားကို ထပ်ဆင့်ဟောပြောနေခြင်းအားဖြင့် မာန်နတ်အား ဆီးတားတိုက်လှန်နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်မည့် ယုံကြည်ခြင်းတည်းဟူသော လွှား (The Shield of Faith) အကြောင်းကို ဆက်လက်ဖော်ပြချင်ပါသည်။

ခရစ်ယာန်အသက်တာ၌ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ သမ္မာကျမ်းစာ၌လည်း “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့်မတွေ့” ဟုဖော်ပြထားပါသည်။ လွှား(ခေါ်) ဒိုင်းသည် ရန်သူပစ်သော မီးစက်လက်နက်၊ မြှားတို့ကို ကာကွယ်နိုင်သကဲ့သို့ ခရစ်ယာန်များအဖို့ ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ လွဲချော်သွားစေမည့် စာတန်မာရ်နတ်၏ ထိုးနှက်၊ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်ပါသည်။ “ဘုရားဆိုတာမရှိဘူး၊ ဘုရားကမင်းကို မချစ်ဘူး၊ မင်းဆုတောင်းလည်း ဘာမှရမှာမဟုတ်ဘူး၊ ဆုမတောင်းနဲ့” စသော ထိုးနှက်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ပါလိမ့်မည်။ မည်သို့ပင်တိုက်ခိုက်စေကာမူ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ ခိုင်ခန့်မြဲမြံ၍ ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းရှိသမျှကို ဘုရားသခင် ကိုယ်တော်မြတ်အား အပ်နှံမည်ဆိုပါလျှင် ရန်သူ၏ တိုက်ခိုက်မှုကို အကောင်းဆုံးခုခံ၍ အောင်မြင်ဖို့ရန် ပြန်လည်တိုက်ခိုက်ပါမည်။ ထို့ကြောင့် လွှားတည်းဟူသော ယုံကြည်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အလွန်အရေးကြီး‌ပါသည်။

“သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။- လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။- အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။- ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရားသ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။
ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။- သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။”
(ဖိလိ ပ္ပိ ဩဝါဒစာ ၄ : ၄ – ၉)