Skip to content

Conflict” ပဋိပက္ခတစ်ခု ဖြစ်စေတတ်သော အဓိကတရားခံများထဲတွင် စိတ်မရှည်ခြင်းသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။ စကားပြောရာမှ စိတ်မရှည်ခြင်းကြေင့် ရန်ဖြစ်ကြသည့်အဖြစ်၊ ဆွေးနွေးပြောဆိုရာမှ စိတ်မရှည်ခြင်းကြောင့် ပွဲပျက်ရသည့်အဖြစ်၊ ညှိနှိုင်းရာ၌ စိတ်မရှည်ခြင်းကြောင့် အဆင်မပြေဖြစ်ကြရသည့် ကာလတို့နှင့် ထိုစိတ်မရှည်ခြင်းကြောင့်ပင်လျှင် အိမ်ထောင်ရေး၊ လူမှုရေးတွင်ဖြစ်စေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အသင်းတော်အတွင်းပါမကျန် ပဋိပက္ခတစ်ခုဖြစ်တည်လာတတ်ခြင်းသည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိပါ …

ထို မရှည်တတ်သော မိမိတို့၏ စိတ်ကို ထိန်းချုပ်နိုင်ရန်သည် အင်မတန်မှပင် အရေးကြီးသည့် အရာတစ်ခုပင်ဖြစ်သည်။ လူ့သဘာဝအရ မိမိကသာ သူတပါးထံမှ စိတ်ရှည်ခြင်းကို လိုချင်တတ်ကြပြီး မိမိကတော့ ထိုအရာကို မပေးချင်တတ်ကြချေ တနည်းအားဖြင့် စိတ်ရှည်ရန် မေ့လျော့နေတတ်ကြသည်မှာ အမှန်ပင် … ဤအရာကိုလည်း အမြဲသတိကပ်၍ ဆင်ခြင်နိုင်မည်ဆိုလျှင် မိမိတို့၏ မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် အသင်းတော်တွင်လည်း ပဋိပက္ခတစ်ခုဖြစ်တည်လာခြင်းသည် များစွာ သက်သာလာစေဦးလိမ့်မည် မဟုတ်ပါလား …

သုတ္တံကျမ်း ၁၆:၃၂
စိတ်ရှည်သောသူသည် ခွန်အားကြီးသော သူထက်လည်းကောင်း၊ မိမိစိတ်ကို ချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသော သူထက်လည်းကောင်း သာ၍ကောင်း၏။

slow to anger” ဟု “KJV” တွင်တွေ့ရသည်။ စိတ်ရှည်သောသူ သို့တည်းမဟုတ် ဒေါသအရှိန်နှေးစေတတ်သောသူသည် “better than the mighty” ခွန်အားကြီးသောသူထက် သာ၍ကောင်းခြင်း“ruleth his spirit” မိမိ၏ စိတ်၊ စိတ်နှလုံး၊ စိတ်ဝိညာဥ်ဟုပင်ဆိုဆို ထိုအရာကို ချုပ်ထိန်းနိုင်သောသူသည် “taketh a city” မြို့ကို တိုက်ယူသောသူထက် သာ၍ကောင်းခြင်းပေတည်း။ “NIV” တွင်တော့ “patient … self-control” ဟုလည်းတွေ့ရသည်။ “other-control” တော့ မဟုတ်ပေ။

“Gill’s Exposition of the Entire Bible” တွင်တော့ ယခုကဲ့သို့ ဆိုထားပြန်သည် … “He that is slow to anger is better than the mighty,…. Than a mighty warrior or conqueror; as Alexander who conquered his enemies, and even all the world, and yet in his wrath slew his best friends” စိတ်ရှည်သောသူ၊ ဒေါသအရှိန်ကို နှေးစေတတ်သောသူသည် ခွန်အားကြီးသောသူထက် တနည်းဆိုရသော် ကမ္ဘာတစ်ခုလုံးမှ မိမိ၏ ရန်သူအပေါင်းတို့ကို အောင်နိုင်တတ်သည့် “Alexander” ထက် သာ၍ပင် ကောင်းကြောင်း … ထိုသူသည် သူ၏ အမျက်ဒေါသကြောင့်ပင် သူ၏ အချစ်ရဆုံးသော မိတ်ဆွေ သူငယ်ချင်းကို သတ်ခဲ့မိသူဖြစ်သည်။

မိမိ၏ စိတ်နှလုံးကို ချုပ်ထိန်းနိုင်ရန်သည် စစ်မြေပြင်တစ်ခုထက်ပင် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားသည်ပင်လျှင် ကျွန်ုပ်တို့၏ စစ်မြေပြင်ပင်ဖြစ်ကာ ထိုနှလုံးသားမှ စစ်ပွဲကို အောင်မြင်ခြင်းသည် အခြားသော ပြင်ပ စစ်ပွဲများအား အောင်နိုင်ခြင်းထက် သာ၍ သာ၍ပင် တန်ဖိုးကြီးပေသည် မဟုတ်ပါလား … 

ထို့ကြောင့် “slow to anger … ruleth our spirit” ဟုသိမှတ်ကာ “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏” ဟု ကျမ်းစာလာသည်ကိုလည်း ဆင်ခြင်နှလုံးသွင်းရင်း မိမိတို့၏ နှလုံးသား စစ်မြေပြင်မှ စစ်ပွဲများကို အနိုင်ယူကာ ပဋိပက္ခများအား ကာကွယ်ကြပါစို့လား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။