သင်ဟာ သင့်ရဲ့ မိခင်ကို မိခင်တယောက်အနေနဲ့ ချစ်လို့ ရတယ်၊ ဒါပေမယ့် သင့်ရဲ့ ရည်းစား (သို့) ဇနီးမယားတယောက်အနေနဲ့ ချစ်လို့ မရပါဘူး။ ဒီသဘောအတိုင်းပါပဲ တစုံတယောက်ကို ချစ်တယ် ဆိုတာဟာ ကောင်းတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ “ပုဂ္ဂိုလ်စွဲမပါပကတိ ရှိနေတဲ့ စောင့်စည်းအပ်တဲ့ကျင့်ဝတ်” (Objective Moral Standard) ကိုအခြေပြုထားတဲ့ မှန်ကန်သော နည်းလမ်းနဲ့သာ ချစ်သင့်ပါတယ်။ တကယ်လို့ သင်က “အချစ်” ဆိုတာ “အချစ်” ပါပဲ၊ အတူတူပါပဲလို့ပြောရင် ရေသန့်ဗူးထဲကရေလည်း ရေ ဖြစ်သလို အိမ်သာထဲက ရေ လည်း ရေ ပဲ ဖြစ်ပါတယ်။ ဒီလိုဆို သင်သောက်ဖို့ ရေအတွက် အိမ်သာထဲကရေကို သောက်မ လား? ဒါမဟုတ် ရေသန့်ဗူးထဲကရေကို သောက်မလား?
ဒါကြောင့်မို့လို့ အသင်းတော်ဟာ ဝမ်းနည်းစွာနဲ့ပဲ လိင်တူထိမ်းမြားခြင်းကို အသင်းတော်အတွင်း မှာ လက်မခံနိုင်တာဖြစ်ပါတယ်။ ဒီလိုလက်မခံတာဟာ အသင်းတော်က LGBTQ လူ့အဖွဲ့အစည်း အပေါ် ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး။ ဒါကို ခွဲခြားဆက်ဆံတယ်လို့ပြောရင် သင်ဟာ စာခြောက်ရုပ်ယုတ္တိအမှား (straw-man fallacy) ကိုကျူးလွန်နေတာ ဖြစ်သွားပါပြီ။ စည်းစောင့်နိုင်အောင်ကြိုးစားပါ။ အသင်းတော် က လိင်တူထိမ်းမြားခြင်းကို စစ်မှန်တဲ့လက်ထပ်ထိမ်းမြားခြင်းအဖြစ် လက်မခံနိုင်ရတဲ့ အကြောင်းက သခင်ယေရှုဘုရားပြောခဲ့တဲ့ ကျမ်းစာပါ ထိမ်းမြားခြင်းဟာ ယောက်ျားတယောက် နဲ့ မိန်းမ တယောက်အတွက်သာ ဖြစ်ရမယ်လို့ ပြောထားလို့ပဲဖြစ်ပါတယ်။
Strawman fallacy (စာခြောက်ရုပ်ယုတ္တိအမှားဆိုသည်မှာ)
You misrepresented someone’s argument to make it easier to attack.
By exaggerating, misrepresenting, or just completely fabricating someone’s argument, it’s much easier to present your own position as being reasonable, but this kind of dishonesty serves to undermine honest rational debate.
Example: Mr.Aung (who is the Christian) does not accept same-sex marriage within the Church.
But Mr.Shwe accuses that Mr.Aung is homophobic and he hates LGBTQ community.
In this scenario, Mr.Shwe committed strawman fallacy to Mr.Aung. In fact, Mr.Aung does not hate anyone. He just simply cannot accept this kind of marriage within the Church because it contradicts with the definition of Biblical marriage which was taught by Lord Jesus.
ကျွန်တော်တို့တွေ့ တဦးနဲ့တဦး ချစ်ကြဖို့ လိုအပ်တယ်ဆိုတာကို အများစုလက်ခံကြပါတယ်။ ဒါပေမယ့် သူတပါးကို ချစ်တယ်လို့ ဆိုရာမှာ ဘယ်လိုအဓိပ္ပာယ်ရှိပါသလဲ? “ချစ်ခြင်းမေတ္တာ” ဟာ ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှုတခုခုက ဖော်ပြညွှန်းဆိုနေတဲ့ အဓိပ္ပာယ်မျိုးတော့ မဟုတ်ပါဘူး။ “ချစ်ခြင်းမေတ္တာ” ဟာ ပုဂ္ဂိုလ်စွဲမပါ ပကတိရှိနေတဲ့ စောင့်စည်းအပ်တဲ့ကျင့်ဝတ် (Objective Morality) တခု (ဆိုလိုသည်မှာ_ ဘုရားရဲ့ နှုတ်ကပတ်တော် နှင့် သဘာဝနိယာမတရား) ဆီကနေ လွတ်ထွက်သွားပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခံစားမှုတွေနဲ့ ကိုယ်ကြိုက်သလို အဓိပ္ပာယ်ဖွင့်ကြတာမျိုး၊ လူ့အဖွဲအစည်းရဲ့ ခေတ်ရေစီးကြောင်း ပုံသဏ္ဍာန် အတိုင်း ပုံသွင်းခံရသလိုမျိုး ဖြစ်နေလို့မရပါဘူး။ ယနေ့ အမေရိကန်နိုင်ငံမှာရှိတဲ့ သာမန်လူတယောက် အတွက်ပြောရမယ်ဆိုရင် ထိုသူဟာ လူသိများတဲ့ လောကဝါဒီခံယူထားသူဖြစ်ပြီး နာမည်ကြီးလောကဝါဒီ (Popular Secularist) တွေ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ချစ်ခြင်းမေတ္တာမျိုးကို လက်ခံထားကြသူ ဖြစ်ပါတယ်။
ဒီနေ့ခေတ် လူအများစု ပါးစပ်က “ချစ်ခြင်းမေတ္တာ” လို့ ပြောကြတဲ့အခါ “သူတပါးကိုချစ်ခြင်း” ဆိုတဲ့ စကားဟာ “ငါမင်းကို မင်းလိုချင်တာမှန်သမျှ ရစေချင်တယ်” “ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုယ်မင်း ပျော်ရွှင်မယ်လို့ ထင်တဲ့နေရာမှာ၊ အခြေအနေမှာ ရှိစေချင်တယ်” စသည့် အဓိပ္ပာယ်ကိုပဲ ဆိုလိုတာဖြစ်ပါ တယ်။ ဒီလိုဖြစ်တဲ့အခါ “ချစ်ခြင်းမေတ္တာ” ဟာ မူလရိုးရာ ကောင်းမြတ်မှု အမှန်တရားတန်ဖိုးတွေထက် နာမည်ကြီးလောကဝါဒီတွေရဲ့ ပင်မတန်ဖိုး ဖြစ်တဲ့ ပျော်ရွှင်မှုနဲ့ နှစ်သိမ့်စေမှု ဆိုတာတွေနဲ့သာ အဓိပ္ပာယ် ဖွင့်ဆိုခံရဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်ယဥ်ကျေးမှုမှာ “သူတပါးကိုမချစ်သောသူ” (သို့) “အမုန်းပွားနေတဲ့သူ” ဆိုတာဟာ တယောက်ယောက်က သူ့ကိုယ်သူ ကျေနပ်မယ် ပျော်ရွှင်မယ်လို့ ထင်တဲ့ သူ့ရဲ့ ရွေးချယ်နေထိုင်မှုပုံစံ လမ်းကြောင်းပေါ်မှာ လာပြီးပိတ်ရပ်နေတဲ့သူမျိုး၊ သူတို့လိုချင်နေတဲ့ အရာဟာတနည်းနည်းနဲ့ မှားယွင်းနေ ကြောင်း၊ အချို့သော လိုအင်ဆန္ဒတွေဟာ စိတ်အလိုအတိုင်း မလုပ်သင့်ကြောင်း အကြံပေးတဲ့သူတွေ ပြောတဲ့သူတွေပဲဖြစ်ပါတယ်။
ဒါဟာ ယနေ့ခေတ် လောကဝါဒီတွေ သတ်မှတ်ထားတဲ့ “သူတပါးကိုမချစ်တဲ့သူ” ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါ တယ်။
သိမြင်နိုင်တဲ့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ အမှန်တရားရဲ့ အယူအဆ (လူသားနဲ့လူမှုအဖွဲ့အစည်းရဲ့ ပုဂ္ဂိုလ် စွဲအယူအဆရဲ့ အလွန်ကနေ အစပြုခဲ့တဲ့ ကောင်းခြင်းဆိုးခြင်း၊ အမှန်နဲ့အမှားရဲ့ စံနှုန်း) ဟာ ယဥ်ကျေးမှုတခု ရဲ့ ငြင်းပယ်ခြင်းကိုခံရပြီး၊ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒ တပ်မက်မှုတွေကို (တရားဝင်) အာဏာဖြင့် ချင့်ချိန်အကဲဖြတ်ပေးမယ့် အရာတခုမျှမရှိတော့ပဲ ဖြစ်လာပါတယ်။
“ဒီကိစ္စကိုလုပ်ချင်တဲ့ ငါ့ရဲ့ဆန္ဒဟာ ငါ့အတွက်ရော ငါ့ပတ်ဝန်းကျင်အတွက်ရော ကောင်းမှာမဟုတ်ဘူး” “ဒီ လူအပေါ်ထားတဲ့ ငါ့ရဲ့ တပ်မက်မှုဆန္ဒဟာ မှားနေတယ်” အစရှိတဲ့ ဆန္ဒကို ဆင်ခြင်တုံတရားနဲ့ယှဥ်ပြီး ထိန်းချုပ်တဲ့ စကားလုံးတွေဟာလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ကျန်ခဲ့မှာတခုကတော့ လူတွေရယ် လူ့အဖွဲ့ အစည်းတခုလုံးရဲ့ ပုဂ္ဂလိက ထင်မြင်ချက်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့လူ့အဖွဲ့ အ စည်းထဲက အတော်များများကတော့ သူတို့ကိုယ်တိုင်ရဲ့ “ချစ်ခြင်းမေတ္တာ” အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာလည်း “ထင်မြင် ယူဆချက်”သာ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတော့ မပြုမူကြပါဘူး။ အဲ့လိုအပြုအမူမျိုးကို မျှတစွာစဥ်း စားပေးနိုင်ဖို့ ခိုင်မာတဲ့ အတွေးအခေါ်အုတ်မြစ်တောင် မရှိဘဲနဲ့ လူ့အဖွဲ့အစည်းကိုလွှမ်းမိုးထားတဲ့ အမြင်တွေ အပေါ်ကွဲလွဲစွာသဘောထားတဲ့ သူတွေကိုတောင်မှ သူတို့ရဲ့ အယူအဆတွေကို အတင်းအကြပ် သွတ်သွင်း တတ်ပါသေးတယ်။ လူ့အဖွဲ့အစည်းဟာ “ချစ်ခြင်းမေတ္တာ” ဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး ပြောဆိုစရာ များစွာကျန်နေပါသေးတယ်။ ဒါပေမဲ့ “အမှန်တရား”နဲ့ “ချစ်ခြင်းမေတ္တာ” ကို ခိုင်ခံ့စွာချိပ်ဆက် ပေးတဲ့ ရိုးရာအစဥ်အလာထဲက ထွက်ပေါ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ပျောက်ပြယ် ခဲ့ပါြပီ။
အခုဆို “ချစ်ခြင်းမေတ္တာ” ဟာ သင်္ဘောကျင်းကနေ လွတ်ထွက်လာတဲ့ သင်္ဘောတစင်းလို ဖြစ်လာခဲ့ပါပြီ။ လူမှု အသိုင်းဝိုင်းရဲ့ လှိုင်းတွေ၊ လေတွေ အကြားမှာ ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ မျောပါနေခဲ့ပါပြီ။
“ချစ်ခြင်းမေတ္တာနဲ့ သမ္မာတရား” ဟာ တွဲလျက်သွားပါတယ်။ သမ္မာတရားမပါဘဲနဲ့ “ချစ်ခြင်းမေတ္တာ”ပါ လို့ ကြွေးကြော်နေတာဟာ အတုအယောင်သာ ဖြစ်ပါတယ်။ လူတယောက် အချစ်အတွက်ဆိုပြီး ရှုးနှမ်းတဲ့ အမှားတွေလုပ်တဲ့အခါမျိုးလိုပေါ့။ တဦးတယောက်အတွက် “ချစ်ခြင်းမေတ္တာ” ဟာ အခြားသူတယောက်ရဲ့ ဘဝ ကောင်းမွန်ဖို့အတွက် ဆန္ဒတခု ပါရှိရမှာဖြစ်တယ်။ အတိအကျပြောရရင် တယောက်ကိုချစ်တာဟာ အခြားတယောက်ရဲ့ဘဝထဲကို ကောင်းမွန်တဲ့အရာတခု ယူဆောင်ဖို့ရန် လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒါတောင် မှ “ကောင်းတယ်” ဆိုတဲ့အရာကို တိုင်းတာတဲ့တခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ရဲ့ လုပ်ဖို့ ကြံရွယ်ထားတဲ့ ရွေးချယ်မှုတွေကိုဆန်းစစ်နိုင်တဲ့ လူ့အဖွဲ့အစည်းအယူအဆရဲ့အလွန်မူလအရင်းအမြစ်တခု ဆီကနေ မြစ်ဖျားခံအစပြုခဲ့တဲ့ စံနှုန်း တခု ရှိထားဖို့ပဲဖြစ်တယ်။ ကျေးဇူးတော်ချီးမွမ်းစရာတခုက ကျွန်တော် တို့မှာ ကောင်းခြင်း ဆိုတာကိုတိုင်းတာနိုင်ဖို့ မှန်ကန်တဲ့ ပေတံတခုရှိနေပါတယ်။ အဲဒါကတော့ သဘာဝ နိယာမတရား နဲ့ သမ္မာကျမ်းစာက တဆင့်ကျွန်တော်တို့ကို ပေးသနားတော်မူတဲ့ ထာဝရဘုရားရဲ့ ဖွင့်ပြတော် မူခြင်းပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေအနေနဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘာဖြစ်တယ်၊ ဘာနဲ့တူတယ် ဆိုတာကို သိထားကြသင့်ပါတယ်။ သမ္မာတရားအပေါ်မှာ အခြေမခံဘဲ ခံစားမှုပေါ်အခြေပြုထားတဲ့ “ချစ်ခြင်းမေတ္တာ” ကို လူ့အဖွဲ့အစည်းယဥ်ကျေးမှုအတွေးအခေါ်နဲ့ ယှဥ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံလာအောင် လှည့်စားတဲ့အရာတွေကနေ ကျွန်တော်တို့ ရှောင်ရှားဖို့လိုအပ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ “ချစ်ခြင်းမေတ္တာ” အကြောင်းကို ရှင်မဿဲခရစ်ဝင် ၂၂ : ၃၅ မှာ ဖာရိရှဲတွေမေးခဲ့တဲ့ “ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်း” ဆိုတဲ့ မေးခွန်းကို သခင်ယေရှု ပြန်ဖြေခဲ့တဲ့ အပြန်အလှန်ပြောကြတဲ့ စကားတွေထဲမှာ ပါဝင်တဲ့ယူဆချက်တွေကို ရိုးရိုးလေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သခင်ယေရှုရဲ့ အဖြေကို အခန်းငယ် ၃၇-၄၀ မှာတွေ့ရပါတယ်။
သခင်ယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊– ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။– ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။
နာမည်ကြီးလောကီဝါဒီတွေ လက်ခံနိုင်လောက်တဲ့အချက်က ဒီအချက်ပဲဖြစ်ပါတယ်။ “ဟုတ်တယ်၊ မှန်တယ်၊ ချစ်ခြင်းမေတ္တာဟာ တန်ဖိုးအကြီးမားဆုံးအရာပဲ။ ကြည့်ပါလား၊ ခရစ်တော်ကိုယ်တော်တိုင် မိန့်မူခဲ့တာ။ မင်းတို့ခရစ်တော်ရဲ့နောက်လိုက်တွေဆို ပိုပြီးတော့တောင် လူတွေကိုချစ်ရဦးမှာ။ သူတို့ရဲ့ ဘဝနေထိုင်မှု ရွေးချယ်ပုံတွေ၊ ယုံကြည်ချက်တွေက မင်းတို့နဲ့မတူရုံနဲ့ သူတို့ကို မဝေဖန်သင့်ဘဲ လက်ခံ ပေးသင့်တယ်မဟုတ်ဘူးလား။ “
ဝမ်းနည်းစရာပါပဲ၊ ကျွန်တော်တို့ဟာ “ပါဝင်စေခြင်း”၊ “ရပ်တည်ပေးခြင်း”၊ “ချစ်ခြင်း” စတဲ့ ခေါင်းစဥ်တွေ အပြင် “ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ခေါင်းစဥ်နဲ့တောင် အကျင့်ပျက်နေတဲ့ နေထိုင်မှုပုံစံ ရွေးချယ်မှု တွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေကြတဲ့ ခရစ်ယာန်တွေကို ပိုမိုမြင်တွေ့လာနေရပါ တယ်။
အဲလိုမျိုးသဘောထားကိုခံယူထားတဲ့သူတွေဟာ “ဆိုလိုရင်း”ကိုလည်းနားမလည်၊ ဖာရှိရှဲတွေရဲ့ မေးခွန်း နဲ့ သခင်ယေရှုရဲ့ အဖြေက ဘာကိုယူဆနေသလဲ ဆိုတာကိုလည်း သဘောမပေါက်ကြပါဘူး။ နှစ်ဖက်စလုံးက “ကိုယ်ကျင့်တရားနဲ့ယှဥ်သောသစ္စာတရား” ဆိုတာဟာ နားလည်သိရှိနိုင်တဲ့အရာလို့ ယူဆ ထားကြပါတယ်။ ဖာရှိရှဲတွေနဲ့ သခင်ယေရှု နှစ်ဖက်စလုံးက “ချစ်ခြင်းမေတ္တာ” ကို သူတို့ရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေအပေါ် အခြေပြုပြီးတော့ ပြောနေခဲ့ကြတာဖြစ်ပြီး တဦးတယောက်ရဲ့ စိတ်ခံစားမှုအပေါ် ပြောဆိုဆွေးနွေးနေကြတာမဟုတ်ဘဲ ဘုရားဆီကနေတိုက်ရိုက် အစပြုဆင်းသက် လာတဲ့ “ကိုယ်ကျင့် တရားနဲ့ယှဥ်သောသစ္စာတရား” ရဲ့ ရှင်းလင်းတဲ့ ဖွင့်ပြချက်ကို ပြောနေကြတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မေးခွန်းက “ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်း” ဆိုတာပဲဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ မေးရမှာက သူတို့ နှစ်ဖက်စလုံး ဘယ်ပညတ်ကို ရည်ရွယ်ပြီးပြောနေကြတာပါလဲ? ဟုတ်ပါတယ်၊ အဖြေက အစ္စရေးလူမျိုးတွေကို ဘုရားကပေးခဲ့တဲ့ ပညတ်တရားကိုပြောနေကြတာပဲဖြစ်ပါတယ်။ ပြီးတော့ အဲဒီပညတ်ကရော ဘယ်ကနေအစပြုခဲ့တာပါ လဲ? ဘုရားဆီကပဲဖြစ်ပါတယ်။ တနည်းအားဖြင့် သင်ဟာဘုရားကို ချစ်ချင်တယ်၊ပြီးတော့ သူတပါးကို လည်းချစ်ချင်တယ်ဆိုရင် ဘုရားကအစ္စရေးကို ပေးထားတဲ့ ပညတ်ထဲကအရာတွေကိုသာ အသေးစိတ် လုပ်ရတော့မှာပဲဖြစ်တယ်။ အခန်းငယ် ၄၀ မှာ သခင်ယေရှုက “ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။” လို့ပြောခဲ့တဲ့အတိုင်း ၎င်းဟာ ပုဂ္ဂလိကထင်မြင်ယူဆချက်တခု မဟုတ်ဘဲ ဘုရားထံကနေ လူသားဆီကို ဖွင့်ပြပေးတဲ့ ဖွင့်ပြချက်ကိုသိရှိဖို့ရန် နဲ့ ရယူနိုင်ဖို့ဖြစ်စေတဲ့ ရှင်းလင်းတဲ့ စွမ်းရည်အပေါ်မှာ အခြေပြုထားတဲ့ အရာ ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင်တော့ ဘုရားကိုချစ်ပြီး လူအချင်းချင်းချစ်တာဟာ ဘုရားရဲ့ပညတ် ကို နာခံလိုက်လျှောက်တာပါပဲ။
အဲဒါကတော့ လက်ရှိ ထင်ရှားကျော်ကြားတဲ့ လောကီဝါဒအမြင်တွေက ငြင်းပယ်ထားတဲ့ လူသားတွေ အတွက်ဖွင့်ပြချက်ပဲဖြစ်ပါတယ်။ လူကြိုက်များတဲ့ လောကီဝါဒအရ ဘုရားဆိုတာဟာ ရှိချင်ရှိမယ် မရှိချင်လည်းမရှိဘူး ဒါပေမယ့် ဘုရားဟာဘယ်သူဖြစ်လဲဆိုတာတော့ ငါတို့သေချာမပြောနိုင်ဘူး၊ သူဘာ အလိုရှိသလဲဆိုတာပိုလို့တောင် ပြောရခက်ဦးမယ်။ ဒါကြောင့်ပဲ “ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အတွေး အခေါ်ဟာ လတ်တလောလူ့အဖွဲ့အစည်းက တွန်းပို့နေတဲ့ အယူဝါဒလှိုင်းတွေ လေတွေ ခေါ်သွားရာ အတိုင်းပေါလော မျှောနေတာပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ ဟာ ဆိပ်ကမ်းကနေ လွတ်ထွက်မျှောပါ သွားပြီး ဟိုဟိုသည်သည် ဦးတည်ရာမဲ့ မျှောနေတဲ့ သင်္ဘောတစင်းလို ဖြစ်လာပါတယ်။ ခရစ်ယာန် မဟုတ်တဲ့ အခြားသော လောကီဝါဒီတွေက ဒီလိုအယူအဆကိုလက်ခံတာဟာ ကျွန်တော်တို့အတွက် အံ့သြစရာမဟုတ်ပေမဲ့ ခရစ်ယာန်လို့ပြောနေတဲ့ သူတွေကိုယ်က ဒီလိုအမြင်ကို လက်ခံတာကတော့ အံသြဖို့ကောင်းပါတယ်။ ဒါဟာလည်း ခရစ်ယာန်အများစုက ကျမ်းစာကိုမဖတ်တဲ့အတွက် ကျမ်းစကား တွေမှာ ဘာတွေပြောထားလဲဆိုတာ မသိကြတာလည်း တစိတ်တပိုင်းပါပါတယ်။ သူတို့တွေဟာ လောကီဝါဒီတွေဆီကနေ ပေါက်ဖွားလာတဲ့ မှားယွင်းတဲ့သြဝါဒ လေ လှိုင်း တွေကြောင့် လွယ်လွယ်နဲ့ပဲ လမ်းလွဲသွားဖို့ဖြစ်တတ်ပါတယ်။ အချို့သော ခရစ်ယာန်လို့ပြောနေတဲ့ သူတွေဟာ သူတို့ သခင်ယေရှုကို ယုံကြည်ကြောင်းဝန်ခံထားပေမယ့် သူတို့ရဲ့အတွင်းစိတ်ကတော့ တကယ်ပဲ လောကီဝါဒီတယောက် ဖြစ်နေပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား အပြုအမူတွေက တခြားလောကီဝါဒီတွေလိုပဲ အနက်ရှိုင်းဆုံး နေရာကနေထွက်ပေါ်လာတဲ့ ခံယူချက်တွေက ခရစ်ယာန်တို့ရဲ့ယုံကြည်မှု ထက် လောကီလူ့အဖွဲ့အစည်း ရဲ့ခံယူချက်အပေါ်မှာသာ ကြီးမားစွာ ဖြစ်တည်နေပါတယ်။
ခရစ်ယာန်တွေအနေနဲ့ကတော့ ကျွန်တော်တို့ ဟာ တကယ်ပဲ ခရစ်ယာန်အစစ်ဆိုရင် လက်ရှိကျွန်တော် တို့ လူ့ အဖွဲ့အစည်း ယဥ်ကျေးမှု အယူအဆတွေထက် သခင်ယေရှုဘုရားကိုယ်တော်တိုင်ရဲ့ နှုတ်ထွက် စကားဖြစ်တဲ့ သမ္မာကျမ်းစာသွန်သင်ချက်ကို လက်ခံရပါမယ်။ ကျွန်တော်တို့မြင်သမျှ ကြားသမျှအရာ အားလုံးကို ဘုရားရဲ့ဖွင့်ပြချက်ပေတံ နဲ့ တိုင်းတာရပါမယ်။ ဒီလိုမှမလုပ်ရင်တော့ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ ပုံသဏ္ဍာန်နဲ့အညီ ပြောင်းလဲ လာနိုင်မှာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ နဲ့ အခြေခံကျတဲ့ သဘောထားကွဲလွဲမှုတွေ အပါအဝင် အမျိုးမျိုး သော မှားယွင်းတဲ့အယူအဆတွေကို ဆောင်ယူဖို့ ဖြစ်သွားပါလိမ့်မယ်။
ကိုးကား
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။