Skip to content

☘️🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

Following your God-Given Destiny

ရှေးမကျလှသည့် အတိတ်တချိန်က (not long ago) …

သိပ်မဝေးလှသည့် (not far away) …

“ရင်းနှီးကျွမ်းဝင်ရာ” (The Land of Familiar) ဆိုသည့်တိုင်းပြည်တပြည်တွင် 

“သာမန်လူလေး” (Ordinary) ဟု အမည်ရသော “အညတရ” (Nobody) တဦး နေထိုင်အသက်ရှင်ခဲ့သည်။

သာမန်လူလေးအတွက် နေ့ရက်တိုင်းသည် အပြောင်းအလဲ ထူးထူးထွေထွေမရှိပေ။ နံနက်တိုင်း အိပ်ယာထ၍ သူအလုပ်လုပ်သည့် “ပုံမှန်” (Usual Job) အလုပ်ရုံတွင် အလုပ်ဆင်းသည်။ 

အလုပ်မှပြန်လာ၍ အိမ်ပြန်ရောက်သောအခါတွင်လည်း ညနေတိုင်းလိုလို စားနေကျ ညနေစာကိုစားသည်။ ထို့နောက်ထိုင်နေကျ ပက်လက်ကုလားထိုင်ပေါ်တွင် အမောပြေထိုင်ရင်း တရွာတည်းသားများဖြစ်ကြသည့် “အညတရများ” (nobodies) များအားလုံးကို ဖမ်းစားထားသော သေတ္တာတလုံးကို ကြည့်ရင်း တရက်တာကိုကုန်လွန်စေတတ်သည်။ တည၌ “သာမန်လူလေး” (Ordinary) သည် ကြီးကျယ်ခမ်းနားသည့် အိပ်မက်တခုကို မြင်မက်ခဲ့သည်။ အိပ်မက်က “မင်းလို ‘အညတရ’ တဦးဟာ တမူထူးခြားပြီး ကြီးကျယ်ခမ်းနားတဲ့အရာတွေကို စွမ်းဆောင်နိုင်သူဖြစ်ဖို့ ဖန်ဆင်းခံထားရတာပါ” ဟု သူ့အားဆိုသည်။ 

“သာမန်လူလေး” အိပ်ယာမှ ချက်ခြင်းခုန်ထလိုက်ရာ ပြတင်းပေါက်ဘောင်တနေရာတွင် ငှက်တောင်မွှေးဖြူ ကလောင်တံလေးတခု တင်ကျန်နေသည်ကို တွေ့ခဲ့သည်။ မည်သည့်နေရာမှ ရောက်လာ၍ မည်သည့်အဓိပ္ပါယ်ဆောင်နေပါသနည်းဟု အံ့အားသင့်စွာတွေးရင်း သူ့ထံသို့ “အိပ်မက်ပေးသူ” (The Dream Giver) လာရောက်လည်ပတ်သွားခြင်းပင်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေသည်။

ထိုသို့ ကြီးကျယ်ခမ်းနားသည့် အိပ်မက်မျိုးကို “ရင်းနှီးကျွမ်းဝင်ရာပြည်” တွင် နေထိုင်ကြသော “အညတရ” များအားလုံး ကိုယ်စီမြင်မက်ဖူးကြသော်လည်း ရယ်စရာပုံပြင်များအဖြစ်ဖြင့်သာ အဆုံးသတ်သွားတတ်သည့် အကြောင်းကို “သာမန်လူလေး” ငယ်စဉ်ကတည်းက ကြားဖူးနားဝရှိခဲ့သည်။ သို့သော် ထိုကဲ့သို့အိပ်မက်မျိုး သူ့ထံ ရောက်လာလိမ့်မည်ဟု လုံးဝ မတွေးထင်ခဲ့ပေ။

“သာမန်လူလေး” လည်း သူ၏ အိပ်မက်ကို အမှန်တကယ်အစပြုနိုင်ရန်အတွက် အလုပ်များကြိုးစားလုပ်ကိုင်နေခဲ့သလို အချိန်များလည်း တရွေ့ရွေ့ကုန်ဆုံးလာသည်။ အလွန်တရာခက်ခဲလှသည့် ရွေးချယ်မှုအမျိုးမျိုးကိုလည်း ဆုံးဖြတ်ရွေးချယ်ခဲ့ရသည်။ ကြီးမားသည့် စွန့်လွှတ်မှုများကိုလည်း သူကြုံတွေခဲ့ရသည်။ ထိုသို့ဖြင့် သာမန်လူလေးမှာ သူ၏အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် အဆင်သင့်ဖြစ်လာခဲ့သည်။ 

ခရီးမစတင်မီည …

“သာမန်လူလေး” သည် သူ၏ အိပ်မက်အား အမြဲသတိရမိနေစေရန် အဖြူရောင်ကလောင်တံ ငှက်မွှေးအဖြူလေးအား သူ၏အဆောင်ကဲ့သို့ အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။ ထို့နောက်မှတ်စုစာအုပ်တအုပ်ကို ယူကာ ထိုစာအုပ် မျက်နှာဖုံးပေါ်တွင် “ကျွန်ုပ်၏ အိပ်မက်ခရီး” ဟုအမည်ပေးရေးသားလိုက်သည်။ 

နောက်တနေ့နံနက် …
နိုးနေကျအချိန်၌ပင် “သာမန်လူလေး” အိပ်ယာမှ နိုးထလာခဲ့သည်။ သို့သော် “ပုံမှန်” အလုပ်ရုံသို့ အလုပ်မဆင်းတော့ဘဲ သုံးနေကျအဆောင်များနှင့် မနေ့ညကတည်းက ပြင်ဆင်ထားသည့် အထုပ်အားကောက်ယူလိုက်သည်။ သူ၏မှတ်စုစာအုပ်နှင့် မှင်ဗူးကို တပါတည်းပေါင်းထည့်ခဲ့သည့်အပြင် အထုပ်အား မချည်ခင် အဖြူရောင်ငှက်မွှေးလေးအား သေချာဂရုတစိုက်ထည့်ထားခဲ့သည်။ ဤသို့ဖြင့် “အညတရ” များအားလုံးအခြေချနေထိုင်ကြသော သက်တောင့်သက်သာရှိလှသည့် “ရင်းနှီးကျွမ်းဝင်ရာပြည်” မှ ထွက်လာခဲ့သည်။ မည်သည့် “အညတရ” ကမျှ ကျော်လွန်၍ မနင်းလျှောက်ဖူးသေးသည့် နယ်နိမိတ်ဆီသို့ “သာမန်လူလေး” ဦးတည်နေခဲ့ပြီဖြစ်သည်။

———————————————

သက်တောင့်သက်သာရှိလှသည့် “ရင်းနှီးကျွမ်းဝင်ရာပြည်” (The Land of Familiar) က ဤ “အညတရ” (nobody) ဖြစ်သော “သာမန်လူလေး” (Ordinary) ကို သင် အကျွမ်းတဝင်ရှိသလိုလို ဖြစ်နေပါသလား။ မှန်ပါသည် … ဤ “သာမန်လူလေး” မှာ ဤစာကို ဖတ်နေသူ “သင်” ပင်ဖြစ်သည်။ လူတဦးစီတိုင်းသည် မိမိဘဝနှင့်စပ်ဆိုင်သည့် အိပ်မက်တခုစီနှင့်အတူ မွေးဖွားလာကြည်သည်ဟု သင်ယုံကြည်ပါသလား။ သင် မမွေးဖွားခင်ကပင် သင်၏ မျိုးရိုးဗီဇ၊ အသွေးအသား၊​ ကလာပ်စည်းများက သင်၏ဆန်းကျယ်လှသည့်အထုံဝါသနာနှင့် အရည်အချင်းများကို ဖော်ပြပေးနေသလို ဆန်းကျယ်သည့် ကိုယ်ပိုင်အိပ်မက်တခုသည်လည်း သင်၏ အထဲတွင် ကိန်းအောင်းနေခဲ့သည်။ အကယ်စင်စစ် ဤကမ္ဘာပေါ်တွင် သင်သည် သင်၏အိပ်မက်အား တဦးတည်းပိုင်ဆိုင်ထားသောပုဂ္ဂိုလ်ဖြစ်သည်။ ဤစာအုပ်တွင် အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် “ရင်းနှီးကျွမ်းဝင်ရာပြည်” မှ ထွက်ခွာလာပြီးသည့်နောက်

  • သာမန်လူလေး၏ နယ်မြေစပ်ကြားအရောက် အတားအဆီးများနှင့်တွေ့ဆုံခြင်း 
  • သာမန်လူလေး၏ “အချိန်ဖြုန်းခြင်း” ဟူသည့် သဲကန္တာရနယ်ထဲသို့ ခြေချလေခြင်း
  • သာမန်လူလေး၏ သန့်ရှင်းမြင့်မြတ်ရာဌာနတော်၌ “အိပ်မက်ပေးသူ” (The Dream Giver) နှင့်တွေ့ဆုံခြင်း
  • သာမန်လူလေး၏ လူ့ဘီလူးကြီးများကြီးစိုးနေထိုင်ရာ ကန့်သတ်နယ်မြေထဲသို့ ရောက်ရှိသွားခြင်း
  • သာမန်လူလေး၏ ကတိတော်ထားတော်မူသော တိုင်းပြည်၌ ပေးဆပ်အသက်ရှင်ခြင်း

စသဖြင့် ဘာသာပြန်သူ၏ လှပသော မြန်မာစာအသုံးအနှုန်းများနှင့်အတူ ဤ “အိပ်မက်ပေးသူ” (The Dream Giver) စာအုပ်လေးကို ဝယ်ယူဖတ်ရှုအားပေးရင်း “သာမန်လူလေး” နှင့်အတူ “အိပ်မက်ခရီး” နှင်ကြပါစို့။

———————————————

မူရင်းစာရေးဆရာ – Bruce Wilkinson with David & Heather Kopp

မျက်နှာဖုံးဒီဇိုင်း    – သခင့်သစ်ခက်

ထုတ်ဝေခြင်း     – မတ်လ၊ ၂၀၂၂

ဖြန့်ချိရေး     – သခင်၌ တည်သော စပျစ်နွယ်များ (Abiding Branches of the VINE ~ ABV)
      (Christian Literature and Translation Ministry)

ရရှိနိုင်သောနေရာ  – ABV Bookstore (09 400305719, 09 421095608, 09 452979852)

ဘာသာပြန်သူ       – Luke Lian (ဤ စာအုပ်ကို ဘာသာပြန်သူ ဆရာ Luke Lian သည် λόγος (ThyLogos) ကို တွဲဖက်တည်ထောင်သူတဦးလည်းဖြစ်ကြောင်း အသိပေးလိုပါသည်)

အုပ်ရေ                 – ၁၀၀၀ ( အုပ်ရေ ၁၀၀၀ ဟုဆိုသော်လည်း လက်ရှိအချိန်တွင် ABV Bookstore ၌ In Stock အုပ်ရေ ၆၀၀ သာ ကျန်ရှိတော့သည်ဖြစ်၍ လက်မနှေးစေလိုပါ)

စာမျက်နှာ             – ၂၅၀

တန်ဖိုး                   – ၅၀၀၀ ကျပ် (အက်ဒမင် အနေနဲ့ ဤစာအုပ်တအုပ်လုံးအား ဖတ်ရှုပြီးသည့်နောက် စာအုပ်တန်ဖိုးသည် ကျပ်ငွေ ၅၀၀၀ ထက်ပင် ပိုများသင့်သည်ဟုပင် ခံစားရလောက်အောင် ကောင်းလှပါသည်။ ဖတ်ရတာ တန်ပါသည်ခင်ဗျာ)

λόγος (ThyLogos) စာဖတ်သူများသည်လည်း မိမိတို့၏ အိပ်မက်ကိုယ်စီများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရုံသာမက အထူးသဖြင့် “အိပ်မက်ပေးသူ” (The Dream Giver) ဘုရားသခင်၏ အလိုတော်ကိုဆောင်လျက် ဘုန်းတော်ထင်ရှားစေသောသူအယောက်အတိုင်းဖြစ်မည်အကြောင်း သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ အာမင်။

စင်စစ် ဤ λόγος (ThyLogos) Ministry နှင့် Website သည်ပင်လျှင် “အညတရ” (nobody) ဖြစ်သော “သာမန်လူလေး” (Ordinary) တဦး၏ ကြီးကျယ်ခမ်းနားသည့် အိပ်မက်ကလေးမှ လက်တွေ့အကောင်အထည်ပေါ်လာခြင်းဖြစ်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ရန် “ရင်းနှီးကျွမ်းဝင်ရာပြည်”မှ ကိုယ်စီထွက်ခွာလာခဲ့ကြသော အခြားသော “အညတရများ” (nobodies) နှင့်အတူ စုပေါင်း ဆက်ကပ်လုပ်ဆောင်ရင်း Non-profit Chrisitian Apologetics အဖွဲ့အစည်းငယ်လေးတခု လွန်ခဲ့သည့် ၃ နှစ်နီးပါးအချိန်က မွေးဖွားလာနိုင်ခဲ့ကာ “အိပ်မက်ပေးသူ” ၏ ကျေးဇူးတော်အားဖြင့် ယခုကဲ့သို့ ဆက်လက်ရပ်တည်နေနိုင်ခြင်းပင်ဖြစ်ပါတော့သည်။ ထို “အညတရများ” အား “အိပ်မက်ပေးသူ” ၏ နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသတည်း။​ အာမင်။

#λόγος #ThyLogos 

#ABV_Bookstore #TheDreamGiver_BruceWilkinson_with_David_N_HeatherKopp #LukeLian #အိပ်မက်ပေးသူ