Skip to content

ကိုယ်ချင်းစာတယ်” ဆိုတဲ့စကားလုံးကို လူတိုင်း သုံးတတ်ကြပါတယ်။ ငါမင်းနဲ့ထပ်တူထပ်မျှ ခံစားရပါတယ်၊ ငါကိုယ်ချင်းစာပါတယ်၊ စသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ဒီလိုပဲ မင်း ကိုယ်ချင်းမစာမနာ မ​ပြောပါနဲ့၊ လူ​တွေက ကိုယ်ချင်းမစာကြဘူး စသဖြင့်ကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။

ကျွန်​တော်တို့ ကိုယ်တိုင်သည်လည်း သူတပါး၏ ကိုယ်ချင်းစာ​ပေးခြင်း၊ ဝင်​ရောက်ခံစား​ပေးခြင်း​တွေကို ​တောင့်တတတ်ကြတယ်၊ တကယ်လည်း လိုအပ်တယ်။ ဒါ​ပေမယ့် လူ​တွေက ဘယ်​လောက်နားလည်တယ်​ပြော​နေပါ​စေ၊ ဘယ်​လောက် ကိုယ်ချင်းစာပါတယ်၊ ဘယ်​လောက် ထပ်တူနာကျဥ်ရပါတယ်လို့ ​ပြော​နေပါ​စေဦး​တော့ တခါတ​လေမှာ​ ဘယ်သူမှ နားမလည်နိုင်ဘူးလို့ ခံစား​နေရချိန်​တွေ၊ ဘယ်သူမှ နားလည်မ​ပေးနိုင်တဲ့ အချိန်​တွေလည်း ရှိ​နေတတ်တယ်။ 

စာနာခြင်း၊ ကိုယ်ချင်းစာခြင်း “Sympathy” ဆိုတဲ့ စကားလုံးကို ၁၅၀၀ပြည့်နှစ်အလွန် အလယ်ပိုင်း​လောက်တွင် ဝင်​ရောက်လာပြီး​တော့ တွင်ကျယ်စွာသုံးလာကြပါတယ်။ “Sympathy” ဆိုတဲ့ ဒီစကားလုံးကို​ အခြားလူ၏ ကြုံ​တွေ့ရ​သော အခက်အခဲပြဿနာ၊ ငို​ကြွေးခြင်း၊ နာကျဥ်ခံစားရခြင်း​၊ စသဖြင့်တွေကို ကိုယ်ချင်းစာတယ်၊ သနားတယ်၊ စာနာတယ်ဆို​သော ​နေရာတွင် အသုံးပြုပါတယ်။ ကျွန်​တော်တို့ သုံး​နေကြ စကားလုံးဖြစ်တဲ့ ကိုယ်ချင်းစာတယ်​ပေါ့။ ဥပမာ​ပေါ့ အ​ခြေအ​နေ အ​ကြောင်းမလှစွာ ​နေထိုင်ရသူ​တွေကို သနားတယ် ဒါ​ပေမယ့် တကယ်​တော့ သူတို့ရဲ့ ခံစားချက်ကို ​သေ​သေချာချာ နားမလည်ဘူး၊ မသိဘူး။

Feelings of sorrow for someone else who is experiencing misfortune. You feel bad for them but you don’t know what it is like to be in their shoes.
​နောက်ထပ် စကားလုံးတစ်လုံးက​တော့ ကိုယ်တိုင်ဝင်​ရောက် ခံစားခြင်း ဖြစ်ပါတယ်။ “Empathy” ပဲဖြစ်ပါတယ်။ သူက​တော့ ၁၈၀၀ပြည့်နှစ် နှောင်းပိုင်းမှသာ စတင်သုံးလာတာဖြစ်ပြီး၊ “Sympathy” ထက် နှစ်​ပေါင်း ၃၀၀​ ​နောက်ကျပါတယ်။ “Empathy” က​တော့ ကိုယ်ချင်းစာတယ်ဆိုတာထက် ပိုမို​လေးနက်ပြီး​တော့ ထပ်တူခံစား​ပေးခြင်း၊ ထပ်တူ နာကျဥ်ခြင်း၊ အတူတူ ခံစား၍ ငို​ကြွေးခြင်း၊ သူတပါးအား နားလည်ခံစား​ပေးနိုင်စွမ်းရှိခြင်း၊ ဆို​သော ​လေးနက်တဲ့ အဓိပ္ပါယ်သက်​ရောက်ပါတယ်။ (The ability to understand and share the feelings of another.) ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

As you get older, you have more respect and empathy for your parents. Now I have a great relationship with both of them.

“Sympathy, Empathy” ဆို​သော စကားလုံးနှစ်ခုလုံးသည် “Greek” ဘာသာစကား “páthos” မှဆင်းသက်လာပြီး “Suffering, Feeling” ဟုအဓိပ္ပါယ်ရသည်။ ဥပမာဆိုရရင်တော့ …
Sympathy is feeling compassion, sorrow, or pity for hardships that another person encounters.
Empathy is putting yourself in the shoes of another, which is why actors often talk about it. 

ရောမဩဝါဒစာ ၁၂:၁၅
ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို၎င်း ပြုကြလော့။ 

ကျွန်​တော်တို့ ယုံကြည်သူ​တွေက “Empathy” ကဲ့သို့ (ကရုဏာ၊ စာနာရိုင်းပင်းတတ်မှု​တွေနှင့်) “Compassion” ဖြစ်ကာ ကိုယ်တိုင်ဝင်​ရောက်ခံစား​ပေးသကဲ့သို့ ​မေတ္တာပြရမည်မဟုတ်ပါလား။ ဝမ်း​မြောက်​သောသူနှင့် အတူ ဝမ်း​မြောက်ခြင်း၊ ငို​ကြွေး​သောသူနှင့် အတူငို​ကြွေးခြင်းသည် ​မေတ္တာ​ပေါ် အ​ခြေမခံလျှင် မည်သို့ ဝင်​ရောက်ခံစား​ပေးနိုင်မည်နည်း။ ကျွန်ုပ်တို့ သ​ဘောမကျသူကို လက်မခံခြင်း၊ ကိုယ်လက်အင်္ဂါမစုံသူကို (သို့) အပိုပါသူ​တွေကို လက်မခံခြင်း၊ အသားအ​ရောင်ခွဲခြားခြင်း၊ မနှစ်သက်သူ​တွေကို အသိုင်းအဝိုင်းမှ ဖယ်ကျဥ်ခြင်း၊ လူမျိုး​ရေးခွဲခြားခြင်း​ စသည်တို့သည် ခရစ်​​​တော်ထံ ​ရောက်ရှိ​စေမယ့် အတားအဆီး​တွေဖြစ်ရုံတင်မက​သေးဘဲ ယုံကြည်သူတစ်​ယောက်တွင် မရှိသင့်​သော အရာတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။ 

မိတ်​ဆွေ ယခုမည်သို့ ခံစား​နေရမည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ သို့သော် အချိန်မ​ရွေး ထပ်တူခံစား​ပေးနိုင်တဲ့သူ​တော့ ရှိပါတယ်။ သူက​တော့ ​သခင်​ယေရှုခရစ်​တော်ပဲ ဖြစ်ပါတယ်။ နာကျဥ်ခြင်း၊ ငို​ကြွေးခြင်း၊ သစ္စာ​ဖောက်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ အသိုင်းအဝိုင်းမှ လက်မခံခြင်း၊ မိမိ​နေထိုင်ရာ ပတ်ဝန်းကျင်မှ အထင်​သေးခြင်း၊ အနိုင်ကျင့်ခြင်း၊ နှိပ်စပ်ခြင်း၊ တံတွေး​ထွေးခံရခြင်း၊ စသဖြင့် စိတ်ပိုင်းဆိုင်ရာ​ရော ရုပ်ပိုင်းဆိုင်ရာပါ နာကျဥ်ခံစားခဲ့ဖူးသူပါ။ ဒါ့​ကြောင့် မိတ်​ဆွေ၏ ဖြစ်ခြင်းနှင့် နာကျဥ်ငို​ကြွေး​နေရခြင်းကို သူထပ်တူ နားလည်ခံစား​ပေးနိုင်ပါတယ်။ လူသား​တွေက သင့်ကို ဘယ်လိုပင် ငြင်းပယ်ကြပါ​စေ၊ ဝိုင်းကျဥ်ထားကြပါ​စေဦး​တော့ သခင်​ယေရှုက​တော့ ​နွေး​ထွေးစွာ လက်ကမ်းကြိုလျှက်ရှိတယ် ဆိုတာကို ဘယ်​တော့မှ မ​မေ့ပါနဲ့မိတ်​ဆွေ။
သင်ဘယ်​လောက်အပြစ်များများ၊ သင်ဘယ်​လောက် ​တစ်လောကလုံးနဲ့ဆန့်ကျင်ကာ လွဲမှား​နေပါ​စေ၊ သင့်ကိုမည်သူကမှ လက်မခံ၊ ဝိုင်းကျဥ်ထား​စေဦး​တော့ သင့်ရဲ့ အဆင်​မ​ပြေခြင်း၊ နာကျဥ်ခြင်း၊ ငို​ကြွေးခြင်း၊ စတဲ့ခံစား​နေရတဲ့အရာရာကို သခင်​ယေရှုနားလည်​ပေးနိုင်တယ်၊ ခံစား​ပေးနိုင်တယ်။ သင့်ရဲ့ကျ​နေရတဲ့ မျက်ရည်​တွေကို ထိုသခင်သာ သုတ်​ပေးနိုင်မှာဖြစ်တယ်။ မိတ်​ဆွေ သင့်ကို လူ​တွေနားမလည်နိုင်၊ လက်မခံနိုင်ကြရင်​တောင်မှ သင်နဲ့အတူ ထပ်တူခံစား​ပေးနိုင်​သော၊ နားလည်​ပေးနိုင်​သော၊ သင့်နဲ့အတူတူ နာကျဥ်ခံစားဖူးတဲ့ သခင်​ယေရှုခရစ်​​တော်ကို မြည်းစမ်းကြည့်ပါလို့ ကျွန်​​တော်အား​ပေးချင်ပါတယ်။ 

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ …

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။
Ref: Dictionary.com

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။